“မတင်စကောင်း တင်စကောင်း မရေးစကောင်း ရေးစကောင်း”

ပြီးခဲ့တဲ့ လေးငါးရက်လောက်က နန်းရှေ့အောင်တော်မူမှာနေတဲ့  အမျုးိတွေအိ်မ်ကို မရောက်တာလဲကြာတော့ မြို့သစ်ကိုသွားရင်ဝင်ဖြစ်ပါတယ်။                                                               အဲဒီအိမ်ရောက်တော့ မတွေ့တာကြာတဲ့ဆွေမျိုးတွေနဲ့တွေ့တော့ ဟိုရောက်ဒီရောက် ရှေးဟောင်းနှောင်းဖြစ်တွေပြောကြပါတယ်။ ရှေးဟောင်းဟောင်းနှောင်းဖြစ်တွေဆိုတော့ ရီစရာလဲပါ မောစရာလဲပါပေါ့ ။နောက်ပြောနေရင်းကနေ အမတစ်ယောက်က “နင်တို့ဦးလေး”ကြောင်သူတော်”လဲပြီးခဲ့တဲ့မေလက အပူလှိုင်းဖြတ်တော့ ဆုံးသွားတယ် နင့်အိမ်ကိုသွားပြောတော့ အိမ်တံခါးပိတ်ထားတယ် နင်တို့ခရီးထွက်သွားတယ်လို့ ဘေးအိမ်ကပြောလိုက်တယ်” လို့ မျက်ရည်လေးစမ်းစမ်းနဲ့ ပြောရှာပါတယ်။                                                                                                  ဒါနဲ့ဘဲသူတို့နဲ့အတော်ကြာကြာစကားပြောပြီးပြန်လာခဲ့ပါတယ်။                                                                                                                                                                                                              ဦးလေး”ကြောင်သူတော ်”လို့ပြောလိုက်တော့ သူနဲ့အရွယ်တူ “ပါလေရာ” ကိုသွားသတိရပါတယ်။ ကျနော်တို့ဆွေမျိုးတွေက ဒီလိုနာမယ်ပြောင်လေးတွေကို နောက်ပြောင်ပြီးခေါ်ရင်းကနေ အတည်လိုလိုဖြစ်သွားပြန်ပါတယ်။ အမြဲတမ်းလိုလိုဆေးခန်းသွားနေရတဲ့ သူကို ယတြာချေတဲ့အနေနဲ့ပေးထားတာက” သံလုံး”၊မိန်းမနှစ်ယောက်ရှိတဲ့ဦးကြီးကတော့ တစ်ယောက်က                ( ဆရာ)လို့ သူ့ကိုခေါ်ပြီး နောက်တစ်ယောက်ကတော့ ဘိုဆန်ဆန်(မောင်)လို့ခေါ်တဲ့ အတွက် ကျနော်တို့ ပေးတဲ့နာမယ်က” ဆေးနီလုံး”(ကျနော်တို့ ငယ်ငယ်က ဆရာမောင်ဆေးနီလုံးဆိုတာ နာမယ်ကြီးမြန်မာဆေးပါ)။အမြဲတမ်းယောက်ျား သွားလေရာကို တစ်ကောက်ကောက်လိုက်တတ်တဲ့ အဒေါ်လေးကို တော့ “တောက်တဲ့”။မိန်းမကို အရိပ်တကြည့်ကြည့်နေတတ်တဲ့ ဦးလေးကိုတော့ (အနားပြာ)။သူ့ယောက်ျားကို ကိုကို ကိုကို နဲ့ချွဲတတ်တဲ့ မရီးကိုတော့ (ပက်ကျိ)ဒါတွေက ကွယ်ရာမှာသာခေါ်ရဲတာပါ ရှေ့မှာခေါ်ကြည့်ပါလား ဆော်ပလော်တီးခံရမှာပေါ့။နောက်တာ့လည်း ဒီနာမယ်တွေက အတည်လိုလိုဖြစ်ကုန်ပါတယ်။

