“အရင်ကတော့ နိုဗိုတယ် အခုတော့ မန္တလေးဟေးလ်ရီဆော့ပေါ့”

တစ်ချိန်တစ်ခါက မန်းလေးမြို့အတွက် ဒီဇိုင်းအဆန်းဆုံးးလို့ ခေါ်နိုင်တဲ့ နိုင်ငံခြားသားတွေလာရောက် ဖွင့်လှစ်တဲ့ နိုဗိုတယ်လ် လို့ ခေါ်တဲ့  အဆင်မြင့်ဟိုတယ်ကို မန်းလေးတောင်ပေါ်က မြင်ရတဲ့ပုံပါ။အခုတော့ သူကလည်း မန္တလေးဟေးလ်ရီဆော့ လို့နာမယ်ပြောင်းထားပါတယ်။သူ့နောက် ဟိုးဝေးဝေးမှာသေးသေးလေးမြင်ရတဲ့ အဆောက်အဦးမဲမဲလေးကတော့  တည်ဆောက်ဆဲ (25)ထပ်ရှိတဲ့ မန်းလေးဈေးချိုတော်ဘေးမှာရှိတဲ့  မန်းမြန်မာပလာဇာ အဆောက်အဦးလေးဖြစ်ပါတယ်။(7-11-2010)နေ့ ကရိုက်ထားတဲ့ပုံလေးပါဘဲ။

10 comments

  • ဆူး

    November 7, 2010 at 2:35 pm

    အရှေ့မှာ သစ်ပင်တွေ ကွယ်နေတယ်.. လေးပေါက်ရေ.. သစ်ပင်တွေ ခုတ်ပြီး ရိုက်တာ မဟုတ်ဘူး..

  • kopauk mandalay

    November 7, 2010 at 2:43 pm

    သစ်တစ်ပင်ခုတ်အချုပ်သုံးလလို့ စာကပ်ထားပါတယ် ဆူးမမရေ။
    သိတယ်မို့လား ရသလောက်လေးကိုပဲ မျှပေးနေရတာပါကွယ်။
    ကြည့်စေချင်လွန်းလို့ မန်းလေးတောင်ပေါ်ကို ခြေလျင်တက်ပြီး ရိုက်ထားတဲ့ ပုံလေးတွေပါကွယ်.။

    • ဆူး

      November 7, 2010 at 2:59 pm

      လေးပေါက် ရိုက်တဲ့ နေရာ မထင်ရှားလို့.. နောက်တာပါကွဲ့..
      သစ်ပင်များများ စိုက်သင့်နေပြီ.. ရာသီဥတု ပူလာပြီ..

  • weiwei

    November 7, 2010 at 2:53 pm

    ကျေးဇူးတင်ပါတယ် ကိုပေါက်ရေ ..
    တရုတ်ပြည်က ရှုခင်းတွေနဲ့ ဘယ်လိုမှမယှဉ်နိုင်ဖြစ်နေလို့ တော်ကြာ ကျွန်မရေးထားတဲ့ ဗမာဖြစ်ရတာဂုဏ်ယူစရာဆိုတာကို မယုံပဲဖြစ်နေကြမှာ စိုးရိမ်မိတယ် …
    တကယ်တမ်းသေချာခံစားတတ်ရင်တော့ ဗမာပြည်က သဘာဝရေမြေနဲ့ သစ်ပင်တွေက စိတ်ကိုပိုပြီး အေးချမ်းစေပါတယ် … (ကိုယ်တွေ့ခံစားချက်ပါ) …

  • kopauk mandalay

    November 7, 2010 at 3:01 pm

    အဲဒီလို ယှဉ်ပြီးတင်ပေးတာတော့ မဟုတ်ပါဘူးခင်ဗျာ။
    ကျနော်က ရူ့ခင်းလေးတွေကို ချစ်တတ်တာရယ် အားလပ်လို့ရောက်တုန်းရောက်ခိုက်မှာ
    ဒီနေရာလေးတွေကို မရောက်ဘူးတဲ့သူလာချင်အောင်၊
    ရောက်ဘူးတဲ့သူကလဲ ပြန်သတိရအောင် ကိုယ်ရောက်ခဲ့တုန်းကနဲ့ကွာခြားသွားတာလေသိရအောင်
    အဝေးရောက်နေသူများလဲ ကိုယ်မြေ ကို်ယ့်ဒေသကို အလွမ်းပြေကြည့်ရအောင် ရည်ရွယ်လို့တင်ပေးတာပါ။
    အပျော်တမ်း ဓါတ်ပုံစိတ်ဝင်စားသူတစ်ယောက်ရဲ့ခံစားချက်လေးပါခင်ဗျာ။

    • weiwei

      November 7, 2010 at 3:24 pm

      ဟုတ်ကဲ့ .. တမင် ဝင်နောက်လိုက်တာပါ ..
      ကိုပေါက်စေတနာကို နားလည်ပါတယ် …
      ကျွန်မကလဲ ရှုခင်းတွေ ပန်းတွေကို ချစ်တတ်ပါတယ် …
      မန္တလေးကို ခဏခဏရောက်ဖူးပါတယ် .. နောက်လဲ လာလည်ပါအုန်းမယ် …

  • naywoonni

    November 7, 2010 at 3:08 pm

    ကိုပေါက်ရေ…..မန္တလေးကတော့ဟုတ်ပါပြီဗျာ
    နောက်ကစာလုံးကဘယ်လိုဖတ်ရမလဲ

  • kopauk mandalay

    November 7, 2010 at 3:40 pm

    အမှန်ကတော့ ဟေးလ်ဆိုတာတော့ တောင်ကို ခေါ်မှန်းသိတယ်။
    ရီဆော့ကတော့ ကျနော်လဲမသိဘူး။
    ဒီတော့ ဘိုဆန်ဆန်လေး ဟေး…………………… လ်ရီဆော့လို့ရေးပေးလို်က်တာပါ။

  • ဆူး

    November 7, 2010 at 3:48 pm

    ဟေး ဆိုတာ တရုတ်လို အမဲ ကို ပြောတာ
    ရီဆော့.. ရီရင်းနဲ့ ဆော့လို့ရတယ် ဆိုတော့ ကစားကွင်းဘဲ ဖြစ်ရမယ်။
    မန်းမှာ ဟတ်ပီးဝေါက ကစားကွင်း အသစ်ထပ်ဖွင့်ပြီနဲ့ တူတယ်။

  • bigcat

    November 7, 2010 at 4:01 pm

    ကောင်းတော့ကောင်းပါတယ် ဦးပေါက်ရေ။ ဒါပေမဲ့ ပေါင်ဖြူဖြူ ပေါင်ညိုညိုပုံလေးတွေ တင်ပေးမယ်လို့များ ပြောခဲ့လေသလားလို့။

Leave a Reply