နေ့စဉ် ထိတွေ ့ဆက်ဆံ ကိုင်တွယ် အသုံးပြုနေရသော ဝဲ များအကြောင်း တစ်စေ့တစ်စောင်း

zinmyotunNovember 8, 20102min460

တော့ မထင်ပါနဲ ့ဗျာ ။ ညစ်ညစ်ပတ်ပတ်တွေ မဟုတ်ပါဘူး ။ တကယ်တော့ ဝဲ ဆိုတာ ကျွန်တော်တို ့ရဲ ့လက်ရှိ လူမှု ဘဝမှာ မရှိမဖြစ် အသုံးတော်ခံ တစ်ခုလို ဖြစ်နေပါပြီ ။ ခုထိ ဘာပြောလို ့ပြောမှန်းလည်း သိမှာ မဟုတ်ပါဘူး ။ တကယ်တော့ ဒီလိုပါ ။ ware (ဝဲ) ကိုပြောတာပါ ။

ကျွန်တော်တို ့နေ ့စဉ် အသုံးပြုနေရတဲ့ ကွန်ပျူတာ ရဲ ့အသုံးအနှုန်းတော်တော်များများကို ware ဆိုတဲ့ စကားလုံးနဲ ့အဆုံးသတ်ထားတယ် ဆိုတာ အားလုံး သိရှိပြီးသား ဖြစ်ပါလိမ့်မယ် ။

ဥပမာ – Software , Hardware , Adware , Spyware , Firmware

အစရှိသဖြင့်ပေ့ါ ။ ကွန်ပျူတာနဲ ့ရင်းနှီးတဲ့ သူတိုင်း term တော်တော်များများမှာ ware နဲ ့အဆုံးသတ်တာကို သတိထားမိကြပါလိမ့်မယ် ။ အဲ့ဒါကြောင့် အဲ့ဒီ ware နဲ ့ပတ်သတ်ပြီး ကျွန်တော် ဖတ်ရှုလေ့လာ ထားသလောက် ကို ပြန်လည် မျှဝေပေးလိုက်ရပါတယ် ။ တကယ်လို ့အမှားများ တစ်စုံတစ်ရာ ပါသွားခဲ့ရင်လည်း သည်းခံဖတ်ရှုပြီး ဝင်ရောက် ပြုပြင် အကြံပေးသွားကြပါဦးလို ့တောင်းဆိုလိုက်ရပါတယ်ဗျာ ။

Hardware

Hardware ဆိုတဲ့ အသုံးအနှုန်းကို အိမ်ဆောက်ပစ္စည်းကိရိယာတွေ ရောင်းတဲ့ဆိုင်မှာ အိမ်ဆောက်ပစ္စည်းကိရိယာတွေကို ရည်းညွှန်းပြောဆိုတဲ့အခါမှာ သုံးတာတွေ့မိပါတယ်။ ကွန်ပြူတာမှာတော့ Hardware ဆိုတာ ထိနိုင်၊ ကိုင်နိုင်တဲ့ ပစ္စည်းတွေဟာ Hardware တွေပဲဖြစ်ပါတယ်။ Printer, System unit, Monitor, Keyboard, Mouse, Power Supply unit စတာတွေကို hardware တွေလို့ခြုံပြီး ခေါ်ဝေါ်ပါတယ်။ ကွန်ပြူတာ ပြင်ဆင်ပေးတဲ့သူတွေကို hardware technician, hardware engineer လို့ခေါ်ပါတယ်။ အဲဒီလိုပြင်ဆင်နိုင်အောင် သင်ကြားပေးတဲ့ သင်တန်းမျိုးကို hardware training center စသဖြင့် သုံးတာမျိုးလည်းရှိပါတယ်။

Software

Software ဆိုတာကတော့ လုပ်ဆောင်ချက်ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ Program၊ ခိုင်းစေညွှန်ကြားချက်တွေစုစည်းထားတာကို ခေါ်ပါတယ်။ Operating System, Application တွေဟာ Software တွေဖြစ်ပါတယ်။ Software ရဲ့အဓိက အပိုင်းနှစ်ပိုင်းလို့ပြော နိုင်ပြီး Operating System က ကွန်ပြူတာ အလုပ်လုပ်အောင်နဲ့ Program တွေ၊ Application တွေ ကောင်းကောင်းမွန်မွန် တွဲဖက်လုပ်ဆောင်နိုင်အောင် ထိန်းကျောင်းပေးပါတယ်။ အဲဒီလို လုပ်ဆောင်ပေးတဲ့ Software ကို System Software လို့လည်းခေါ်ပါတယ်။