ကြောင်သူတော် တို့ ပါလေရာ တို့ကလည်း ကျနော်တို့ နောက်ပြီးခေါ်ရာကနေ တွင်သွားတဲ့နာမယ်တွေပါ။                                                                                                                                    ဒီဦးလေးနှစ်ယောက်လုံးမှတူတာကတော့ ဆေးလိပ်ကြိုက် အရက်ကြိုက်တတ်ကြသလို အပေါင်းအသင်းတွေနဲ့ ဝိုင်းဖွဲ့တတ်ကြတာပါ။       မတူတာကတော့  ပါလေရာ က တော့ကျနော်တို့ကိုလိုက်လိုက်လျောလျောနေတတ်ပေမယ့်  ကြောင်သူတော်ကတော့ သိပ်အရောမဝင်တတ်ပါဘူး အထူးသဖြင့် သူ့သူငယ်ချင်းတွေနဲ့ဝိုင်းဖွဲ့နေချိန်မျိုးမှာပေါ့။                    ကျနော်တို့ ညီအကို တစ်တွေကလည်း  ဦးလေးနှစ်ယောက်ရှိတဲ့အထဲက ပါလေရာ ကိုပိုပြီးခင်ပါတယ်။ ပါလေရာ ကတော့ ကျနော်တို့ကလေးတွေ ဘာလုပ်လုပ် လိုက်ရောပါတယ် ကြိုက်တာလုပ် မဆူဘူး( လူဆိုတာ စုံမှကွ)  လို့ပြောတတ်သလို ဘယ်နေရာလေးဖြစ်ဖြစ် သူမသိလိုက်တာ မပါလိုက်ရတာ မရှိသလောက်ဆိုလို့လည် း ပါလေရာ ဆိုတဲ့ ဘွဲ့ကိုပေးထားကြတာပါ။                                                                                                                                                                                                                                                  ကြောင်သူတော်ကတော့ တွေ့တာနဲ့ ဆုံးမစကားတွေပြောတတ်ပါတယ်။  သူကတော့ ဆေးလိပ်လက်ကြားကမချ အပေါင်းအသင်းစုံရင် အရက်ကလေးကတမြမြ ကျနော်တို့နဲ့ တွေ့ရင် အရက်မသောက်ဘို့ ဆေးလိပ်မသောက်ဘို့ တရားဟောတဲ့ အပြင် လူကြီးတွေရှေ့ကျ သူက ဘာမှမလုပ်တတ်သလို နေပြတတ်လို့ သူ့ကို ကြောင်သူတော်လို့ကျနော်တို့ကခေါ်တာပါ။

ကျနော်တို့လူပျိုပေါက်အရွယ်ရောက်လာတော့ လူငယ်စိတ်နဲ့ အရာရာကိုစမ်းချင်လာပါတယ်။ ရုပ်ရှင်ထဲက မင်းသား စီးကရက်ကို ဟန်ပါပါခဲတာ ဆေးပေါ့လိပ်ကို ခဲထားတာလေးတွေ၊နောက်ရုပ်ရှင်ထဲမှာ မင်းသားက အရက်ခွက်လေးကို လှည့်လှည့်ကိုင်ပြီး နှုပ်ခမ်းလေးနဲ့ ဖန်ခွက်မထိတထိလေး လုပ်ပြီးသောက်ပြတာမျုးိဆိုရင်သိပ်သဘောကျခဲ့တာပေါ။ကျနော်တို့ ကလဲ မကောင်းတာကို လက်တဲ့စမ်းချင်တဲ့အချိန်မျိုး တစ်ခါတစ်လေ ဦးလေးတွေ ချထားတဲ့ဆေးပေါ့လိပ်ကို ကောက်ဖွာတာမျုးိ လုပ်တာများ ကြောင်သူတော်နဲ့ တွေ့ရင် နားရင်းအုပ်ပါတယ်။ သူတို့သူငယ်ချင်းတွေ ဝိုင်းဖွဲ့နေတဲ့အရက်ဆိုင်နားကိုဖြတ်သွားရင် မမြင်ချင်ယောင်ဆောင်နေတတ်သလို တွေ့တာနဲ့ အရက်မကောင်းကြောင်း ဆေးလိပ်မကောင်းကြောင်းတွင်တွင်ပြောပါတယ်။ လက်သုံးစကားကတော့  ” သွားပြီးအစမလုပ်နဲ့နော် “ တဲ့။                                      ဒီတော့လဲ ကျနော်တို့က ကြောင်သူတော် ကိုခပ်ခွာခွာနေပါတယ် စိတ်ထဲမှာတော့ သူကတော့လုပ်ချင်ရာလုပ်ပြီး ငါတို့ကျတော့လိုက်ပြီး နေရာတကာ ဆရာလုပ်တယ်ဆိုတဲ့ အတွေးနဲ့ပေါ့။

