မိုးတိမ် ရီမောပျော်ရွင်ဟာသပုံပြင်

zinmyotunNovember 7, 20101min631

အိမ်ကိုလွမ်းနေရတဲ ့ကျွန်တော်သူငယ်ချင်းတွေအတွက် စိတ်ပြေပျောက်စရာအပန်းဖြေစရာလေးပေါ ့ဗျာ

ပျော်ရွင်မူ ကိုဘီယာတွေအရက်တွေနဲ ့မရှာပါနဲ ့နော် ရီမောစရာဟာသတွေကိုဖတ်ပြီး ရှာတာပိုကောင်းမယ်လိုထင်ပါတယ်

၁။ စိုးရိမ်လို့ပါ..

ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက်မရှိတော့သော လူနာအဖြစ် ဆရာဝန်များ
လက်လျှော့ထားကြသော ကိုမေတ္တာက

ဇနီးသည်ကို ပြောသည်။

ယောက်ျား။ ။”မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ
ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း

ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို
သိသွားချင်တယ်ကွာ.. ငါ့ကို

မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာ ဖောက်ခဲ့ဖူးသလား”

မိန်းမ။ ။”မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ”

၁။ ဗိုလ်ချုပ်ကြီး

အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။

“မောင်ပီတာ၊ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့က လေ့ကျင့်ဖိုု့လေ့ကျင့်ခန်း
စာအုပ်မပါဘဲ ကျောင်းကိုလာတယ်၊ ဒီနေ့ ကျောင်းသုံးစာလုပ် ပါမလာပြန်ဘူး၊
လက်နက်မပါတဲ့ စစ်သားကို ဘယ်လိုခေါ်သလဲ သိလား”

“သိပါတယ်၊ ဗိုလ်ချုပ်ကြီး”

၂။ ဂျက်၊ ကွင်း၊ ကင်း( Jack, Queen, King)

ဆရာမက ကျောင်းသားများကို မေးသည်။
“ကလေးတို့ရေ၊ ဘုရင်စနစ် (Monarchy) ဆိုတာ ဘာလဲကွယ် သိတဲ့လူလက်ညှိုးထောင်ပါ”

ပီတာလေးလက်ညှိုးထောင်သည်။

“ဘုရင်စနစ်ဆိုတာ တိုင်းပြည်ကို ဘုရင်က အုပ်ချုပ်တဲ့ စနစ်ပါ”

“မှန်တယ်၊ ကောင်းပြီ၊ တကယ်လို့ ဘုရင်ကွယ်လွန်သွားရင်ကောကွယ်”

“အဲဒါဆို ဘုရင်မ အုပ်ချုပ်ပါလိမ့်မယ်”

“ဟုတ်ပြီ၊ ဘုရင်မလည်း ကွယ်လွန်သွားရင်ကောကွယ့်”

“အဲဒါဆို ဂျက်ပဲ ကျန်ပါမယ်”

၃။ ကိုယ်ချင်းစာကြည့်ပေါ့

ဆရာမသည် အတန်းသားများကိုခေါ်ကာ တိရစာ္ဆန်ရုံသို့သွားသည်၊ တိရစာ္ဆန်ရုံသို့
ရောက်သောအခါ ကလေးများသည် မျောက်များရှိရာဘက်သို့ ပြေးသွားကြသည်၊ သို့သော်
မျောက်တစ်ကောင်ကိုမှ မတွေ့ချေ၊ သို့နှင့် ဆရာမက တိရစာ္ဆန်ရုံဝန်ထမ်းအား
အကြောင်းရင်းကို မေးရာ ဌင်းက ပြောသည်။

“ဒီလိုပါ အခုချိန်ဟာ မျောက်တွေ မိတ်လိုက်တဲ့ အချိန်ပါ။ အခုလူတွေ
မမြင်အောင် သူတို့ လှောင်အိမ်ထဲ ဝင်နေကြပါတယ်”

ဆရာမသည် ရှက်သွေးဖြာသွားသည်၊ သို့သော် က္ကုန္ဒြေကို ဆယ်လိုက်ပြီး ဝန်ထမ်းကိုပြောသည်။

“ဟုတ်ကဲ့ ကျမနားလည်ပါတယ်၊ ဒါပေမယ့်ရှင်၊ ကလေးတွေက သနားပါတယ်၊ သူတို့ခမျာ
မျောက်ကို တွေ့ဖူးချင်ကြလွန်းလို့ခဏခဏပူဆာ
နေတာနဲ့ ကျွန်မအခု
ခေါ်လာတာရှင့်၊ ဌက်ပျောသီးတွေ ပစ်ပေးပြီး မျှားခေါ်ရင်ကော သူတို့
ထွက်လာမယ်ထင်သလားဟင်”

တိရစာ္ဆန်ရုံဝန်းထမ်းက ပြန်ပြောသည်။

“ကျနော်တော့ သိပ်မထင်ဘူးဗျ။ ကိုယ်ချင်းစာကြည့်ပေါ့ဆရာမရယ်”

ကိုယ်ကျိုးနည်းပါပြီ

ယင်ကောင်မသည် ဆင်တကောင်နှင့် လက်ထပ်လိုက်သည်။ လက်ထပ်ပြီး နောက်တနေ့တွင်
ဆင်သေသွားသည်။ ယင်ကောင်မ ငိုယိုနေသည်ကို မြင်သဖြင့် အိမ်နီးချင်းများက
ဖျောင်းဖျကြသည်။

