မြန်မာမိခင်က အဲ့လိုလုပ်သင့်သလား သူငယ်ချင်းတို့ရေ……………ဖတ်လိုက်ပါအုံး…………………..

shwepyiayeNovember 9, 20101min867

ကလေးမွေးပြီး စွန့်ပစ်သူ မြန်မာအမျိုးသမီး အမေရိကန်တွင် ထောင် ၃ နှစ်ကျ

Nunu Sung ဟု ခေါ်သော မြန်မာ ဒုက္ခသည်တဦးသည်ကလေးမွေးဖွားပြီး စွန့်ပစ်မှုဖြင့် ထောင် ၃ နှစ် ချမှတ်ခံရသည်ဟု ချီကာဂိုမြို့သတင်းစာ တစောင်၏ အင်တာနက်
စာမျက်နှာ suntimes.com တွင် ယနေ့ ရေးထားသည်။ သူက ကလေး မွေးဖွားပြီး
စွန့်ပစ်ခဲ့ခြင်းကြောင့် အပြစ်ရှိကြောင်း မကြာသေးမီက တရားရုံးတွင်
ထွက်ဆိုခဲ့သည်ဟု ဆိုသည်။ အသက် ၂၅ နှစ်ရှိပြီ ဖြစ်သည်။

အပြစ်ရှိကြောင်းထွက်ဆိုလျှင် ထောင်မှလွတ်ပြီးနောက်ပိုင်း အမေရိကန်တွင် ဆက်လက်နေထိုင်ခွင့်၊ သားဖြစ်သူကို အုပ်ထိန်းပိုင်ခွင့်တို့ ရမည်ကို Nunu Sung က သိရှိကြောင်း
သတင်းတွင် ရေးထားသည်။ ထောင်မကျခင် အာမခံဖြင့် နေစဉ်က အာဏာပိုင်တို့
စောင့်ရှောက်ထားသည့် သူ၏ သားထံသို့ အပတ်စဉ် သွားတွေ့ခွင့် ရခဲ့သည်။ ယခု
ထောင်ဒဏ် ကျခံရစဉ် တနှစ် နှင့် လေးလ အရွယ် ကလေးကို တွေ့ခွင့် ရှိမရှိ
မသိရသေးပေ။ ကလေးမှာ ညီအစ်မ ဝမ်းကွဲ၏ ခင်ပွန်းသည်နှင့် ရရှိသည့် ကလေး
ဖြစ်သည်ဟု သတင်းတွင် ရေးထားသည်။

၂၀၀၉ ဇွန်လ ကလေးမွေးခါနီး အချိန်က လမ်းလျှောက်ထွက်ဦးမည်ဟု ဆွေမျိုးတော်စပ်သူတို့ကို ပြောပြီး ထွက်သွားကြောင်း၊ ပြန်မလာသဖြင့်
ဆွေမျိုးတို့က ရဲကို အကြောင်းကြားခဲ့ကြောင်း၊ နောက်ပိုင်း
သူပြန်ရောက်လာသည့်အခါ ရဲက သူ့ကို စစ်ဆေးနေစဉ် အိမ်နီးချင်းတို့က
ချက်ကြိုးတန်းလန်းနှင့် ကလေး ခြုံပင်များကြားတွင် ငိုနေသည်ကို ရှာဖွေ
တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ မွေးကင်းစ ကလေးသည်
နာရီပေါင်းများစွာ စွန့်ပစ်ခံရသော်လည်း တစုံတရာ ထိခိုက်မှု မရှိဘဲ
အသက်ရှင်ခဲ့သည်ဟု ဆိုသည်။

မေးလ်ကတဆင့်မျှဝေပေးတာနော်…
ဓါတ်ပုံတော့ပါတယ်ခင်ဗျ…
ကာယကံရှင်ကိုအားနာလို့မတင်တော့ပါ…
Posted by ရင်ကွဲချစ်သူ on နိုဝင်ဘာ 8, 2010 at 8:03pm

7 comments

  • noenoe

    November 9, 2010 at 7:00 am

    မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…..မလုပ်သင့်ဘူးလို့တော့မြင်ပေမယ့်..သူ့မှာလဲ သူ့အကြောင်းနဲ့သူ ရှိမှာပေါ့လေ……

  • နီလေး

    November 9, 2010 at 8:00 am

    သူ့မှာလဲ သူ့အကြောင်းနဲ့သူတော့ရှိမှာပါ အလကားသက်သက်တော့မစွန့်ပြစ်လောက်ဘူးထင်တယ်

  • nyeinwailwin

    November 9, 2010 at 8:13 am

    မြန်မာမိခင်မှ မဟုတ်ပါဘူး ဘယ်မိခင်မှ အဲလိုတော့မလုပ်သင့်ပါဘူး . အကြောင်းရင်းကို သေချာမသိတော့ ရက်စက်တယ် လုပ်ရက်တယ်လို့ ပြောနိုင်ပင်မဲ့ စွန့်ပစ်ရတဲ့ မိခင်မှာလဲ အကြောင်းပြချက် ကောင်းကောင်း ရှိနေမှာပါ. ဒီအတိုင်း မလိုချင်လို့ စွန့်ပစ်တယ်ဆိုရင်တော့ မလုပ်သင့်တဲ့ ကိစ္စပါပဲ ..

  • draungkyawkyawoo

    November 9, 2010 at 10:16 am

    ဘယ်လိုနားလည်ရမှန်းတောင်မသိတော့ပါဘူး ။
    ကြင်နာတတ်တဲ့စိတ်မရှိတာလား ။ အတ္တကြီးတာလားပဲ ။

  • cherrywine

    November 9, 2010 at 10:25 am

    သူ့မှာလည်း အကြောင်းရှိမှာပေါ့ ။ ကမ္ဘာမီးလောင်သားတောင်ချနင်းလို့ ဆိုကြ
    တယ်မလား .. (မှားရင်ခွင့်လွှတ်) ။ဒါပေမဲ့ မဖြစ်သင့်တာတော့အမှန်ပဲ။ကိုယ်စိုတ်
    တဲ့အပင် ကိုယ်ပဲပြန်ရိတ်သိမ်းသင့်တယ်မလား ။

  • nyinyiyannaing

    November 9, 2010 at 1:53 pm

    အောက်တိုဘာလ ၁၆ ရက်နေ့က မိုးမခသတင်းပါ။
    အပြည့်အစုံကို ဒီမှာ သွားဖတ်လို့ရပါတယ်။
    “ကလေးမွေးပြီး စွန့်ပစ်သူ မြန်မာအမျိုးသမီး အမေရိကန်တွင် ထောင် ၃ နှစ်ကျ”
    Nung Sung ပုံကိုလည်း တင်ထားပါတယ်။
    http://moemaka.com/index.php?option=com_content&task=view&id=7412&Itemid=83

Leave a Reply