“နေဝင်ချိန်လေးပေါ့”

ဒီပုံလေးကတော့ နေဝင်မိုးချုပ်စ အလင်းရောက်ပျောက်ကွယ်ခါနီး အချိန်လေးမှာ   ဝင်လုဆဲနေရောင်လေးက ရဲရဲတောက်နေတာက မီးတောက်လေးလိုထင်ရပါတယ်။       အနက်ရောင်ကောင်းကင်မှာ လက်လက်ထနေတဲ့ အနီရောင်လေးကို  သဘောကျလို့ အမိအရ ရိုက်ထားတာပါ။ လုံးဝပြုပြင်ခြင်းကင်းသော သဘာဝပုံလေးပါ။                                                    နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

14 comments

  • ဆူး

    November 7, 2010 at 3:37 pm

    လေးပေါက်…….. ဘယ်နားက ရိုက်ထားတာလဲ.. မဲမှောင်နေတာဘဲ… မဲမဲကြီး..

  • kopauk mandalay

    November 7, 2010 at 3:47 pm

    အဲဒါမန်းလေးကန်တော်ကြီးလို့ခေါ်တဲ့ တက်သေးအင်းရဲ့အနောက်ဖက်ခြမ်းမှာ ညနေ(7)နာရီမထိုးခင်လောက်မှာ စက်တင်ဘာလ ထဲကတစ်ရက်မှာရို်က်ထားတာ။မိုးကတစ်ပေါက်နှစ်ပေါက်ကျနေတာ။
    မှန်ဘီလူးကိုတောင် ရေစင်လို့ အစက်အပြောက်တွေထင်နေသေးတာ။
    ဆိုင်ကယ်နဲ့အပြင်ကပြန်လာတုံး ဒီရူ့ခင်းကိုတွေ့လို့ အိမ်ပြန်ကင်မရာယူပြီးရို်က်ထားလိုက်တာပါ။
    စိတ်ထဲမှာ ကြောက်ရွှံ့သလိုခံစားမူ့ကိုပေးပါတယ်။

    • ဆူး

      November 7, 2010 at 3:52 pm

      အစပ် အဝိုင်းလေးတွေကို အချို့က ပြောတယ်.. တရဲတွေ ကင်မရာမှာ ပါတာတဲ့.. လေးပေါက် ကြောက်တာ တရဲ ရှိလို့ နေမှာပေါ့.. ပြောရင်းနဲ့ ကင်မရာ နောက်က လေးပေါက်.. လေးပေါက်နောက်က.. အဒူလဲတော့ သိဘူး.. ပြန်လှည့်ကြည့်လိုက်အုန်း

  • weiwei

    November 7, 2010 at 3:49 pm

    ငယ်ငယ်ကသုံးခဲ့ရတဲ့ မီးသွေးမီးဖိုကို သတိရမိတယ် … (ဆိုင် မဆိုင်တော့ မသိဘူး ..)

  • saunghnin@gmail.com

    November 8, 2010 at 4:49 am

    ကိုပေါက်……နေဝင်ချိန်နဲ့မတူဘူး။လောကကြိီးအမှောင်ကျနေသလိုပဲ။

  • naywoonni

    November 8, 2010 at 12:28 pm

    နေဝင်စဆိုပေမဲ့မိုးအုံနေလို့လား
    ပိုမှောင်နေသလိုပဲ

  • kopauk mandalay

    November 8, 2010 at 3:11 pm

    ဟုတ်တယ်မိုးနည်းနည်းလေးကျလို့ မှန်ဘီလူးမှာ မိုးစက်တင်တာကို မသုတ်မိတော့ အဖြူစက်တွေတွေ့နေရတာ။
    နောက်က ကွက်ကွက်လေးဖြူနေတာက တိ်မ်တောင်တွေ။
    အောက်ကရေပြင်။
    မဲနေတာက သစ်ပင်တွေ။
    ရဲနေတာက ဝင်ခါနီးနေရောင်က တောင်အောက်ကထွက်နေတဲ့နေရာင်၊
    ဒေါင့်နားလေးက လင်းနေတာ လျှပ်စီးမီးရောင်။
    လေးပေါက်နောက်မှာ ရောက်နေတာက မဒမ်ပေါက်။
    မှောင်ကြီးမဲမဲထဲမှာ လာချိန်းတဲ့ အတွဲ ကို မကြီးမငယ်နဲ့ ဓါတ်ပုံချောင်းရိုက်မယ်ထင်လို့ နောက်ကလိုက်လာတာ။

  • phone

    November 10, 2010 at 10:58 am

    အရမ်းလွမ်းဖို့ကောင်းပါတယ်
    စိတ်ဝင်စားဖို့ကောင်းတယ်

  • naywoonni

    November 10, 2010 at 4:02 pm

    ကိုပေါက်ကမဆိုးဘူးနော်
    ကိုယ့်ဓါတ်ပုံကိုယ်သေသေချာချာရှင်းပြနိုင်အောင်မှတ်မိတယ်
    ကျွန်တော်တို့ဆိုမေ့ပြီ
    သေချာပြန်မပြောနိုင်တော့ဘူး

  • kopauk mandalay

    November 10, 2010 at 4:36 pm

    ဟုတ်ပါတယ်။
    ကျနော်က သတိရချင်တာကို အသေးစိတ်သတိရပြီး
    သတိမရချင်ရင်တော့မေ့လိုက်တာဘဲ။
    ဥပမာ ကိုယ်ပြန်ဆပ်ရမယ့် အကြွေးဆိုရင်မေ့ထားလိုက်ပြီး ရစရာရှိတာကိုတော့ နေ့စွဲနဲ့ အတိအကျမှတ်မိတာကိုပေါ့။

    • ဆူး

      November 11, 2010 at 5:44 am

      လေးပေါက် ဟိုနှစ်က ချေးသွားတဲ့ ဆန် တအိတ်.. ဘယ်တော့ ပြန်ရမှာလဲ..

  • Tommy

    November 11, 2010 at 1:39 am

    Lord of the Ring ဇာတ်ကားထဲက လိုကြီးနော် …ကြောက်စရာကောင်းတယ်ဗျ ။

  • kopauk mandalay

    November 11, 2010 at 11:40 am

    အဲဒီဆန်တအိ်တ်က ချေးထားတာ ပြန်ဆပ်မလို့ ထမ်းလာရင်းရေဘေးဒုက္ခသည်တွေ့တော် လှူလိုက်ပြီ.
    ဆန်မယူနဲ့တော့ သာဓုဘဲယူလိုက်တော ့နော်

    • ဆူး

      November 11, 2010 at 11:52 am

      သ..သ.. သာ…. ဓု…… ပါ ရှင်…
      သ..သ.. သာ…ဓု ပါ
      နောက်လည်း ပြန်ဆပ်နိုင်ပါစေ.. အဲ.. နောက်လည်း လှူနိုင်ပါစေ

Leave a Reply