လူသားဆန်မှု (Humanity)

asiamastersNovember 8, 20101min2385

လူသားဆန်မှုဆိုတာဘာလဲလို့မေးလေ့မေးထရှိပါတယ်။ လူသားဆန်မှုဆိုတာ လူသားတွေနဲ့တူတာကို ခေါ်တာပေါ့လို့ အလွယ်တကူပဲပြန်ဖြေလေ့ရှိပါတယ်။ လူတွေမှာ အမြင်တွေအမျိုးမျိုးရှိပါတယ်။ အမြင်တွေမှာအကောင်းမြင် (Optimism) နဲ့
အဆိုးမြင်(Pessimism) ဆိုြ့ပီးတော့နှစ်မျိုးရှိပါတယ်။

အဆိုးမြင်ဘက်ကကြည့်မယ်ဆိုရင် လူူသားတွေနဲ့ တူတယ်လို့ဆိုတဲ့နေရာမှာ မှတ်တမ်းတင်ခဲ့တဲ့သမိုင်းကိုလေ့လာရင် လူသားဆိုတာက ရက်စက်ကြမ်းကြုတ်သူတွေ၊ သူတစ်ပါးကိုသတ်ဖြတ်တတ်သူတွေ၊ လုယက်တတ်သူတွေ၊ အခွင့်အရေး ကိုအလွဲသုံးစားလုပ်တတ်သူတွေ၊ မိမိနဲ့ ဆွေမျိုးတွေကောင်းစားရေးပဲလုပ်တတ်သူတွေ၊ အဆင်ပြေနေချိန်ဆိုရင်ငြိမ်နေပြီး၊ အဆင်မပြေရင်ဆူဆူပူပူလုပ်တတ်သူတွေ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူတွေ၊ ဖေါက်ပြန်တတ်တဲ့လူတွေ၊ သစ္စာဖေါက်တတ်သူတွေ၊ လိမ်လည်တတ်သူတွေ၊ မုသားသက်သေလုပ်သူတွေ၊ ငွေကိုအာသာငန်းငန်းတက်နေသူတွေ၊ အာဏာကိုသာ ငန်းငန်းတက်လိုနေသူတွေ၊ ဘဝရည်မှန်းချက်ပန်းတိုင်ပျောက်ပြီး ဆင်းရဲတွင်းထဲမှာ တဝဲလည်လည် ဖြစ် နေသူတွေနဲ့ သာပြည့်နှက်နေတဲ့အတွက် လူတွေလို့ဆိုလိုက်ရင် ဒီပုတ်ထဲက ဒီပဲတွေပါပဲလို့ အမြင်ရှိကြမှာဖြစ်ပါတယ်။

တစ်ချို့ကလည်း လူသားတွေကို အကောင်းမြင်ပါတယ်။ လူသားတွေဟာ အလွန် ယဉ်ကျေးကြသူများဖြစ်တယ်။ ကိုယ်ချင်းစာစိတ်ရှိကြတယ်။ အပြန်အလှန်ကူညီလေ့ရှိကြတယ်။ ကတိသစ္စာတည်ကြည်သူများဖြစ်ကြတယ်။ အသိဉာဏ် အမြင့်မားဆုံးဖြစ်တယ်။ ကိုယ်ကျင့်သိက္ခာ ကောင်းလွန်းလို့ သူတော်စင်တွေ (Saint) အထိဖြစ်တယ်။ ဒီ ကမ္ဘာကြီးမှာ လူသားသာလျှင် အမြင့်အမြတ်ဆုံးဖြစ်တယ်။ မဟာလူသားတွေဖြစ်တယ် ဆိုပြီး အကောင်းမြင်ဘက်က ကြည့်သူ တွေလဲရှိပါတယ်။ ဒါကြောင့်လူသားဆန်မှုတွေဟာ ဒါတွေပါပဲလို့ ပြောသူတွေလည်းရှိပါတယ်။

