Burmese people has spoken out. Mass Boycott Nationwide

timothyNovember 6, 20101min680

နက် ဖန်ခါ ဒီသီတင်းကကမ္ဘာကိုတုန်လှုပ်သွားစေရမယ်။ သန်းရွှေအခက်၊ဗမာ့အချက်တဲ့။ နှစ်ပေါင်းများစွာစစ်ဘိနက်အောက်ပြားပြားဝပ်အောင်ခါးဆီးပြီးခံခဲ့ရတာတွေ၊ ဒီနေ့မှာကျုပ်တို့အလှည့်ပေါ့လေ။ အလှဲ့ကြတော့မနွဲ့စတမ်းပေါ့သန်းရွှေ။

နက်ဖန်ခါရွေးကောက်ပွဲနေ့မှာကျုပ်တို့တခြားဟာကြိုက်တာလုပ်မယ်။ ၂ခု၊ အဲဒီ၂ခုကိုကျုပ်တို့လုံးဝ မလုပ်ဘူး။

၁) မဲမပေးဘူး၊

၂)မဲရုံမသွားဘူး။

၁) ရဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲအတုကိုပေးတဲ့မဲ တစ်ခုမှမရှိဘူး။

၂)ရဲ့ ရည်ရွယ်ချက်က မဲရုံတွေမှာ လူမရှိ၊ ဗလာမဲရုံ။

ကျုပ်တို့ကိုယ့်အသိစိတ်ဓါတ်၊ ရင်ထဲကအလျိုအလျှောက်ပေါက်ဖွါးလာတဲ့စိတ်ဓါတ်နဲ့သပိတ်မှောက်ကြတာဘဲ။

ဒါကျုပ်တို့တဥိးချင်းရဲ့ကိုယ်ပိုင်ဆန္ဒ၊ ဘယ်သူတဦးတယောက်မှလှည့်ပါတ်ချိမ်းချောက်ပြီးလုပ်ခိုင်းလို့မရတို့ယ်ပိုင်စိတ်ဆန္ဒ။ သန်းရွှေဆိုတဲ့ငမိုက်သားနဲ့ဘာမှမဆိုင်၊ဘာမှမလုပ်နိုင်တဲ့ကိစ္စဘဲ။

ဟေ့ကောင်သန်းရွှေ၊ မင်းကငါတို့ကိုအတင်းအဓမ္မမဲထဲ့ခိုင်းဘို့လာစမ်းကြည့်စမ်းပါ။ အဲဒီနေ့မှာငါတို့အားလုံးဟာနင့်ကျွန်မဟုန်တော့ဘူး။

ဖမ်းရဲ၊ရိုက်ရဲရင်လုပ်လိုက်လေ၊ ဒါငါတို့ရဲ့နေ့ဘဲ။ နင်ဘဲဖမ်းနိုင်မလား၊ငါတို့ကဘဲအဖမ်းခံနိုင်မလား၊ ကြည့်သေးတာပေါ့။ နင့်မှာငါတို့ဖါသာမဲမပေးချင်လို့ကိုယ့်ဖါသာကိုယ့်အခွင့်အရေးနဲ့ဘာမှနင့်ကိုမလုပ်ဘဲနေတဲ့ သန်း၂၀၊ အဲဒီသန်း၂ဝကျော်ကိုဖမ်းချုပ်ဘို့၊ သို့လော သို့လောနဲ့နင်ဘာတတ်နိုင်တာရှိလဲ။

မဲမပေးတဲ့လူတွေကိုသေနပ်တွေနဲ့ဒုတ်ဒါးမျက်ရည်ယိုဗုံးတွေနဲ့လုပ်ဘို့အကောက်ကြနေပြန်ပြီလား။ တကမ္ဘာလုံးကနက်ဖြန်နင်တို့စစ်ဖက်ဆစ်တွေကိုမီးမှောင်းထိုးပြီးကြည့်နေကြပြီ။

သံတမာန်တွေလဲအပြည့်ဘဲ၊နင့်ကိုစောင့်ကြည့်နေကြတယ်။

ကမ္ဘာ့အင်အားအကြီးဆုံးသမ္မတ္မ Mr အိုဘားမားလဲ အာရှတခွင်လှည့်လယ်ရင်းနင့်ကိုစောင့်ကြည့်ဘို့ရောက်နေပြီ။ တုန်နေပြီပေါ့။

ဒီ့ထက်နင်ကြောက်စရာအကောင်းဆုံးကတော့ ကမ္ဘာမှာအင်အားတကာ့အင်အားအရာမှာဘယ်သူမှမယှဉ်နိုင်တဲ့ လူထုအင်အား၊ နင်တသက်လုံးစိတ်ကြိုက်ဖိနှိပ်စက်သတ်ဖြတ်ခဲ့တဲ့လူထုအင်အား၊ နင့်မတောက်တခေါက်မီးကျိုးမောင်းပျက်၄သိန်းလောက်မရှိတရှိစစ်ခွေးတွေဘယ်လိုမှမယှဉ်နိူင်တဲ့ သန်း၅ဝ သောလူထုအင်အား၊ လူယဉ်ကျေးများကိုးကွယ်လေးစားကြတဲ့လူထုအင်အား၊နင်ကနလဗိန်းတုံးဖြစ်လို့နားမလည်နိုင်တဲ့လူထုအင်အား၊ နင်ံ့ပထွေး တရုပ်နဲ့ ရုရှားတို့ကတောင်လေးစားအသိအမှတ်ပြုရတဲ့လူထုအင်အား၊ဒီလူထုကြီးကနက်ဖြန်ခါမှာနင့်ကိုပြစ်ဒါဏ်ခတ်ခါတ်လိမ္မယ်။

လူထုရဲ့အင်အားကြီးမားတဲ့အထွေထွေသပိတ်ကြီးကိုနင်ရင်ဆိုင်ရလိမ့် မ္တယ်။

လူထုသပိတ်တပ်ကြီးချီတက်လာပြီ။

ရဲဘော်ရဲဘက်တို့၊

ဒို့ရဲ့အနီးကပ်ဆုံးဘုံရန်သူ ဖက်ဆစ်သန်းရွှေတို့တစုကို လူထုအား၊လူထုအင်အားနဲ့သပိတ်တိုက်စစ်ဆင်ပြီးမိစ္ဆာသန်းရွှေကိုမောင်းထုတ်ဘို့အဆင်သင့်ဘဲမဟုတ်လား။

သပိတ်သပိတ် မှောက်မှောက်။

အရေးတော်ပုံအောင်ရမည်။