Application Software ဆိုတာကတော့ လုပ်ငန်းဆောင်တာတစ်ခုခုကို ပြီးမြောက်အောင် လုပ်ဆောင်ပေးပါတယ်။ ဥပမာ ပြောရရင် စာစီစာရိုက်တဲ့ Word processing software, စာရင်းဇယားတွေ တွက်ချက်ဖို့ Spreadsheet software, အင်ဂျင်နီယာပုံတွေရေးဆွဲဖို့ AutoCAD စတာတွေဖြစ်ပါတယ်။

တခြား Software တွေကတော့ ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာလုပ်ငန်းအတွက် Network Software ဖြစ်ပြီး Language Software ကတော့ Program တွေ ရေးသားရာမှာ သုံးစွဲတဲ့ Software ဖြစ်ပါတယ်။ တခြားအမျိုးအစားတွေ လည်းရှိပါသေးတယ်။

Software နဲ့ ဆက်စပ်သုံးစွဲလေ့ရှိတဲ့ အသုံးတွေကတော့ Software ရေးသားတဲ့ အင်ဂျင်နီယာတွေကို Software Engineer, Software ရေးသားတဲ့ အဖွဲ့အစည်းကို Software house, Software တွေရေးသား ဒီဇိုင်းလုပ်တဲ့သူတွေကို Software Developer, Software တွေစုစည်းပြီး သင့်တော်ရာ Program တွေကို စုစည်းရောင်းချတာမျိုးကို Software Package, Software suit ဆိုတာမျိုးလည်းသုံးပါတယ်။ Software တွေကို တရားမဝင် ကူးယူတာမျိုးကို Software နဲ့ ပင်လယ်ဓားပြ Pirate တွဲသုံးပြီး Software pirate or Software pravicy လို့ရေးသားသုံးနှုန်းပါတယ်။

Firmware

Software ရဲ့ လုပ်ငန်းစဉ်တွေကို hardware ဖြစ်တဲ့ Read Only Memory (ROM) ထဲမှာ ထည့်သွင်းတာမျိုးကို Firmware လို့ခေါ်ပါတယ်။ RAM (Random Access Memory) နဲ့မတူတဲ့ အချက်က ROM တွေဟာ မီးပိတ်ခဲ့ရင်၊ ပါဝါပြတ်တောက်သွားခဲ့ရင် သူ့ထဲက အချက်အလက်တွေ ပျောက်ဆုံးသွားတာမျိုး မဖြစ်အောင် လုပ်ထားပေးပါတယ်။ ကွန်ပြူတာတစ်လုံးရဲ့ စတင်လုပ် ဆောင်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ Low Level input/output instruction တွေကို Frimware ထဲမှာ ထည့်သိမ်းထားပါတယ်။ ကွန်ပြူတာမှာ BIOS (Basic Input/ Output System)လို့ ခေါ်တဲ့ ပစ္စည်းလေးဟာ Firmware ဖြစ်ပါတယ်။ CD ROM, DVD ROM, DVD Writer, CD Writer တွေမှာလည်း Firmware ထည့်သွင်းထားလေ့ရှိပြီး အဲဒီ Firmware ကိုပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုအပ်လို့ Update လုပ်တာမျိုးကို Firmware update လို့သုံးပြီး၊ Frimware ရဲ့ model အနိမ့်အမြင့်ကို သိရှိအောင် တစ်နည်းအားဖြင့် Version အနိမ့်အမြင့်ကို သိရှိအောင် နံပါတ်တွေနဲ့ ဖော်ပြထားလေ့ရှိပါတယ်။

Hard dirive တွေမှာလည်း Firmware ပါလေ့ရှိပြီး Version ဘယ်လောက်လဲဆိုတာ ရေးသားထားလေ့ရှိပါတယ်။ Hard drive တွေရဲ့ Firmware ကို Update လုပ်တာ မကြုံဖူးပေမယ့် CD, DVD တွေ Writer ကိုတော့ Firmware update လုပ်ဖို့လိုတာ သတိပြုမိပါတယ်။

သတိပြုရမှာတစ်ခုက ကွန်ပြူတာ System မှာ သုံးထားတဲ့ Firware ဖြစ်တဲ့ BIOS ကို Update လုပ်တာကို Firmware update လို့ သုံးလေ့မရှိပဲ Bio update လို့ပဲ ခေါ်ဝေါ်သုံးစွဲလေ့ရှိ ပါတယ်။