လူသားဆိုတာက နတ်သော်လည်းကောင်း၊ တိရိစ္ဆာန်သော်လည်းကောင်း၊ စက်ပစ္စည်းသော်လည်းကောင်း မဟုတ်တဲ့ သက်ရှိ သတ္တဝါကိုခေါ်တာဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် လူသားဆိုတဲ့ အမြင်ကို အကောင်းမြင် ဘက်ကသော် လည်းကောင်း၊
အဆိုးမြင်တစ်ဘက်တည်းကသော်လည်ကောင်း မြင်ဖို့ သိပ်တော့ အဆင်မပြေပါဘူး။ လူသားတွေဆိုတာက ဆန့်ကျင် ဘက် အစွန်းတွေ ဒွန်တွဲထားတဲ့ ပြောင်းလဲတတ်တဲ့ သတ္တဝါတစ်မျိုးသာဖြစ်ပါတယ်။ ဆိုးတဲ့လူရှိသလို ကောင်းတဲ့လူလဲရှိပါတယ်။
ဆင်းရဲသူရှိသလိုချမ်းသာသူလည်းရှိတယ်။ ရက်စက်ကြမ်းကြုတ်သူရှိသလို နူူးညံ့သိမ်မွေ့သူများလည်းရှိတယ်။ တွန့်တို သူများ ရှိသလို ပေးကမ်းလိုသူများလဲရှိတယ်။ ဒါပေမဲ့ ထူးခြားတာက လူသားတွေဟာ ပြောင်းလဲနိုင်တာပါပဲ။

တကယ်တော့လူသားဆန်မှုဆိုတာ လူသားတွေကို နားလည်နိုင်ခြင်းကစပါတယ်။ လူသားတွေဟာ သူတို့ ကြီးပြင်း လာရတဲ့ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုတွေ၊ အသိဉာဏ်အနုအရင့် တွေ အမျိုးမျိုုးကွာခြားလေ့ရှိပါတယ်။ ဒါကြောင့် အကြောင်းအရာတစ်ခုခု၊
အဖြစ်အပျက်တစ်ခုခုကို တုန့်ပြန်ကြတဲ့နေရာမှာ မတူကြပါ။ စကားပြောတတ်သူတွေဟာ စကားနဲ့ တုန့်ပြန်မှာဖြစ်ပါတယ်။ စာရေးတတ်သူတွေဟာ စာနဲ့တုန့်ပြန်မှာ ဖြစပါတယ်။ သေနတ်ပစ်တတ်သူတွေဟာ သေနတ်နဲ့ ပဲတုန့်ပြန်လေ့ရှိကြပါတယ်။
တစ်ချို့လူသားတွေဟာ ဒီလိုတုန့်ပြန်ကြပေမဲ့လည်း လူတွေဟာ သူတို့ဘာလုပ်နေတယ်ဆိုတာကို သူတို့ကိုယ်တိုင် မသိကြ ပါဘူး။ အင်္ဂလိပ်လိုနဲ့ ပြောရင် They know not what they are doing. လို့ဆိုပါတယ်။ ဒီသဘောကို နားလည်မယ်ဆိုရင်
ခွင့်လွှတ်တတ်လာမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက လူအပါအဝင် သတ္တဝါ အားလုံးကို လိုအပ်တာထက်ပိုပြီး မနာကျင်စေလိုတဲ့ သနားကြင်နာခြင်းဖြစ်ပါတယ်။ လူသားတွေဟာ အစာအဟာရအတွက် သတ္တဝါအချို့ကိုသတ်နေရပါတယ်။ ဒီလိုသတ်နေတာဟာ သတ္တဝါတွေကို နာကျင်စေ လိုတတ်ဆန္ဒနဲ့ သတ်တာ မဖြစ်စေရပါဘူး။ လူသားတွေရှင်သန်ဖို့အတွက်သာ အစားအစာအဖြစ် သတ်ရတယ်လို့ သတိရှိ ရ မှာဖြစ်ပါတယ်။ နောက်လူသားဆန်မှုတစ်ခုကတော့ လူသားတွေရဲ့ စဉ်းစားတွေးခေါ်မှုနဲ့အမူအကျင့်တွေကို လေ့လာခြင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် စာပေများ၊ ဘာသာစကားများ၊ သမိုင်းဖြစ်ရပ်များ နှင့် အတွေးအခေါ် ဒဿနိကတွေကို လေ့လာကြခြင်းဖြစ်တယ်။

