ကောင်းမူ့တော်ဘုရား အနီးကပ်ပုံလေးပါ

ဒါကတော့ ကောင်းမူ့တော်ဘုရား  ကြီးတစ်ခုလုံးကို မြင်သာအောင် ဘုရားရဲ့အနောက်တောင်ဒေါင့်ကနေအနီးကပ်ရိုက်ထားတဲ့ပုံပါ။                                                           ဘုရားပေါ်ကိုလိုအပ်ရင်တက်နိုင်ဘို့အတွက် သံလှေကားလေးကိုတွေ့နိုင်ပါတယ်။                                                                                                                                                                                   ဒီလို ထူးခြားတဲ့   ဒီဇိုင်း ပုံစံရယ် ထုထည်လဲကြီးမားလှတဲ့ စေတီတော်ကြီးကိုတည်ထားခဲ့တဲ့ ရှေးမြန်မာများရဲ့အစွမ်းကိုလေးစား ဂုဏ်ယူမိတာကတော့ အမှန်ပါဘဲ။                                 (6-11-2010)နေ့က  ရိုက်ကူးထားတဲ့ ပုံလေးဖြစ်ပါတယ်။

5 comments

  • weiwei

    November 7, 2010 at 3:31 pm

    သိပ်နီးကပ်သွားတော့ စေတီနဲ့ မတူတော့ဘူး …

  • kopauk mandalay

    November 7, 2010 at 3:37 pm

    ဟုတ်တယ်ဗျ။
    ကျနော်ကင်မရာလေးက သေးတာလဲပါပါတယ်။
    နောက်ဒီလိုအောက်ကပင့်ရိုက်လိုက်တော့ စေတီ ဒုအကြီးကြီးရှိတာကို တွေ့ရအောင်လို့ပါ။
    နောက်တပုံတင်ပေးမယ်။
    သူကတော့ စေတီတစ်ဝက်ပါအောင်ရိုက်ထားတာပါ။

  • ဆူး

    November 7, 2010 at 3:44 pm

    ပြောရင်းနဲ့ သတိရလာပြီ အဲဒီမှာ သစ်ပင်ကြီးတွေ အများကြီးဘဲ..
    နှစ်ချို့ပင်ကြီးတွေ.. အရိပ်ကောင်းတယ်။ တကယ် အဖိုးတန်တဲ့ အပင်ကြီးတွေပေါ့.. ဘယ်သူတွေ ဘာလုပ်လဲ ဆိုတာ သစ်ပင်ကြီးတွေ စကားပြောတတ်ရင် သိုင်း ဝတ္တုရှည် ထက်သာအောင် ဇတ်လမ်းတွေ အများကြီး ရမှာ..

  • kopauk mandalay

    November 8, 2010 at 3:28 pm

    လကွယ်ည ဆယ့်နှစ်နာရီတိတိမှာ သစ်ပင်အောက်ကို အနက်ရောင်ဝမ်းဆက်ဝတ် အသက်အောင်ပြီး
    ပင်စည်ကို လက်နောက်ပြန် ကိုးချက်ခေါက်ရင် သစ်ပင်ကြီးတွေက စကားပြောတယ်တဲ့။
    ဒီတစ်ခါ ဆူးမမ မန်းလေးလာရင် လေးပေါက်နဲ့ဆူးမမ အဖော်တွေခေါ်ပြီး သွား မေးရအောင် ။
    ပြီးရင် အင်တာနက်ပေါ်ဇာတ်လမ်းတွဲလိုရေးပြီး ပူးပေါင်းတင်ဆက်ကြရအောင်လေ။

  • ဆူး

    November 9, 2010 at 3:03 am

    ဒါလည်း ကောင်းတာဘဲ.. ခရီးသွား သတင်းထောက်တွေ ဒီမှာ အညားကြီး ရှိတယ်.. အကြံတူသူတွေ စုစည်း သွားမေးပြီး သတင်းရေးမယ်..

Leave a Reply