ပါလေရာ ကတော့ သူနဲ့ဆန့်ကျင်ဘက် ။သူ့ဆေးလိပ်မီးကို မီးညှိခိုင်းတတ်ပါတယ်။သူဆေးလိပ်သောက်မယ်ဆိုရင ်ကျနော်တို့ က ဆေးလိပ်မီးညီပေးဘို့ အပြေးအလွှားသူ့နားကိုအလုအယက်သွားကြပါတယ်။ သူကကျနော်တို့ကို ဆေးလိပ်မီးညှိခိုင်းတဲ့အခါ ဆေးလိပ်မီးခိုးများသီးသွားလို့ ချောင်းတဟွတ်ဟွတ်ဖြစ်ရင် သူက ရီနေတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ဆေးလိပ်ကိုဟန်ပါပါ ဖွာပြီး မျက်နှာနားကပ်လို့      မီးခိုးတွေနဲ့မူတ်ထုတ်တတ်ပါတယ်။    ပြီးမှ ဆေးလိပ်ကို ပါးစပ်နားတေ့ပေးပြီး ဆေးလိပ် ဘယ်လို ဖွာရတယ် ပြီးရင်ဘယ်လိုရှိုက်လိုက်ရတယ် မီးခိုးကို ဘယ်လိုသိမ်းထားရတယ် ပြီးရင်ဘယ်လိုမူတ်ထုတ်ရတယ်ဆိုတာကို သဘောတရားရောလက်တွေ့ပါ သင်ပေးပါတော့တယ်။ဒီလိုအခါမျိုးမှာ ကျနော်တို့ကလဲ အခုဘဲ လူရာဝင်သွားတာလို လို နဲ့စိတ်ကြီးတွေဝင်ကုန်ပါတယ်။ ကျနော်တို့ ပါလေရာ တို့ အိမ်ဘက်ရောက်ပြီဆိုတာနဲ့ သူသောက်တဲ့ ဆေးလိပ်ကို ယူပြီးကောက်ဖွာလို့ ဂိုက်ပေးတာ ကနေ ဆေးလိပ်သောက်တတ်တဲ့ ဘဝကို ပိုင်ဆိုင်သွားပါတယ်။

