ရုပ်သေးရုပ်ကလေးများ

naywoon niNovember 7, 20101min583

လောကဇာတ်ခုံ   ..အဖုံဖုံမှာ

မျိုးစုံဇာတ်လမ်း..အခန်းများစွာ

ကံဇာတ်ဆရာ..သူသာဖန်တီး

အသီးသီးကို………..။။

ငါ..သင်..သူတို့

ပူဆွေးငိုယို…ဝမ်းနည်းဝမ်းသာ

သာယာနှစ်သက်..ဒေါသထွက်ခြင်း

အဆင့်ဆင့်ဂုဏ်…အလုံးစုံကို

ရီဟာဇယ်မလို

မှားယွင်းမှုကင်း…လွဲခြင်းစင်စွာ

အရာရာဖြစ်………။

အကြောင်းမူကား

ငါသင်သူအကုန်

အလုံးစုံသည်

ကံဇာတ်ဆရာ..ကြိုးဆွဲရာလှုပ်ရှား

ရုပ်သေးရုပ်များပင်တည်း………….။။။

နေဝန်းနီ

3 comments

  • ဆူး

    November 7, 2010 at 4:03 pm

    လောက ဇတ်ခုံ
    လူတို့ ဘုံ
    ထွေရာလေးပါ အစဉ်ပျော်ပါး…….
    ဖြစ်ပြီး ပျက်တဲ့ လောကဓါတ်
    သံသရာစက်ကွင်း အပျက်တွေဆက်
    ဖြစ်ပျက်သဘော အစဉ်တွေးတော..
    မှတ်သားရှူမှတ် အတွေးဆက်..
    ကြုံရဆုံရ ဘုံဘဝမို့..

  • weiwei

    November 7, 2010 at 4:06 pm

    မယ်သီလရှင်ဝတ်တုန်းက ရွတ်ခဲ့တာလားဟင် …

  • ဆူး

    November 7, 2010 at 4:19 pm

    ပြောသာ ပြောရတယ် သီလရှင် တခါမှ ဝတ်ဘူးဘူး..
    အခုတင် တွေးပြီး ရေးလိုက်တာ.. လက်တမ်း ကဗျာ

Leave a Reply