မြဝတီမှာ သတင်းသွားမယူနိုင်ခဲ့တဲ့ ဂျပန်ကြီးသတင်း

ဂ်စ္စူNovember 8, 20101min360

http://i55.tinypic.com/et9k6b.jpg
(၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာ စစ်ခွေးတွေရဲ့သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ဂျပန်သတင်းထောက် nagai kenjiအလုပ်လုပ်တဲ့ APFသတင်းဌာနမှ သတင်းထောက်တဦးဖြစ်သူ YAMAJI TORO (ခ) MATSUMOTO TOROအသက်(၄၉)သည် နယ်စပ်ကိုကျော်ဖြတ်၍ ရွေးကောက်ပွဲကျင်းပသော ဒီကနေ့တွင် တရားမဝင်ဖြတ်ကျော်မှုဖြင့် မြဝတီရဲစခန်းအချုပ်တွင် မနက် ၈နာရီခွဲခန့်အချိန်က ချုပ်နှောင်ထားခြင်းခံရသည်။ သူဟာ(၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာအသတ်ခံရတဲ့nagaikenjiရဲ့ ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများမှအဆက်အသွယ်အရ YAMAJI TOROဟာ နအဖရဲ့ ၂၀၁ဝရွေးကောက်ပွဲသတင်းသွားယူဖို့ ထိုင်းနိုင်ငံအနောက်မြောက်မှလှေဖြင့် မြဝတီသို့ဝင်ြ့ပီးသူနဲ့အတူ ဗီဒီယိုကင်မရာနဲ့အတူမြန်မာပြည်တွင်းမှာအသုံးပြုနိုင်တဲ့ လက်ကိုင်ဖုံးပါကြောင်းသိရပါသည်။
http://i56.tinypic.com/2poxwtj.jpg
အဖမ်းခံရသေးခင် အဲဒီနေ့မနက်စောစောမှာ သူအသုံးပြုတဲ့ Social Websiteတခုဖြစ်တဲ့ TWITTER မှာ ‘ မြန်မာစစ်အစိုးရကထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကာလမှာ နိုင်ငံခြားသား မီဒီယာသတင်းထောက်တွေကို နိုင်ငံတွင်းလုံးဝဝင်ရောက်ခွင့်မပေးဘူးဆိုတာကို ရအောင်ဝင်မယ် ဘယ်လောက်အထိဘဲမင်းတို့တားတား ဘယ်လိုပုံစံမျိုးနဲ့မင်းတို့ပိတ်ပင် မှန်ကန်တဲ့သတင်းယူရမဲ့အလုပ်က ငါတို့တွေရဲ့အလုပ်’ ကြည့်လိုက်စမ်းပါ Nagai sanလို့ ၂၀၀ရ ရွှေဝါရောင်တော်လှန်ရေးမှာ အသတ်ခံခဲ့ရတဲ့ သူ့ရဲ့သူငယ်ချင်းနံမည်နဲ့ တိုင်တည်ရေးထားကြောင်းသိရှိရပါသည်။
http://i52.tinypic.com/w0494n.jpg

သူ၏သူငယ်ချင်းအား အသတ်ခံရသည့်နေရာတွင်လွမ်းသူ့ပန်းခွေချနေစဉ်(၂၀၀၇)

အဖမ်းခံနေရတဲ့ YAMAJI TOROဟာ မြန်မာပြည်သို့တကြိမ်ရောက်ဖူးပြီး အဲဒီအချိန်ဟာလည်း (၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာ အသတ်ခံရတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း ရဲ့အလောင်းကို သွားရောက်ယူငင်တဲ့အခါလည်းဖြစ်ပါတယ်။
http://i55.tinypic.com/e0n1va.jpg
Ref:ဒေါင်းမာန်ဟုန်