Freeware

Internet ဒါမှမဟုတ် user group တစ်ခုခု ကနေ အခမဲ့ သုံးစွဲခွင့်ပြု ကွန်ပြူတာ Program တွေကို Free ware လို့သုံးပါတယ်။ အဲဒီ Program ရေးသားသူတွေပေါ်မူတည်ပြီး တစ်ဆင့်ဖြန့်ချိတာမျိုးကိုတော့ လုပ်ခွင့်ပေးလေ့မရှိသလို ထပ်မံရောင်းချပိုင်ခွင့်မပြုတာမျိုး ရှိပါတယ်။

Shareware

Shareware တွေကတော့ စမ်းသပ်သုံးစွဲခွင့် ကာလတစ်ခု သတ်မှတ်ထားပြီး အဲဒီကာလ ကျော်လွန်သွားလို့၊ အသုံးပြုတဲ့ သူကဆက်ပြီး သုံးစွဲချင်တယ်ဆိုရင် Software ရေးသားသူကို သတ်မှတ်ထားတဲ့ အခကြေးငွေပေးတဲ့ Software အမျိုးအစားဖြစ်ပါတယ်။ အများအားဖြင့် Program အသေးလေးတွေ ဖြစ်ပြီး အင်တာနက်ကနေ Download လုပ်ရယူလေ့ရှိပါတယ်။

Shelfware

အသုံးသိပ်မတွင်ပေမယ့် တွေ့မိတတ်ပါတယ်။ မရောင်းရဘဲ လက်ကီအရောင်းဆိုင်ရဲ့ အရောင်းစင်ပေါ်မှာ အချိန်ကြာမြင့်စွာ ရှိနေတဲ့ Software သို့မဟုတ် အသုံးမပြုဘဲ ထားတာ ကာလကြာမြင့်ပြီဖြစ်တဲ့ Software တွေကို သုံးစွဲခေါ်ဝေါ်လေ့ရှိပါတယ်။

Spyware

Spyware ဆိုတာကတော့ အင်တာနက် ဆက်သွယ်ရာမှာ ကွန်ပြူတာသုံးစွဲသူရဲ့ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အဲဒီလူရဲ့ အချက်အလက်တွေကို ရယူတဲ့ Software သို့မဟုတ် Hardware ကိုခေါ်ပါတယ်။ သတင်းအချက်အလက် နည်းပညာခေတ်ကြီးထဲမှာ အဓိကအဟန့် အတား အနှောင့်အယှက် ဖြစ်စေတာ Spyware တွေဖြစ်ပါတယ်။

အင်တာနက်ကြည့်ရှုရာမှာ အခမဲ့ရရှိနိုင်တဲ့ Program တွေကို Download လုပ်ရယူရင်းနဲ့ Spyware တွေပါ တွဲပါလာတာမျိုး၊ ဗီဒီယိုတွေ၊ ပုံတွေကို download လုပ်ခွင့်ပြုထားတဲ့ site တွေကို ဆက်သွယ် download လုပ်တဲ့အခါမျိုးမှာ Virus တွေ၊ Spyware တွေပါ ပါလေ့ရှိပါတယ်။

Spyware တွေဟာ အသုံးပြုတဲ့သူ User ရဲ့ ပြုမှုလုပ်ကိုင်ပုံ အမူအကျင့်တွေကို စောင့်ကြည့်နေတာမျိုး၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ခိုးယူတာမျိုးအပြင် Software တွေ Install လုပ်တာ၊ Web Browser ကိုလမ်းကြောင်းပြောင်းပစ်တာမျိုးလည်း လုပ်ဆောင်လေ့ရှိပါတယ်။ များသောအဖြင့် Personal Computer တွေနဲ့ Microsoft Windows သုံး Desktop Computer တွေမှာ ကူးစက်ခံရလေ့ရှိပါတယ်။

