မှတ်မှတ်ရရ စကားစု

ဆူးNovember 8, 20101min9110

သီတဂူ ဆရာတော်ကြီး တရားတခုမှာ ကြားမိတာလေး သတိရလို့.. ဆရာတော်ကြီး ပြောကြားချက်အရ..
လူတယောက်က ပေါက်ပေါက် ရှာရှာ လာမေးတယ်။
* မြတ်စွာဘုရား ပွင့်လို့ ဒေဝဒတ္ထ (ဒေဝဒတ်) ဇိဉ္စမာန တို့ မြေမျိုုရတယ်။ ဘုရားသာ မပွင့်ရင် သူတို့ မြေမျိုုစရာ မရှိဘူး။*
*** ဒါနဲ့.. ပြန်ပြောလိုက်တယ်.. မြတ်စွာ ဘုရားကို စော်ကားလို့ မြေမျိုတာ ဒေဝဒတ် နဲ့ ဇိဉ္စမာန
နှစ်ယောက်တည်း မဟုတ်ဘူး.. ဘုရား တောထွက်တော် မမူခင် သိဒ္ဓတ္ထ ရဲ့ ဇနီး ယသော်ဓရာ ရဲ့ အဖေ သုပ္ပဗုဒ္ဓ ယောက္ခမပေါ့ သူလည်း မြေမျိုတဲ့ အထဲမှာ ပါတယ်..*** ***၂ယောက်မဟုတ်ဘူး ၃ယောက်။***
*** ဒကာကြီး တခုစဉ်းစား ပူပြင်းခြောက်သွေ့နေချိန်မှာ မိုးရွာတာ ကောင်းသလား မကောင်းဘူးလား။ မိုးရွာလို့ ပုရွက်ဆိတ်တွေ မြေကျင်းပိသေတာ ဘာဆန်းလဲ.. ပုရွက်ဆိတ် မြေကျင်းပိ မသေအောင် မိုးမရွာဘဲ နေခိုင်းမလား။ မိုးမရွာရင် သတ္တဝါတွေ အားလုံး အစာရေဆာ ရှားပါးပြီး အလုံးစုံ သေနိုင်တယ်။***

***အဲဒီလို ဖြေပေးလိုက်တော့ အဲဒီ ဒကာကြီးလည်း ခေါင်းကုတ်ပြီး ဒါလည်း ဟုတ်တာဘဲ လို့ ပြန်ပြောသွားတယ်။***

တရားထဲမှာတော့ ဆရာတော်ကြီးက ရယ်ပြီး သူနဲ့ ကြုံတွေ့ခဲ့ရတဲ့ လူတွေထဲက ပေါက်ပေါက် ရှာရှာ မေးတဲ့ လူအကြောင်း ပြောပြသွားတာပါ။ တရားနာမည်လည်း မမှတ်မိဘူး.. မှတ်မိတာ အချက်အလက်ဘဲ မှတ်မိတယ်။ သဘောကျတဲ့ စကားစုတွေမို့.. သိရအောင်တင်ပေးလိုက်ပါသည်။

10 comments

  • bigcat

    November 8, 2010 at 5:13 am

    ငရဲကသူ့ဖာသာသူနေတာပါ၊ လူတွေရဲ့ ပြုလုပ်မိခဲ့တဲ့ မကောင်းမှုအပြစ်တွေ၊ အထင်မှားအမြင်မှားတွေ အပေါ်ကပ်ညှိတဲ့စိတ်ကသာ အပ္ပါယ်ငရဲကိုပို့တာ။ ရုပ်နာမ်ကွဲပြီး သက်သက်ဆီဖြစ်နေတာလို့ ဘုရားဟောတဲ့အတိုင်းကျင့်ကြံ စိတ်ထားနိုင်ပြီဆိုရင် လွတ်ပါတယ်။

  • weiwei

    November 8, 2010 at 5:15 am

    ဇိဉ္စမာန … စာလုံးပေါင်းမှားနေတယ် ထင်တယ် …

  • weiwei

    November 8, 2010 at 5:18 am

    တိုတိုလေးနဲ့ အများကြီး တွေးစရာဖြစ်လာတယ် …

  • ဆူး

    November 8, 2010 at 5:40 am

    စာလုံးပြင်ထားတယ်.. လိုသေးရင် ထပ်ပြောပါ.. ကျေးဇူးတင်ပါသည်။

  • moethidasoe

    November 8, 2010 at 7:31 am

    အားလုံး ကောင်းတာလုပ်ခဲ့ရင် ကောင်းတာဖြစ်မယ် ..
    အရင်ဘဝက ကောင်းတာ လုပ်ခဲ့လို့ အခုဘဝမှ စံစားရပေမယ့် အဲဒီ ကုသိုလ်ကို မဆက်ပဲ .. မကောင်းတာတွေ ဆက်တိုက် လုပ်နေမယ် ဆိုရင် နောင်ဘဝမှာ မကောင်းတာ ဖြစ်မှာ .. ဒါကြောင့် ကုသိုလ်လုပ်ဖို့ အဆင်မပြေတဲ့ ဗြဟ္မာ့ပြည် ရောက်နေတဲ့အခါ မေ့လျော့နေလို့ နောက် အဲဒီကုသိုလ်လေး ကုန်သွားတော့ ဝက်ဖြစ်တယ် ဆိုတဲ့ ဇာတ်လမ်းလေးလဲ ရှိသား ..
    အားလုံးက အတိတ်က လုပ်ခဲ့တာကို .. ဆုတောင်း မှာခဲ့တာကို ခံရတာ ..
    အခုလဲ ကြည့် ကုသိုလ် အစစ်ကို မရှာနိုင်ပဲ ပကာသနများကြားမှာ ရှင်သန်နေရင်တော့ .. ရင်လေးတယ်နော် ..

