မန္တလေးတွင် NDF ပါတီ ကိုယ်စားလှယ် အားလုံး ကြံ့ဖွံ့ကို ရှုံးနိမ့် (Breaking News)

Good IdeaNovember 8, 20101min1169

မန္တလေးတိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် NDF ပါတီမှ ကိုယ်စားလှယ်လောင်းအားလုံး ရှုံးနိမ့်သွားကြောင်းသိရသည်။

NDF ပါတီမှ ဦးတင်အောင်အောင်၊ ဒေါက်တာ လှစိုးညွန့်၊ ရှေ့နေဦးအောင်ခိုင်၊ ဦးခင်မောင်သက်တို့အပါအဝင် NDF ကိုယ်စားလှယ်လောင်း အားလုံးမှာ စစ်အစိုးရပါတီ ကြံ့ဖွံ့ကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ရ ရက်နေ့ ရပ်ကွက်တွင်း ကောက်ခံသည့် မဲများတွင် NDF ပါတီ ကိုယ်စားလှယ်များ အနိုင်ရကာ အခြေအနေ ကောင်းနေသော်လည်း ဝန်ထမ်းများ၊ စစ်တပ်နယ်များမှ လာသော ကြိုတင်မဲများကြောင့် ယခုလို ရှုံးနိမ့်ခဲ့ကြခြင်း ဖြစ်သည်။

ချမ်းအေးသာဇံမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဝင်ပြိုင်သည့် NDF ပါတီကိုယ်စားလှယ် ဦးခင်မောင်သက်သည် ယနေ့ နံနက် ၄ နာရီအချိန်အထိ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ကျော်မြင့်ကို အနိုင်ရနေခဲ့သော်လည်း မိုးလင်းချိန်တွင် မြို့နယ်ကော်မရှင်မှ ပေးပို့လာသည့် ကြိုတင်မဲ ၃ ထောင် ကြောင့် ရှုံးနိမ့်ခဲ့ရသည်။

ဒေါက်တာ ကျော်မြင့်သည် ကြိုတင်မဲများမှ ထောက်ခံမဲ ၃၃၇၆ မဲ ရရှိခဲ့ပြီး ဦးခင်မောင်သက်မှာ ကြိုတင်မဲ ၈၅၆ မဲ သာရရှိခဲ့သဖြင့် ၂၅၀ဝ ကျော် ကွာဟနေသည့် ကြိုတင်မဲကြောင့် အဆုံးသတ်တွင် အရေးနိမ့်ခဲ့သည်။

9 comments

  • april

    November 8, 2010 at 2:13 pm

    ဟွန်း…မတရားလိုက်တာနော်…

  • love empress

    November 8, 2010 at 2:27 pm

    နိုင်မှာပေါ့ ကျန်းမာရေးဝန်ကြီးဒေါက်တာကျော်မြင့်ကဦးသန်းရွှေရဲ့သမားတော်ကြီးလေ
    သူကပန်းနာရင်ကြပ်အထူးကုကနေကျန်းမာရေးဝန်ကြီးဖြစ်လာတာ

  • tunaung

    November 8, 2010 at 2:52 pm

    ကဲမှတ်ပြီလါးပြိုင်ချင်အုံးလေ…

  • winkyawaung

    November 8, 2010 at 3:56 pm

    ပွဲမစခင်ကကို အဖြေထွက်ပြီးသားပါဗျာ..။

  • nay phonehlan

    November 8, 2010 at 4:29 pm

    မဟုတ်သေးဘူးနော် မန္တလေး နေပြည်တော်မှာတကယ်တော့ မြန်စစ်တွေမနေတော့ပါဘူး မြန်မာတွေက မဲနပေးဘူးနေတယ်ထား နအဖ မဲခိုးစရာတောင် မလိုအောင် အမာခံ ဝလို့ ရှိလည် လေ.. မောစ့် ပြော သလို ဝင်းလိုင်လာလည်၊ရာဇာလာလည်၊ အောင်ရှော့တင့်လာလည် အီရက် စောက်လည် ဝီလိုဝီလိုဖီလည်… ကျွန်တော်လီး အီပေးအီယူ မလုပ်နော် အားကြီးအားပေး ထားတယ် မီမာပြီကောင်းစားရီးအီတွက်နော်………။အရင်းရှင်မြန်မာအယောင် ဆောင်တွေကြောင့်သာ ရှုံး ရတယ်လို မြင်ပါတယ်။။။

  • etone

    November 9, 2010 at 2:34 am

    မရုံးပဲနေတော့မလား ။ တခြားပါတီအနိုင်ရခါနီကျရင် ဘယ်ကမှန်းမသိတဲ့ ကြိုတင်မဲတွေလာလာပုံနေမှတော့…ဟွန်း ။

  • ဆူး

    November 9, 2010 at 2:44 am

    ဒီသတင်းလေး ဖတ်ရတာ စိတ်မကောင်းလိုက်တာ..
    မနေ့က သူငယ်ချင်း တယောက်က လာမေးတယ်
    နင်မဲပေးလားတဲ့.. *အေး.. ငါပေးတယ် နင်ကောလို့ * မေးတော့.. *ငါလည်း ပေးတယ်.. *
    *နင်ဘာပေးလဲ* မေးလိုက်တော့… *နင်ကလည်း မသိတာလည်း မဟုတ်ဘဲနဲ့.. ငါတို့က ခြင်္သေ့ပေါ့*လို့ပြောတော့ *နင်ကလည်း ဘာလို့ ခြင်္သေ့ ပေးရတာလဲ နင်မပေးလည်း ဘယ်သူမှ သိတာမှာ မဟုတ်တာ* ဆိုတော့.. *ငါနာမည်နဲ့ နံပါတ်စဉ်ကြီးနဲ့လေ.. ငါတို့က မဖြစ်မနေပေးရမှာဘဲဟော.. ငါအဖေက ဝန်ထမ်းဆိုတော့.. ကဲ… တော်ပါပြီဟာ.. တတ်နိုင်ဘူး* အဲဒီလိုပြောသွားလေရဲ့..

  • juezinko

    November 9, 2010 at 3:52 am

    ဟားဟား…….ဘယ်သူမှမဲမပေးလဲ သူကနိုုင်ပြီးသားလေ………သိဘူးလား…..ငါကတော့မပေးဘူး………………ဟီဟီ

  • moethidasoe

    November 9, 2010 at 6:30 am

    မဲလက်မှတ်မှာ အမှတ်စဉ် ထိုးထားတယ် ဆိုလို့ရှိရင် ပယ်မဲ ဖြစ်ရမယ် .. မဲလက်မှတ်မှာ မဲရုံမှူးလက်မှတ်ရယ် .. အကွက် တစ်ကွက်ထဲမှာပဲ ပုံမှန် ခြစ်ထားတဲ့ အမှတ်အသားက လွဲ့လို့ ကျန်တဲ့ အမှတ်အသားပါရင် ပယ်မဲပဲ .. (ကြိုတင်တွေကို ဒီလို လုပ်ထားတယ် လို့ ပြောသံ ကြားတယ် .. ဒါကြောင့်လဲ ထည့်တဲ့လူက တခြား ဘယ်ထည့်ရဲမှာလဲ .. ကောလဟလ ဖြစ်ပါစေလို့ ဆုတောင်းမိတယ်… ဒါပေမယ့် ဆူးက အတည်ပြုသွားတော့ ..)
    မှတ်ချက် ။။ ခြင်္သေ့ကို ခြစ်ထားတဲ့ မဲ ဆိုရင်တော့ မပယ်လောက်ဘူးထင်တယ် ..

Leave a Reply