ဒီလောက်ထိ ကိုယ့်ကိုယ်ကို မညှင်းဆဲပါနဲ့ကွယ်၊ မင်းတို့ နှစ်ယောက်
အတူနေခဲ့ကြရတာလဲ ကြာမှ မကြာဘဲနဲ့

မကြာတာတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် သူ့ကို မြေမြုပ်ဖို့အတွက် ကျမ တသက်လုံး
တွင်းတူးရမှာရှင့် ၊ အောက်မလေး ကိုကိုဆင်ရယ် ၊ ဘယ်သူ့အားကိုးနဲ့
ကျွန်မကို တယောက်တည်း ထားခဲ့ရက်တာတုန်း၊ ဟီးးးးးးး ဟီးးးးး

ဝတ္တုတိုင်း ကောင်းတာမဟုတ်ဘူး

ရထားပေါ်မှ စကားဝိုင်း …….. လူတယောက်က ပြောသည်။

ကျတော့ မိန်းမ ကိုယ်ဝန်ရှိတော့ ‘ကပတိန် နှစ်ယောက် စာအုပ်ဖတ်မိတယ်။
မကြာပါဘူး အမွှာပူး မွေးတာပဲ’

ဒုတိယလူက ထောက်ခံပြောသည်။

“ဟုတ်တယ် ၊ ကျုပ်မိန်းမလဲ မမွေးခင်မှာ ပျင်းလို့ဆိုပြီး ‘လူစွမ်းကောင်း
သုံးယောက်’ စာအုပ်ဖတ်တယ်၊ မွေးတော့ သုံးမွှာပူးဗျ”

တတိယလူ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်ပြီး ရေတောင်းသောက်သည်။

“ဟေ့လူ… ဘာဖြစ်တာလဲ ၊ နေမကောင်းဘူးလား”

“ကျနော့် မိန်းမ ရက်စေ့လစေ့ ဖြစ်နေပြီ၊ တလောကပဲ သူ “အလီဘာဘာနဲ့
ခိုးသားလေးဆယ်”ကို ဖတ်ထားတယ်ဗျာ”

၄) မထူးပါဘူး

ငရဲ နှင့် နတ်ပြည်သွားမည့် တံခါးပေါက်ရှေ့တွင် မိန်းမအားလုံးကို
သိကြားမင်းက စုစည်းစေသည်။

“အားလုံးတန်းစီလိုက်ကြစမ်း၊ ကိုင်း… ဟုတ်ပြီ၊ ကိုယ်ယောက်ျားကို
တကြိမ်တခါလောက်မှ သစ္စာမဖောက်ခဲ့တဲ့သူ ရှေ့တလှမ်းတိုးစမ်း”

မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည်။ သစ္စာရှိသော မိန်းမတစ်ဦးသာ
နေရာမှ မရွှေ့ဘဲ ရပ်နေသည်။ သိကြားမင်းက အမိန့်ပေးလိုက်သည်။

“အားလုံးကို ငရဲပြည်ပို့လိုက်၊ ဟိုဆွံ့အ နားမကြားတယောက်ကိုပါ ပို့လိုက်”

..
အမွေဆက်ခံမိလို့

” ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး ”
” ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။
ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား ”
” ဟင့်အင်း ….. ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ ”

ထင်တာကတခြား

” တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး
လူရှင်းတဲ့နေရာရောက်မှပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား ”
” ဟုတ်ပါတယ် ၊ တရားသူကြီးမင်း ”
” ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ ”
” ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက
ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့မိလို့ပါရှင် ”

တလွဲမထင်ပါနဲ့

” ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် ”
” ဘာဖြစ်လို့လဲဗျ ”
” ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ ”
” ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊
ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့…

ဆရာ့ညွှန်ကြားချက်

” တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ ”
” ဟုတ်ကဲ့ဆရာ ”
” ဘယ်လိုနေလဲကွ ”
” ဘယ်လိုမှ မနေဘူးဆရာ ”
” အင်း ….. ဒါဆို ကျန်တဲ့တစ်စကဗို့အား ၂၀၀ဝ ရှိတဲ့ကြိုးပဲ…။

လိုချင်ရင်ပြောပါ

” ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊
အရိုးနဲ့အရေခွံချည်းပဲ ”
” ဘာလဲ ၊ ကြက်ကို အမွေးနဲ့ လိုချင်လို့လား

ပိုင်ချက်က ကမ်းကုန်

“အဖေရယ်…အဖေက အသည်းခြောက်နေတာကို ဘာလို့ အေအိုင်ဒီအက်စ်နဲ့ သေရမှာလို့
လျှောက်ပြောနေတာလဲ”
“ဒါမှ ငါမရှိတော့တဲ့နောက်ပိုင်း မင်းအမေကို ဘယ်သူမှ မကြံမှာပေါ့ဟ”

One comment

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 7, 2010 at 11:04 am

    ၂။ ဂျက်၊ ကွင်း၊ ကင်း( Jack, Queen, King)

    judge = တရားသူကြီး

Leave a Reply