နည်းပညာ (Technology)

asiamastersNovember 8, 20101min500

နည်းပညာ (Technology)

ဒီနေ့ခေတ် လူနေမှုအဆင့်အတန်းတွေအထိဖြစ်လာတဲ့ လူသားတွေဟာ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ အနုမြူခေတ် နဲ့ အင်တာနက်ခေတ်များကိုကျော်ဖြတ်ခဲ့ကြရတာဖြစ်ပါတယ်။ နည်းပညာဆိုတာက အသွားနှစ်ဘက်ပါတဲ့ ဓါးများလိုပါပဲ။
ကောင်းတဲ့ဘက်ရှိသလို၊ ဆိုးတဲ့ဘက်လည်းရှိပါတယ်။ ကျောက်ခေတ်ကလူတွေဟာ ကျောက်လက်နက်ပစ္စည်းတွေကိုလုပ်တဲ့နေရာမှာ မိမိစားသောက်လိုတဲ့အစားအစာအသီးအနှံတွေကို ဖြတ်ဖို့၊ ထုဖို့ သုံးစွဲသလို မိမိရဲ့ ရန်သူများကို တိုက်ခိုက်တဲ့နေရာ
မှာလည်းသုံးပါတယ်။ လူသားတွေဟာနည်းပညာကို အစဉ်တစိုက် တိုးတက်အောင်လုပ်ခဲ့တဲ့နေရာမှာ ကောင်းတဲ့ဘက်မှာ သုံးဖို့ရယ်၊ ကာကွယ်တဲ့အချိန်နဲ့ တိုက်ခိုက်တဲ့အချိန်မှာ အသုံးပြုဖို့ရယ် ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ သူတပါးရဲ့ နိုပ်စက်မှုကိုမခံရ
အောင်လဲနည်းပညာတွေတီထွင်ရတယ်။ သူတစ်ပါးကိုတိုက်ခိုက်ဖို့ဆိုရင်လဲနည်းပညာတွေတီထွင်ရပါတယ်။ ဒီလိုနဲ့ပဲတီထွင်လာခဲ့ကြတာ အခုရောက်နေတဲ့ အင်တာနက်ခေတ် အထိပါပဲ။ ရပ်သွားတယ်ဆိုတာမရှိပါဘူး။

နည်းပညာတွေဟာ လူသားတွေကို ဖွံ့ဖြိုးတိုးတက်စေသလို၊ လူသားမျိုးနွယ်တွေအားလုံးကို ပျက်သုံးသွားစေနိုင်တာကလည်း နည်းပညာပဲဖြစ်ပါတယ်။ နည်းပညာကြောင့် ကမ္ဘာကြီးဟာ လူသားတွေအတွက် ကြုံ့ သွားသလိုဖြစ်ပါတယ်။ နည်းပညာ
အကူအညီနဲ့ လူသားတွေဟာ စွမ်းဆောင်နိုင်မှုတွေတိုးလာပါတယ်။ ပိုပြီးတော့ ဝေဝေးကို လွယ်လင့်တကူနဲ့သွားလာနိုင်တယ်။ သိတာတွေပိုများလာပါတယ်။ ဒါကတော့ နည်းပညာရဲ့ကောင်းတဲ့ဘက်ပါပဲ။ တကယ်တော့လူသားတွေဟာ နည်းပညာနဲ့
ကင်းကွာလို့မရပါဘူး။ နည်းပညာနဲ့ ကင်းကွာသူတွေဟာ ဒီကနေ့ ပြိုင်ဆိုင်မှုအလွန်ပြင်းထန်လာချိန်မှာ ကျန်ရစ်နေခဲ့မှာပဲဖြစ်ပါတယ်။