  • weiwei

    November 8, 2010 at 11:33 am

    ဆူးက ဒီပို့စ်ကို အကြောင်းတစ်စုံတစ်ရာမရှိပဲနဲ့တော့ တင်တာမဖြစ်နိုင်ပါဘူး … ရွာသူရွာသားတွေကို ပညာစမ်းလိုက်တာဖြစ်နိုင်တယ် … သူ့ရဲ့ ရည်ရွယ်ချက်ကို မှန်းကြည့်ရရင်တော့ အများကောင်းစားဖို့အတွက် အနဲစုကို စတေးသင့်ရင် စတေးရမယ် … ကောင်းကျိုးရှိမယ့်ကိစ္စဆိုရင် မကောင်းကျိုးဖြစ်စေမယ့် ကိစ္စအနဲငယ်ကို လစ်လျှူရှုသင့်ရင် ရှုရမယ်လို့ ပြောချင်တာဖြစ်မယ်ဟု ယူဆပါသည် …

  • ဆူး

    November 8, 2010 at 11:42 am

    တော်လိုက်တဲ့ မဝေ.. ဆူး သိပ်ပြီး ချဲ့ကး မရေးချင်လို့.. မရေးတာ..

  • ဆူး

    November 9, 2010 at 6:04 am

    အမှန်တော့ ဒီပိုစ်ကို ဒီက အယ်ဒီတာတွေ ဖတ်စေချင်လို့ တင်လိုက်တာပါ..
    အယ်ဒီတာတွေ သက်ငယ်စကား သက်ကြီးကြား ဖြစ်နေရင်တော့ သက်ငယ်စကား သက်ကြီးကြားပေါ့..
    ပူပြင်းခြောက်သွေ့နေတဲ့ အချိန်မှာ အေးမျှ စိုစွတ်စေမဲ့ မိုးကို အားလုံးမျှော်ကြတာဘဲ..
    မိုးကို မျှော်တဲ့ လူအပါအဝင် သတ္တဝါ အားလုံး မိုးမရွာရင် အပူဒဏ်များရင် သေကြေကုန်ကြမှာဘဲ.. သတ္တလောက အားလုံးပျက်စီး သွားနိုင်တဲ့ အထိ အပူဆိုတဲ့ အရာရဲ့ ကြီးမားမှုကို သိကြမှာပါ။ ပုရွက်ဆိတ်ကလည်း မိုးရွာတော့မယ် ဆို အမြင့်မှာ ပြောင်းနေတတ်တာ သိကြမှာပါ.. အချိန်အခါကို လိုက်ပြီး မနေနိင်တဲ့ ပုရွက်ဆိတ် သာ သေကြတာ.. သေမှာ စိုးလို့..
    မြေကျင်းထဲက ပုရွက်ဆိတ်နဲ့ အပူဒဏ် ခံနေရတဲ့ သတ္တဝါတွေ အရည်အတွက်ချင်း ယှဉ်လည်း များစွာကွာပါတယ်။
    ပုရွက်ဆိတ် ဆုတောင်းကြောင့် မိုးမရွာဘဲနေရင်တော့.. မိုးနတ်မင်းကြီး မတရားဘူးပေါ့။
    ပြောလို့သာ ပြောတာပါ.. ကိလေသာတွေ များတဲ့ လူတွေ ပေါလာရင် လောကကြီးက ပူပြင်းတာတတ်တယ်တဲ့.. ဥပမာ အားဖြင့် သစ်ပင်တွေ ခုတ်တာ များရင် သစ်တောတွေ ပြုန်းပြီး ရာသီဥတုကြီး ပူပြင်းသတဲ့.. ပြောသာပြောရတာပါ.. အပူများတဲ့ သဲကနာ္တရကြီးမှာ ပူလွန်းလို့ လူတွေ သိပ်မနေဘူး နေတဲ့ လူတွေကလည်း အပူခံရတာဘဲလေ.. အပူတွေ များရင်တော့ လူတွေ ပြောင်းပြေးကြမှာဘဲ.. ဂေဇတ်က ပုံမှန် အမြဲတမ်း မန်ဘာတွေ ပြောင်းမပြေးစေချင်ရင်.. အက်ဒမင်ကြီး ပေါက်တယ်နော်..

  • naywoonni

    November 9, 2010 at 1:52 pm

    မှတ်သားထားပါ့မယ်မမဆူးခင်ဗျား………

  • kopauk mandalay

    November 9, 2010 at 3:23 pm

    လူတစ်ချို့ကမိမိမှာထိခိုက်နစ်နာရင် သူ့ကြောင့်လို့ ထင်တတ်ကြတယ်။
    ဥပမာ ကိုယ်ကျောင်းပြေးလို့ ဆရာမအရိုက်ခံရတာ ဟိုကောင်သွားတိုင်လို့ ဆိုတာမျိုးပေါ့။
    ကိုယ်လုပ်ရင်ကိုယ်ခံရမှာဘဲ ဆိုတာနဲ့ သဘောတရားခြင်းသွား တူတယ်လို့ ထင်ပါတယ်။

Leave a Reply