ယနေ့ အသိတယောက် ထမင်းချိုင့်ထဲမှ အနှစ် ၂ခုနဲ့ ကြက်ဥ ကိုတွေ့လို့ ဓါတ်ပုံ ရိုက်ယူထားပါတယ်။
သမိုင်း သီရိမြိုင်ဘူတာကတော့ နာမည်ကြီးတယ် အဲဒီ နားက သံလမ်းမှာ ညနေခင်း ရောင်းတဲ့ ဈေးသည် ရောင်းတာ တွေ့လို့ ၀ယ်လာတာလို့တော့ ပြောပါတယ် သာမာန် ကြက်ဥ တလုံး ၁၀၀ကျပ် အနှစ်၂ခု ပါတဲ့ ကြက်ဥ အကြီး ဆို ၁၂၅ကျပ်.. အလုံးပိုကြီးပြီး ၂၅ကျပ်ဘဲ ပိုပေးရလို့ သဘောကျလို့ ၀ယ်ချက်လာတာလို့တော့ ပြောတယ်။ မေးကြည့်တော့ ကြက်ဥ အနှစ် ၂ခုပါတယ်လို့ ဈေးသည်က ပြောပြီးရောင်းတဲ့ အပြင် အနှစ် ၂ခု ပါတဲ့ ကြက်ဥကို တဗန်း ထားပြီး ရောင်းနိုင်တာ အံသြလို့ပါ.. ဘာနည်းပညာတွေ များ ရှိသလဲလို့.. အနှစ် ၂ခုကတော့ ကြက်ဥတွေ မှာ ပါတတ်ပါတယ် အများကြီးဥမှ ၁လုံး လောက်ပါတာ ကို ပေါပေါ များများ ၁ဗန်းစာလောက် ရှိပြီး ခွဲခွဲခြားခြား သတ်သတ် မှတ်မှတ် ရောင်းနိုင်နေလို့ပါ.. မနှစ်က မြန်မာ သတင်း ဠာန တွေမှာ သိကြတဲ့ အတိုင်း ကြက်ဥ အတုတွေ သတိထား မိလို့ပါ.. ထမင်းချိုင့်ထဲမှာ ထည့်လာတဲ့ ကြက်ဥ ဖြစ်နေလို့.. အခွံနဲ့ တွဲ မရိုက်ပေးနိုင်ခဲ့ဘူး.. ချိုင့်ထဲမှာ ကြက်ဥပြုတ်နဲ့ လက်ဖက် ထည့်ထားလို့.. ကြက်ဥ ဖွေးဖွေး မလှုပ် နိုင်ဘူးဖြစ်နေတယ်.. ထူးခြားမယ် ထင်လို့ ပုံတွေ ရိုက်ပြီး ပြလိုက်တယ်။ အမြင်တွေ ဝေဖန်ကြပါအုန်း။ မေးကြည့်တာကတော့ ကြက်ဥ အခွံခွာတော့ အမှေးပါးပါတယ်လို့တော့ ပြောတယ်။ နည်းပညာ စမ်းသစ်တာတွေ များနေတော့.. ကြက်ကို အနှစ် ၂ခု ပါအောင် ဆေးတွေ ဘာတွေ များထိုးထားလေ သလား.. တွေးမိတယ်.. အဲဒီလို ပြုပြင်ဖန်တီး ထားတယ် ဆိုရင်.. စားမိတဲ့ လူလည်း.. ဆက်တောင် မတွေးရဲတော့ဘူး။

About ဆူး

has written 398 post in this Website..