နောက်အရက်ကျတော့လည်းထိုနည်း ၎င်းလို့ ပြောရင်ရပါတယ်။ တစ်ခါတစ်လေ ကျနော်တို့ကို သူ့သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့တဲ့ အရက်ဆိုင်ကိုခေါ်သွားပါတယ်။ အစကတော့ သူတို့လေကန်တာနားထောင် အမြည်းစားပေါ.။နောက်တော့ တငုံလောက်သောက်ကြည့် ဆိုပြီး အစမ်းခိုင်းပါတယ်။ မျက်နှာများ ရှုံ့မဲ့လို့သွားရင် ဝိုင်းဟားကြပါတယ်။ပျော်စရာကြီးပေါ့နော်။နောက်တော့လဲ ကျနော့်အတွက် တစ်ခွက်လောက်တော့ ဝင်သောက်ဘို့ အခွင့်ပေးပါတယ်။       အရက်ကိုဘယ်လိုသောက်ရတယ် ဘယ်လိုခံစားရတယ်ဆိုတာတွေကို ဋီကာချဲ့လို့ သင်ပေးပါတော့ တယ်။    အရက်တင်မက ကွမ်းစားတာ ကွမ်းကိုပါးစောင်ထဲမှာဘယ်လိုငုံထားတာ ဘယ်လိုထွေးရတာ ဆိုတဲ့ အဆင့်မြင့်မြင့် ဆေးလိပ်သောက် ကွမ်းစား အရက်သောက် အကုန်သင်ပေးပါတယ်။ကျနော်တို့ မှာ သူငယ်ချင်းတွေကြားမှာ ဟန်ပါပါနဲ့ ပဲတွေများ ပြီး ကျနော်တို့လိုမလုပ်တတ်တဲ့ သူဆိုရင် ဆရာကြီးပြန်လုပ်ရတာကိုက အရသာတစ်မျုးိပေါ့။     ပြီးရင် သူငယ်ချင်းတွေကို ဘယ်နဲ့ ညာနဲ့ ကြွယ်ပြရတာလဲအမောပါဘဲ။အဲဒီတုန်းကတော့ ဒီကိစ္စတွေမှာ ကျနော်တို့က ဆရာကြီးပါဘဲ။                                                                                                                                                                                                                                                                                                                               ငယ်ငယ်တုန်းကတော့ သိပ်ချစ်တာပေါ့ ပါလေရာကြီးကို ။                                                                                                                                                                                                          ခေတ်အမြင်ရှိတယ် လူငယ်တွေကို နားလည်တယ် ပွင့်လင်းတယ်ပေါ့။သူကတော့ ဘယ်အချိန်တွေ့တွေ့  “လူဆိုတာစုံမှ” ဆိုတဲ့ တရားက ကျနော်တို့ ကျင့်သုံးတဲ့တရားဖြစ်လာပါတယ်။အဲဒီရဲ့ရလဒ်ကတော့ ကျနော်တို့ ညီအကိုတစ်တွေ ဆေးလိပ်သောက်တတ်တယ် အရက်သောက်တတ်တယ် ကျန်တာတွေလဲ အကုန်လုပ်တတ်တယ် ။  အစုံလုပ်ဘူးတာကို ဂုဏ်ယူတတ်တဲ့ လူတွေ စာရင်းဝင်သွားပါတယ်။ ကျနော် တို့ချစ်တဲ့ ပါလေရာက အသက်လေးဆယ်လောက်မှာ အသဲကင်ဆာနဲ့ကွယ်လွန်သွားပါတယ်။ အရွယ်ကောင်းလေးပေါ့ နေမယ်ဆိုရင်လဲ နေလို့ရသေးတဲ့ အရွယ်မှာ ကွယ်လွန် သွားတော့ ချစ်တဲ့ဦးလေးဆိုတော့ လဲ ယူကျုံးမရဖြစ်ခဲ့ကြရပါတယ်။                                                         လွန်ခဲ့တဲ့ လေးနှစ်လောက်ကတော့ ကျနော့်သွားတွေ က ပဲ့ရွဲကုန်ပြီးဖာလို့လဲမရ တစ်ခြမ်းစားတွေဖြစ်ကုန်ပါတယ်။ ကွမ်းထဲမှာပါတဲ့ ဆေးကြောင့်သွားခိုင်မခိုင်တော့ မသိဘူး ကွမ်းအစားကောင်းတော့ သွားတွေပဲ့ကုန်လို့ ကွမ်းဖြစ်လိုက်ရပါတယ်။ ကွမ်းဖြတ်တဲ့ အခါ အံတွေကြွလာတော့ ပါးစပ်ထဲက သွားရေတမြားမြားကျလို့  အင်မတန်ရွံစရာကောင်းပါတယ်။ ဘေးက အကြောင်းမသိတဲ့လူက ကြည့်ရင် သွက်ချာပါဒဖမ်းနေတာ ကိုယ့်သွားရေတောင်ကိုယ်မထိန်းနိုင်ဘူးထင်မှာပါ။ ထမင်းမစားနိုင် ဘာမစားနိုင် တစ်ပါတ်ကျော်ကျော်လောက်ခံလိုက်ရပါတယ်။ မနှစ်ကတော့ အသက်ရူတွေ မဝ မောမောလာလို့ ဆေးခန်းသွားပြတော့ ဆရာဝန်လေးက အသက်ရှည်ချင်ရင် ဆေးလိပ်နဲ့အရက်ကိုဖြတ်ပါလို့ ဆုံးမလိုက်ပါတယ်။ အရက်ကတော့ တရားလွန်သောက်တဲ့လူမဟုတ်တော့ ပြဿနာ သိပ်မရှိပေမယ့် ဆေးလိပ်ဖြတ်ရတာတော့ အတော်လေးခက်ခဲပါတယ်။ ထမင်းစားပြီးရင် ခံတွင်းချဉ်လာတာလိုလို တစ်ခုခုဘဲလိုတာလိုလိုနဲ့ အာသာမပြေပါဘူး။ နေရထိုင်ရတာ သိပ်အဆင်မပြေပါဘူး။ မိတ်ဆွေတွေနဲ့ ဧည့်ခံပွဲလိုမျိုးတွေ့ရင် အရင်လိုသောက်တယ်မှတ်ပြီး ဇွတ်အရက်တွေတိုက်လို့ မသောက်တော့ တဲ့ အကြောင်း လူမိုက်ကြီးမဟုတ်တော့တဲ့အကြောင်းကို ရှက်ရှက်နဲ့ အဖြေပေးရပြန်ပါတယ်။ လက်ဖက်ရည်ဆိုင်ကို  ထိုင်မိပြန်ရင်လည်းဆေးလိပ်နဲ့ဧည့်ခံ ရင် ငြင်းရပြန်ပါတယ်။ တစ်ချို့က ဇွတ်ကို တိုက်တော့ စိတ်အနှောင့်အယှက်ဖြစ်ရပြန်ပါတယ်.။

