ဂန္ဓမာပန်းအလှပြပွဲ

weiweiNovember 7, 20105min18119

ပန်းကလေးတွေကို ဓါတ်ပုံရိုက်ဖို့ ဝါသနာပါတာကိုသိတဲ့ တရုတ်သူငယ်ချင်းတစ်ယောက်က ဂန္ဓမာပန်းပြပွဲလုပ်နေတဲ့အကြောင်း ကျွန်မကို သတင်းပေးလာပါတယ်။ ကျွန်မလဲ ချက်ခြင်းပဲ ကင်မရာယူပြီး သွားရိုက်ခဲ့ပါတယ်။ ခါတိုင်းတုန်းကတော့ အပျော်သဘောပေမယ့် ဒီကနေ့ ရိုက်ခဲ့တာကတော့ သတင်းထောက်စိတ်လဲပါတာပေါ့။ ရတနာပုံသတင်းစာကြည့်တဲ့သူတွေ ပန်းလှလှလေးတွေ ကြည့်ရအောင်ဆိုတဲ့ စေတနာနဲ့ ရိုက်ကူးတင်ပြထားတာပါ။ ဒီနေ့ နေ့လည်ကမှ ရိုက်ထားလို့ အသစ်စက်စက်ဓါတ်ပုံတွေပါ။ အခုလို ဆောင်းရာသီစဝင်တဲ့အချိန်မှာ ဂန္ဓမာတွေလှိုင်လှိုင်ပွင့်ပြီး နှစ်စဉ် ပြပွဲကျင်းပလေ့ရှိပါတယ်။ အပျင်းပြေ ဖွင့်ကြည့်လိုက်ကြပါအုန်း ….

19 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 7, 2010 at 12:39 pm

    ကျေးဇူးတင်ပါတယ် ဒါနဲ ့ အပေါ်ဆုံး
    အနီရောင် ပန်းနှစ်ချုံက ဘာလုပ်နေတာလဲဟင်

  • weiwei

    November 7, 2010 at 12:44 pm

    ရွာသူရွာသားတွေထဲက သိတဲ့သူများ ဖြေပေးလိုက်ကြပါ …

  • bigcat

    November 7, 2010 at 1:25 pm

    အဲဒါ ဘက်ထရီချာချင်သွင်းနေတယ် ခေါ်တယ်ကွဲ့။

    • windtalker

      November 20, 2011 at 9:25 pm

      ချာချင် တစ်ခါသွင်းရင် ၊ အချိန်ဘယ်လောက်ကြာအောင် သုံးလို ့ရလဲ..ဟင်

  • ဆူး

    November 7, 2010 at 2:09 pm

    ပန်းတွေ လှတယ်နော်.. ဘာပဲ ပြောပြော သတင်း အခုမှ ရိုက်ထားပြီး အသစ်စက်စက် ပုံလေးတွေ ဆိုတော့ အခု ပန်းပုံတွေ ကြည့်တဲ့ အချိန်မှာ ပန်းကလေးတွေ မနွမ်းသေးဘူးပေါ့..

  • weiwei

    November 7, 2010 at 2:28 pm

    ရာသီဥတုကအေးနေတော့ နောက်တစ်ပတ်လောက်အထိတော့ လန်းနေအုန်းမယ် …

  • ဆူး

    November 7, 2010 at 4:27 pm

    ပန်းကလေးတွေ မနွမ်းခင် မန်းတောင်က ဘုရား ပန်းကပ်ဖို့.. နဲနဲ ခူးခဲ့ပါ။

  • saunghnin@gmail.com

    November 8, 2010 at 3:13 am

    အရမ်းလှတာပဲ။ ပန်းကလေးတွေ နွမ်းမှာတောင်နှမြောမိတယ်။

  • nyeinwailwin

    November 8, 2010 at 3:30 am

    ပန်းလေးတွေကလှတော့ ခူးရမှာတောင် နှမြောစရာပဲ …

  • Gong Zhu

    November 11, 2010 at 4:50 pm

    လှလိုက်တာနော် အရမ်းပဲ

  • char too lan

    November 12, 2010 at 7:15 am

    ဂန္ဓမာပန်းဆိုတော့ မထူးဆန်းဘူးဆိုပီး မကြည့်ခဲ့မိတာနောင်တတော်တော်ရသွားတယ် ရန်ကုန်မှာမတွေ ့ခဲ့ဖူးတဲ့ ဂန္ဓမာပန်းတွေပါပဲဗျာ~~

  • Cuper

    November 12, 2010 at 8:51 am

    အရမ်းလှတာပဲနော်။ လိုချင်လိုက်တာ …..