Adware

ဗန်းစကားအနေနဲ့ သုံးတာပါ။ Software ကို အခမဲ့ သုံးစွဲခွင့်ရပေမယ့် Sponsor လုပ်တဲ့သူရဲ့ ကြော်ငြာပါ တွဲထည့်ပေးထားပြီး အဲဒီ Program ကို Run လိုက်တဲ့အချိန်မှာ ကြော်ငြာပေါ်လာတာမျိုး ဖြစ်အောင်လုပ်ထားပါတယ်။ Software ရေးသားသူဟာ Software ထဲမှာ ကြော်ငြာထည့်သွင်းထားတဲ့အတွက် သူရဲ့ထုတ်လုပ်မှုကုန်ကျစရိတ် ကာမိအောင်လုပ်ထား တာဖြစ်ပြီး၊ များသောအားဖြင့် Program ရဲ့ ထိပ်ပိုင်းခေါင်းစည်းနေရာမှာ၊ ဒါမှမဟုတ် အောက်ခြေဘက်မှာ ကြော်ငြာပေါ်နေတာမျိုး လုပ်ထားပါတယ်။ Adware တွေဟာလည်း Internet Online ဆက်သွယ်မှုနဲ့ဆက်စပ်မှုရှိနေပြီး၊ အသုံးပြုတဲ့ သူရဲ့စိတ်ဝင်စားမှု၊ ဝင်ရောက်ကြည့်ရှုတဲ့ site အခြေအနေပေါ်မူတည်ပြီး ဆက်စပ်မှုရှိတဲ့ ကြော်ငြာတွေကို ကြော်ငြာတာဖြစ်ပါတယ်။ Program ရေးသားသူ တော်တော်များများက အခကြေးငွေအနည်းငယ် ပေးခဲ့ရင် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ကြော်ငြာတွေကို ဖယ်ရှားပေးလေ့ရှိပါတယ်။ တစ်နည်းအားဖြင့်တော့ ကြော်ငြာမထည့်စေချင်ရင် ပိုက်ဆံနည်းနည်းပေးဖို့လိုပါတယ်။ တချို့ကြော်ငြာတွေကတော့ ဘယ်ကမှန်းမသိ၊ ဘယ်အချိန်ကထည့်သွင်းလိုက်မှန်းမသိဘဲ သင့်ကွန်ပြူတာရဲ့ Cookies and Registry key တွေမှာ ဝင်ရေးသွားတာမျိုးလည်းရှိပါတယ်။ အဲဒီလို Program မျိုးကို ဖယ်ရှားချင်ရင် Lavasoft ရဲ့ Adware Program မျိုးကို သုံးစွဲပြီးဖယ်ရှား ကာကွယ်ထားဖို့လိုပါတယ်။

Bridgeware
မတူညီတဲ့ ကွန်ပြူတာနှစ်လုံးရဲ့ Application ဒါမှမဟုတ် Data file တွေကို Convert လုပ်ပြောင်းလဲပေးတဲ့ Hardware or Software ကို Bridgeware လို့ခေါ်ပါတယ်။

Malware

Malicious and Software စကားလုံးနှစ်လုံးကိုပေါင်းပြီး အတိုကောက် Maleware လို့သုံးထားတာဖြစ်ပါတယ်။ သူတစ်ပါးကို မနာလိုဝန်တိုဖြစ်ပြီး မလိုတမာစိတ်နဲ့ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်ရေးသားထားတဲ့ Software ဖြစ်ပါတယ်။ ကွန်ပြူတာသုံးစွဲသူအနေနဲ့ Malware တွေကွန်ပြူတာထဲ ဝင်ရောက်တာကို ဘာမှသိလိုက်မှာမဟုတ်ဘဲ ဝင်ရောက်နှောင့်ယှက် ဖျက်ဆီးခံရမှ သိနိုင်တာမျိုးဖြစ်နိုင်ပါတယ်။ Malware တွေကို Badware လို့လည်း ခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။ ဖန်တီးရေးသားသူပေါ် မူတည်ပြီး ပျက်စီးချွတ်ယွင်းမှုအမျိုးမျိုး ဖြစ်နိုင်သလို၊ Worm, Trojan horses spyware, adware တွေတွဲ ထည့်ပေးထားမျိုးလည်းဖြစ်နိုင် ပါတယ်။

အဲ့လောက်ဆို အကုန်လုံး မဟုတ်တောင် ware နဲ ့ဆုံးတဲ့ စကားလုံး တစ်ချိူ ့တစ်ဝက်လောက်ကို သေချာ သိရှိလောက်ပြီလို ့ထင်ပါတယ် ။ အမှားများ ရှိရင် ဝင်ရောက် ထောက်ပြပြီးးးး … နောက်ထပ် ကျွန်တော် မသိသေးတဲ့ စကားလုံး တစ်ချိူ ့ကိုလည်း ဆက်လက်ဆွေးနွေးပေးခဲ့ကြပါဦးဗျာ ………. ။

Htet Zaw
MMiTD