ဆုံနိုင်ခွင့်လေးပေးပါချစ်သူ

naywoon niNovember 7, 20101min803

နာရီတွေလည်နေတာ
ပန်းတွေပွင့်နေတာ
နေဝင်တာနေထွက်တာ
လပြည့်တာ-လကွယ်တာ
အားလုံးပုံမှန်ပါပဲ………..။
ငါ့မှာသာ…………
နှစ်ဦးသားချစ်နေပါလျှက်နဲ့
ပေါင်းစည်းဖို့မဖြစ်နိုင်ဘူးဆိုတဲ့
ချစ်သူရဲ့စကားတစ်ခွန်းနဲ့
ရင်ခွင်ကိုပြောင်းဆန်နေခဲ့……..။
ငါ့မှာ…
နေမဲ့-လမဲ့
အနာဂါတ်ဆိုတာလဲပျောက်ဆုံး
အသက်ရှူမှုတွေတောင်မေ့လျော့လို့……..။
ဒါတွေကိုလျှစ်လျူရှုပြီး
အဆင်ပြေရဲ့လားတဲ့
ချစ်သူရဲ့အမေးစကားကို
ငါဘယ်လိုဖြေလိုက်ရပါ့..။

&နေဝန်းနီ

3 comments

  • Hello

    November 7, 2010 at 3:16 pm

    ကဗျာလေးက ကောင်းလိုက်တာ … အသည်းကွဲနေတဲ့သူဖတ်ရင် ငိုမိမယ်ထင်တယ်….

  • TGI

    November 8, 2010 at 3:52 am

    တကယ့်ကိုတိုက်ဆိုင်တူညီတဲ ့ချက်စားချက်ပါလား..

  • love empress

    November 8, 2010 at 3:53 am

    အရမ်းခံစားရတာပဲ အတိတ်ကဖြစ်ရပ်နဲ့တစ်ထပ်တည်းကျနေတယ်

Leave a Reply