ဟိုးဝေးဝေးက စစ်ကိုင်းတောင်

စစ်ကိုင်းတံတား အသစ်ကြီးပေါ်ကနေ ဟိုး ဝေးဝေးက စစ်ကိုင်းတောင်ပေါ်က ဘုရားစေတီလေးတွေကို လှမ်းပြီး မြင်ရတဲ့ ပုံလေးပါ၊                                                                              မပီဝိုးတဝါးပေမယ့် ကြည်နူးစရာလို့  ထင်မိလို့ တင်ပေးလိုက်ပါတယ်။(6-11-2010)နေ့က ရိုက်ကူးထားတာပါ။

5 comments

  • ဆူး

    November 7, 2010 at 3:03 pm

    စစ်ကိုင်းတောင် အထက်နားဆီက ဧရာဝတီ ဒုတ္တာဝတီ.. နတ်ပန်းချီ ဆေးဆိုး…
    ဝဲလက်ယာ အတွန့်အတွန့်နဲ့.. အလွန့်အလွန် သာယာ ပါပေသည်။
    ငယ်ငယ်က အိမ်မှာ ဖွင့်တဲ့ သီချင်း.. နားထဲမှာ အမှတ်တမဲ့ ကြားလာလို့ သီချင်း ဝင်ဆိုတာ.. ဦးအံကြီး ဆိုတာ..

  • weiwei

    November 7, 2010 at 3:05 pm

    စစ်ကိုင်းတောင်မြင်တော့ လွမ်းမိသေးတယ် … စစ်ကိုင်းက ရွာထောင်မီးရထားစက်ရုံမှာ တစ်လအလုပ်သင်သဘောမျိုးနဲ့နေခဲ့ဖူးတယ် … အဲဒီစက်ရုံကနေ တောင်ပေါ်အထိ ကုန်းကြောင်း တောင်တက်ခဲ့ဖူးတယ် … စက်ရုံအိမ်ယာကနေ ထွဋ်ခေါင်ဘုရားကို လှမ်းမြင်နေရတယ် … အဲဒီကနေမှ ဥမင် ၃ဝ ကိုဆက်တက်သွားပြီး ဆွမ်းဦးပုညရှင်အထိ တက်ခဲ့ကြတာ .. ပင်ပန်းပေမယ့် အရမ်းပျော်စရာကောင်းတယ် …

  • kopauk mandalay

    November 7, 2010 at 3:06 pm

    ကံကော်ဝတ်မူန်သင်းတဲ့ရဂုံ စုံတောခြေ
    သိင်္ဂီပွင့်ချပ် ရင်ကပ်သရဖီ ကြိုင်လို့မွှေး တဲ့
    ပန်းရနံ့လေးတောင် သင်းပျံ့မွှေးလာသလိုပါဘဲ။

  • ဆူး

    November 7, 2010 at 3:08 pm

    စစ်ကိုင်းချောင် မှာ.. အားထုတ်ပြီးမှ ပြန်ခဲ့ပါ။

  • cherrykoko

    March 8, 2011 at 11:39 am

    သစ်ပင်စိမ်းစိမ်း စိုုစို တွေမြင်နေရတာစိတ်ချမ်းသာစရာကောင်းလိုက်တာ.. စစ်ကိုင်းတောင်ပေါ်မှာလည်း သစ်တောသစ်ပင်တွေများသေးတယ်နော်..

Leave a Reply