လူသားတွေရဲ့ ဘဝကို ပြောင်းလဲစေခဲ့တဲ့အပြောင်းအလဲကြီးတွေထဲမှာ အနောက်ဥရောပနိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ ပြင်သစ်၊စပိန်၊ ပေါ်တူဂီ၊  အီတလီ နိုင်ငံသားတွေရဲ့ ပင်လယ်ရေကြောင်းခရီးသွားကြခြင်းကနေစရာမှာဖြစ်ပါတယ်။ သူတို့ဟာ
ပင်လယ်ရေကြောင်းသွားလာခြင်းနည်းပညာကို ကျွမ်းကျင်လာကြချိန်မှာ  တစ်ကမ္ဘာ လုံးကို လှည့်လည်သွားလာခဲ့ကြပါတယ်။ ဒီလိုခရီးသွားခြင်းက ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ ဘာတွေရှိသလဲဆိုတာကို ပိုသိလာကြတယ်။ ဒါတွေကို ပိုင်ဆိုင်နိုင်အောင်
နည်းအမျိုးမျိုးနဲ့ ကျိုးပမ်းကြတော့တာပါပဲ။ အစပိုင်းမှာတော့ဒေသခံတွေနဲ့ တိုက်ခိုက်ကြတာသိပ်မကွာသေးပါ။ ၁ရ ရာစုုနှစ်မှာ အင်္ဂလန်နိုင်ငံမှာ စက်မှုခေတ်ပြောင်းတော်လှန်ရေးကြီးစဖြစ်ပြီးချိန်မှာတော့ အလွန်ကွာခြားလာပါတယ်။ စက်သေနတ်တွေ
စပေါ်လာတာနဲ့ အာရှ၊ အာဖရိက၊ အမေရိက၊ ဩစတေးလျှ ဒေသတွေမှာနေထိုင်သူတွေအားလုံးဟာ ဥရောပနိုင်ငံသားတွေရဲ့ အုပ်ချုပ်ခံ၊ အပြုခံဘဝကိုရောက်သွားခဲ့ရတာပါပဲ။ ပထမဆုံး ကမ္ဘာပြုစနစ် (Globalization) က စက်သေနတ်တွေဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာပြုစနစ်ကတော့ မီးရထားများကို တီထွင်ခြင်းဖြစ်ပါတယ်။ မီးရထားများကို တီထွင်နိုင်တာနဲ့ လူသားတွေဟာ တစ်နေရာကတစ်နေရာကိ လွယ်လင့်တကူသွားလာနိုင်သလိုှ၊ ကုန်စည်ပစ္စည်းတွေကိုလည်း ဈေးနှုန်ချိုချိုသာသာနဲ့ပို့ဆောင်
ပေးနိုင်လာပါတယ်။ နောက်ပိုင်းမှာ တော့ နည်းပညာတွေဟာ တဟုန်ထိုးတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ အထူသဖြင့်ဆက်သွယ်ရေးနည်းပညာမှာ တယ်လီဖုန်း၊ ကြေးနန်း၊ ဖက်စ်များမှ သည် ယခု ကွန်ပျူတာနှင့်အင်တာနက်များအထိတိုးတက်လာ
ခဲ့တာဖြစ်ပါတယ်။ နည်းပညာပြောင်းလဲလာတာနဲ့အမျှ လူသားတွေရဲ့ နေထိုင်မှုဘဝပုံစံတွေပါ ပြောင်းမှရပါမယ်။ အထူးသဖြင့်ကတော့ Information Technology ကို မဖြစ်မနေသုံးစွဲတတ်မှ ရပါတော့မယ်။ မသုံးတတ်ဘူးဆိုရင်တော့ Digital Divide
လို့ခေါ်တဲ့ ခွဲခြားဆက်ဆံခြင်းကို ခံစားကြရမှာဖြစပါတယ်။

ဒီနေ့ခေတ် ကမ္ဘာပြုစနစ်ကတော့ Internet ပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်လူသားများဟာ ကွန်ပျူတာနဲ့ အင်တာနက်ကို ထိထိရောက်ရောက် အသုံးပြုတတ်ဖို့ မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ရှေးယခင်ကလူသားတွေဟာ ခရီးသွားလာရတာ
ခက်ခဲခြင်း၊ ဆက်သွယ်ရေးခက်ခဲခြင်းတွေကြောင့်တစ်နေရာမှာဖြစ်ပျက်နေတဲ့အကြောင်းကို တစ်နေရာကသိဖို့ သိပ်မလွယ်ပါဘူး။ အတတ်ပညာတစ်ခုကို လေ့လာရာမှာလည်းမလွယ်ကူပါဘူး။  ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ လူတွေဟာ ပိုသိလာကြပါပြီ။
သိတာတွေဟာများလွန်းလို့ပေါက်ကွဲတော့မယ့် အဆင့်ကိုတောင်ရောက်လာကြပါတယ်။

၁၈ ရာစုနှစ်လောက်က အင်္ဂလန်နိုင်ငံရဲ့ စုစုပေါင်းထုတ်ကုန်တန်ဘိုး (GDP) ကိုနောက်ထပ် တစ်ဝက်လောက်တိုးတက်ဖို့ (နောက်ထပ် ၁၀ဝ ရာခိုင်နှုန်း)နှစ်ပေါင်း ၁၀ဝ လောက်ကြာပါတယ်။ဒါပေမဲ့ အခုခေတ်မှာ နည်းပညာအရအလွန်လျှင်မြန်စွာပြောင်း
လဲလာတဲ့ အိန္ဒယနဲ့ တရုတ်နိုင်ငံတွေဟာ နှစပေါင်း ၂ဝ လောက်ပါပဲ နောက်ထပ်တစ်ဝက်တိုးတက်လာတာကိုတွေ့ရပါတယ်။ တိုးတက်မှုနှုန်း အလွန်မြန်ဆန်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူသားများဟာ Information
Technology ဖြစ်တဲ့ Computer နဲ့ အင်တာနက်တွေကို ထိရောက်စွာ အသုံးချတတ်ရန် မဖြစ်မနေလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ရေးသားအပ်ပါသည်။