အဲဒီအခါမှာတွေးမိတာ သွားလေသူကို အပြစ်တင်တာတော့လည်းမဟုတ်ပါဘူး။ တကယ်လို့များ ပါလေရာက ကျနော်တို့ကို ကြောင်သူတော်လို့ တားဆီးခဲ့မယ်ဆိုရင် ကျနော်တို့ကလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွမ်း ဆေးလိပ် အရက်    တွေကို သောက်တတ်စားတတ်မှာ မဟုတ်ဘူးလို့တွေးမိပါတယ်။

လူငယ်တွေမှာ အတွေးမှား အယူမှားတွေ စတင်စွဲကပ်နိုင်တဲ့အရွယ်ကတော့ 13-14နှစ်အရွယ်ပါဘဲ။ ဒီအချိန်မှာ ဘာမဆို စမ်းသပ်ချင်တဲ့ သိချင်တဲ့အရွယ်။ ကိုယ်လုပ်ရင်လဲ  အကုန်ဖြစ်မယ် ထင်ပေမယ့် အမှားအမှန်ကို ခွဲခြားနိုင်စွမ်းမရှိတာကလဲ သေချာပါတယ်။ ဒီအရွယ်မှာ မှားယွင်းတဲ့ အယူအဆတွေ ကို သင်ကြားပေးခံရတာဘဲဖြစြ်ဖစ် ကြီးတဲ့လူက မှားနေတာကို မှန်ပါတယ်လို့ ခပ်တည်တည် အထောက်အထားတွေနဲ့ ပြောတာ ရေးတာ သင်ပေးတာ ကို ဖတ်လိုက်ရရင် အမှားကို အမှန်ထင်လို့ တစ်သက်လုံး ဒီအယူအဆကို လက်ခံလို့ အမှားကြီးအတိုင်းဘဲနေသွားတတ်ကြပါတယ်။ အပွင့်လင်းဆုံးပြောရင် ကျနော်ကို်ယ်တိုင်လဲ အရက်သောက်တာ ကွမ်းစားတာ ဆေးလိပ်သောက်တာကို အမှားတစ်ခု မလုပ်သင့်တဲ့အလုပ်ကို လုပ်နေမိတယ်လို့ မတွေးခဲ့ဘူးတာအမှန်ပါ။

ဆက်စပ်လို့ပြောရရင်တော့ အခုမိမိခံယူထားတဲ့ အတွေးအမြင်တွေကို လွတ်လပ်စွာ ရေးလို့အင်တာနက်မှာ တင်ကြပါတယ်။                                                                                                     လူ့လောက အသိုင်းအဝိုင်းကလက်မခံနိုင်တဲ့ အတွေးတွေ

မဖြစ်သင့် မဖြစ်ထို်က်တဲ့ ကိစ္စတွေ ၊

လူကြားသူကြား ဖွင့်ပြောစရာမလိုတဲ့ အကြောင်းတွေ

သဘာဝတရားနဲ့ ဆန်ကျင့်နေတဲ့ ကိစ္စမျိုးတွေ ကို မှန်တယ်လို့ ထင်ရလောက်အောင် နည်းပေးလမ်းပြလုပ်ပြီးရေးထားတာတွေကို                                                                                                အင်တာနက်စာမျက်နှာမှာ အခုတလော တခမ်းတနားနဲ့တွေ့နေရပါတယ်။အင်တာနက်ဆိုတာက အလွယ်တကူဝင်ဖတ်လို့ရတဲ့ ဖတ်လဲဖတ်နေကြတဲ့ အသုံးပြုနေကြတဲ့ နေရာဖြစ်ပါတယ်။