  • draungkyawkyawoo

    November 12, 2010 at 9:02 am

    ချာတူးလန်လေး မန်းတာကိုကြည့်ပြီး မကြည့်လိုက်မိရင် နောင်တရမှာစိုးလို့ကြည့်လိုက်တာ အရမ်းလှတဲ့ပန်းခင်းတွေပါပဲ ။ မဝေဝေ ပုံတင်လို့ရတာကလည်း ပြည်ပမှာရောက်နေတဲ့အတွက် ဒီလောက်ပုံအများကြီးတင်လို့ရတာပါ ။ ဂေဇက်က ရွာသူ၊ရွာသားတွေ ကံကောင်းလို့တွေ့ခွင့်ရတာပါ ။ အင်တာနက် ကော်နက်ရှင်က ဒီရက်ပိုင်းမှာ တော်တော်လေး ဆိုးရွားနေတာ စိတ်တောင်မရှည်ချင်ဘူး ။

  • weiwei

    November 12, 2010 at 1:17 pm

    အားပေးကြလို့ ကျေးဇူးတင်ပါတယ် … ထူးခြားတာတွေနဲ့ ကြုံကြိုက်ရင် တင်ပေးပါ့မယ် … မျက်စိအပန်းပြေပေါ့ … စာတွေချည်းပဲဖတ်ရတာ မျက်စိညောင်းမှာစိုးလို့ ပုံတွေကို တင်ပေးတာပါ …

  • kokoaung

    November 12, 2010 at 2:32 pm

    ပန်းကလူစိတ်ကိုကြည်နူးစေတယ်ကောင်းပါတယ်ဒီလို့ပြပွဲလေးတွေကစိတ်ကိုအပန်းစေတာပေါ့တီထွင်သူတွေရဲ့အနုပညာကိုလည်းခံစားရတာပေါ့

  • saund

    November 12, 2010 at 6:37 pm

    ဒီစာဖတ်ပြီး အတော် စိတ်မကောင်း ဖြစ်သွားပါတယ်။ ပြည်ပ ရောက်နေတဲ့သူတွေ ဝေမျှမှဘဲ ပြည်တွင်းက ဖတ်ရတယ် ဆိုတာလေး ပြောတာ တကယ် ဝမ်းနည်း သွားတယ်။ ထူးဆန်းတာလေးတွေ စိတ်ဝင်စား စရာလေးတွေ ဖတ်ချင်ရင် http://www.thettantcho.com/ ကို ဖတ်လို့ရမယ် ထင်ပါတယ်။ တခြား ဘလော့ကာတွေ ထူးဆန်းတာ တွေ ရေးတင်ပါတယ်။ အခမဲ့ ရေးလို့ရတဲ့ ဘလော့စပေ့ါဘဲ တင်လို့ ပြည်တွင်းက ကျော်ခွရတာ လွယ်မယ် မထင်မိပါဘူး
    ဒါပေမဲ့ ဖတ်ကြည့်ပါ။
    http://www.thettantcho.com/
    http://blog.kopeter.com/
    ကျမကတော့ ပြည်တွင်းက ဖတ်နိုင်မဲ့ ဆိုဒ်တွေကို ငွေကုန်ခံ မတင်နိုင်တဲ့ အတွက် ကျမပို့စ်အဟောင်းတွေ ကို တတ်နိုင်သလောက် ဒီဆိုဒ်ပေါ် တင်ပေးပါမယ်။

  • kai

    November 12, 2010 at 9:35 pm

    ပန်းဆိုတာမျိုးက .. မခူးပဲထားမှ လှတယ်..။

  • weiwei

    November 20, 2011 at 7:17 pm

    ရွာထဲက ပန်းချစ်သူတွေအတွက် ပြန်မန့်ပြီး တင်လိုက်ပါတယ် …

  • TTNU

    November 20, 2011 at 10:04 pm

    လှလို့ ကူးသွားပြီနော်ဝေဝေ
    ကျေးဇူးပါနော်။

Leave a Reply