လေလွင့်သူ (သို့မဟုတ်)အတ္တအော်သံ

naywoon niNovember 7, 20101min500

လေလွင့်သူတဲ့

ကဲ့ရဲ့မှုရဲ့လှံသွားဟာ

(ငါ့ရဲ့)လွတ်လပ်မှုနှလုံးသားကို

အညှိုးကြီးစွာထိုးနှက်နေကြရဲ့။ ။

တွေ့ရပြန်ပြီ

နီရဲတဲ့ကောင်းကင်အောက်က

သိုးပေါက်စတွေ

နေရာအနှံ့ ့အပြားမှာ

သဘာဝတရားကပက်ကြဲထားတယ်။ ။

နားထဲဝင်ရောက်ထိုးဖောက်

အတ္တရဲ့စိတ္တဇအော်သံဟာ

အိပ်မောကျနေတဲ့ညကိုလန့်နိုးစေတယ်။ ။

ပြန့်ကျဲနေတဲ့ပြာစများ

ကွာဟမှုနေရောင်အောက်မှာ

အရိပ်ရှာနေကြ။ ။

( အလို )

နေကျဲကျဲအောက်မှာ

ငါတစ်ယောက်ထဲပါလား။ ။

@ @ နေဝန်းနီ