ဒါကြောင့်လူသားဆန်မှု ဆိုတာ လူသားများကို နားလည်ခြင်း၊ သနားကြင်နာခြင်းနှင့် လူသားတွေရဲ့ စဥင်္းစားတွေးခေါ်မှုနဲ့ အမူ အကျင့်တွေကိုလေ့လာခြင်းဖြစ်ပါတယ်။ ဒါကြောင့် အသက်အရွယ်မရွေး၊ ကျားမမရွေး၊ဆူကြုံနိမ်ံမြင့်မရွေး လူသားတွေနဲ့တွေ့ ဆုံဆက်သွယ်ရာမှာ  လေးစားမှုနဲ့ မေတ္တာ တရားတိုကို အသုံးပြုပြီး ကောင်းမွန်သော လူ့အသိုင်းအဝိုင်းတစ်ခု ဖြစ် လာ စေရန် ရေးသားလိုက်ရပါသည်။

5 comments

  • PaukPhaw

    November 8, 2010 at 11:29 am

    ကြိုက်တယ်ဗျာ
    လူသားတွေအကြောင်းနားလည်ပြီး လူသားဆန်ချင်လိုက်ပါဘိ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 8, 2010 at 5:43 pm

    (တကယ်တော့လူသားဆန်မှုဆိုတာ လူသားတွေကို နားလည်နိုင်ခြင်းကစပါတယ်)
    (နောက်တစ်ခုက လူအပါအဝင် သတ္တဝါ အားလုံးကို လိုအပ်တာထက်ပိုပြီး မနာကျင်စေလိုတဲ့ သနားကြင်နာခြင်း ဖြစ်ပါတယ်)
    (လူသားတွေဟာ အစာအဟာရအတွက် သတ္တဝါအချို့ကိုသတ်နေရပါတယ်။ ဒီလိုသတ်နေတာဟာ သတ္တဝါ တွေကို နာကျင်စေ လိုတတ်ဆန္ဒနဲ့ သတ်တာ မဖြစ်စေရပါဘူး။ လူသားတွေရှင်သန်ဖို့အတွက်သာ အစားအစာအဖြစ် သတ်ရတယ်လို့ သတိရှိ ရ မှာဖြစ်ပါတယ်)

  • မြစပဲရိုး

    August 15, 2015 at 1:02 pm

    တို့ ရွှေပြည်ထဲ မှာတော့ “လူသားမဆန်လေ စီးပွါးဖြစ်ပြီး တိုးတက်လေ”။
    ဒါပေမဲ့ နေရာပျောက်မှာ ကြောက်နေရသမို့ စိတ်မအေးရတာ နဲ့ လူဖြစ်ရတဲ့ ဘဝ မှာ နေရတာ တန်မယ် မထင်။

  • Ma Ma

    August 15, 2015 at 11:48 pm

    ( ထူးခြားတာက လူသားတွေဟာ ပြောင်းလဲနိုင်တာပါပဲ။)
    လူသားတွေရဲ့ မတည်ငြိမ်တဲ့ စိတ်ဓာတ်၊ အပြောင်းအလဲမြန်တဲ့ စိတ်ဓာတ်တွေကြောင့်ပဲ ကမာ္ဘကြီးက အရောင်အမျိုးမျိုး ဆိုးခံနေရတယ်။

Leave a Reply