ဖတ်တဲ့လူကလဲ အသက်အရွယ်မရွေး လူမျုးိမရွေး ကိုယ်ဝင်ထားတဲ့ဆိုက်မှာ တင်ထားတာတွေ့ရင်ဖတ်ကြပါတယ်။                                                                                                                         13-14နှစ်အရွယ် ကလေးတွေကလဲ အင်တာနက်ဆိုင်တွေမှာ ဝင်ပြီး ဂိမ်းဆော့ကြ စာတွေဝင်ဖတ်ကြလုပ်တာကို လဲ တွေ့နေရတာအမှန်ပါဘဲ။ ဒီတော့ စဉ်းစားတွေးခေါ်နိုင်တဲ့ အရွယ် ဝေဖန်ပိုင်းခြားတတ်တဲ့အရွယ် တွေဖတ်တာကတော့ ကိစ္စမရှိဘူးဆိုနိုင်ပေမယ့် လူ့ဘဝကို စတင် ဝင်ရောက်စ 13-14နှစ်အတွေးအခေါ်မရင့်သေး ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသေးတဲ့ အရွယ်လေးတွေက မဖြစ်သင့်မဖြစ်ထိုက်တာတွေကို    မှန်တယ်လို့များထင်သွားယူ ဘဝတစ်လျောက်လုံး အတွေးမှားကြီးနဲ့ကျင်လည်သွားမှာဖြစ်ပါတယ်။

ဒီတော့ တောင်းပန်ချင်တာတစ်ခုကတော့ ပိုစ်တင်တဲသူများကလဲ မသိနားမလည်တဲ့လူငယ်တွေ အမြင်မှားစေနိုင်တဲ့ မဟုတ်တာကို အဟုတ်မှတ်အောင် ရေးပြဘို့ မသင့်ပါဘူး။ ကိုယ်လိုအမျိုးတူချင်းတွေစုနေတဲ့နေရာမှာသာကိုယ်သွားပြီး စိတ်အဆာပြေအောင်ရေးသင့်သလို အယ်ဒီတာမင်းများကလဲ ဒီလို့ ပို့စ်မျိုးတွေတက်လာရင် ပယ်ဖျက်ပေးသင့်ပါတယ်။လူမျုးိအညွန့်တုံးသွားမှာကို အရမ်းကို စိုးရိမ်ပါတယ်။   ဒဲ့လဲမပြောချင်ပါဘူး။ပြောလိုက်မှ ကြော်ငြာပေးသလိုဖြစ်သွားမှာစိုးပါတယ်။ကျနော်က သီချင်းကြိုက်သူမို့ သီချင်းလေးနဲ့ပဲပြောလိုက်ပါအုံးမယ် မေဆွိဆိုထားခဲ့တာပါ။

ဒီလောက်ဆိုသဘောပေါက်    ဒီလောက်ဆိုသဘောပေါက် ဒီလောက်ဆိုသဘောပေါက်    ဒီလောက်ဆိုသဘောပေါက်

ဒီလောက်ဆိုသဘောပေါက်    ဒီလောက်ဆိုသဘောပေါက် ဒီလောက်ဆိုသဘောပေါက်    ဒီလောက်ဆိုသဘောပေါက်

ဒီလောက်ဆိုသဘောပေါက်    ဒီလောက်ဆိုသဘောပေါက်

12 comments

  • weiwei

    November 8, 2010 at 5:25 pm

    သဘောလဲပေါက်ကြတယ် …. ဒါပေမယ့် ဖွက်ထားလဲ ရအောင်ဖော်မှာပဲတဲ့ … ခေသူတွေမဟုတ်ဘူး …

  • shweminthar

    November 9, 2010 at 1:38 am

    ပေါက် ပေါက် ပေါက် ပေါက် ပေါက် ပါတယ် ကိုပေါက်။
    ကျေးဇူးလဲတင်ပါတယ်

  • manawphyulay

    November 9, 2010 at 3:09 am

    ကိုပေါက်ရေးတဲ့ …………. ဒီလောက်ဆိုသဘောပေါက်

  • bigcat

    November 9, 2010 at 3:19 am

    ဒါဆိုလည်း စာရဲ့အဆုံးမှာ ကိုပေါက်ဦးလေးရဲ့နာမည်ကို ကြောင်သူတော်ကနေ သူတော်ကြောင်လို့ ပြန်ပြင်လိုက်လေဗျာ။

  • meelay

    November 9, 2010 at 4:58 am

    ပေါက်သူတော်လို့ ခေါ်မှာ 🙂 သူတော်ကြောင်က ခေါ်ရခက်လို့

  • moethidasoe

    November 9, 2010 at 5:25 am

    အပေါင်းအသင်းတို့ ကြားကြရဲ့နော် .. ကြိုက်တတ်ရင် .. သူတော်ချင်းချင်း သတင်းလွေ့လွေ့နေရာ သွားကြပါ .. ပြည်သူအများ ရှိတဲ့နေရာမှာ သိပ်ပြီး အပျော် မလွန်ကြပါနဲ့
    အရက် .. ကွမ်း .. ဆေးလိပ် ..မိန်းမ .. ခေတ်လွန် အဝတ်အစား .. စသဖြင့်ပေါ့ ..

  • char too lan

    November 9, 2010 at 9:59 am

    ဒီလောက်နဲ့ပဲသဘောပေါက်လိုက်ပါတော့တယ် လေးပေါက်ရယ်~~ 😀

  • naywoonni

    November 9, 2010 at 10:18 am

    ကိုပေါက်ခင်ဗျား
    ကျွဲနားစောင်းတီးသလိုဖြစ်နေမယ်နော်………သူတို့ကအများညီရင်ဤကိုကျွဲလို့ဖတ်မတဲ့လေ
    ခင်ဗျားရေးတာလူတွေမှသိတာ….ကျွဲလို့ဖတ်မဲ့ကောင်တွေကမှက်ကိုက်သလောက်တောင်ရှိမှာမဟုတ်ဘူး

  • kopauk mandalay

    November 9, 2010 at 12:17 pm

    အများညီလို့ ဤကိုကျွဲလို့ဖတ်ခဲ့လို့ အခုလိုဖြစ်ခဲ့ကြရတာလေ။
    ဒီလောက်ကတော့ ကျနော်တို့ပြောင်းလဲနိင်အောင် ကြီုးစားကြရမယ်။

  • unclegyi1974

    November 9, 2010 at 4:29 pm

    ဒီကိစ္စတွေကကိုယ်ပိုင်အယူအဆနဲ့အဓိကဆိုင်တယ်လို့ထင်
    ပါတယ်
    ကိုယ်ကောင်းရင်ခေါင်းဘယ်မှမရွေ့ပါဘူး
    ခြေထောက်ကဘဲရွေ့တာပါ
    ဟုတ်တယ်ဟုတ်

  • kopauk mandalay

    November 9, 2010 at 5:00 pm

    ကိုယ်ပိုင်အယူအဆနဲ့ဆိုင်တယ်ဆိုတာ သိပ်မှန်တာပေါ့။
    ဒါပေမယ့် မှားလား မှန်လား ကောင်းလား ဆိုးလား မသိနိုင်သေးတဲ့အရွယ်မှာ
    မှားနေတာကို မှန်ပါတယ်လို့ ရေးထားတာကို ဖတ်မိလို့ စိတ်ထဲမှာ မှတ်သွားရင် တစ်သက်လုံးအတွေးမှားကြီးနဲ့ နေသွားရမယ့် ကလေးတွေအတွက် ရည်ရွယ်ပါတယ်။
    သိသိကြီးနဲ့ မိုက်တဲ့ကောင်တော့ ခံလိုက်ပေါ့ မင်းကြိုက်လို့ မင်းလုပ်တာ။
    မသိသေးတဲ့ကလေးတွေ အတွက် အဆိပ်ဖြစ်မယ့်လို့ ယူဆရတယ်လို့ထင်ရတဲ့စာတွေကို တင် တင်ထားတာ တွေ့ရလို့ပါ။
    မပွင့်တစ်ပွင့်လေးပြောရရင်တော့ ထွက်ပေါက် ကို ဝင်ပေါက်လို အသုံးချတာကို မှန်တယ်လို့ ယူဆနေတဲ့ လူတစ်ယောက်ရဲ့ အယူအဆတွေကို ဒီဆိုဒ်မှာ တခမ်းတနားနဲ့ တင်ထားတာတွေကို ဖတ်ရတဲ့ ညီလေးတစ်ယောက်က ဒီအကြောင်းလေးကို ရေးစမ်းပါဆိုတာနဲ့ရေးဖြစ်သွားတာပါ။

  • နှစ်ဖက်ချွန်

    November 9, 2010 at 9:22 pm

    ကိုယ့်အရည်ချင်းရှိလို ့
    နှစ်လမ်းမောင်းလို ့ရတာ ကို မနာလိုဖြစ်နေကြတယ်

Leave a Reply