နယ်စပ်တိုက်ပွဲ အထူးသတင်း

Good IdeaNovember 8, 20101min8811

မွန်ပြည်နယ် ဘုရားသုံးဆူမြို့နယ်က ရဲစခန်း၊ သတင်းတပ်ဖွဲ့ရုံးတွေကို သိမ်းယူလိုက်ပါပြီ။ နောက် ဆေးရုံကိုလည်း သိမ်းလိုက်ပါပြီ။ အခုထက်တိုင် နှစ်ဖက် ပစ်ခတ်နေဆဲ အခြေအနေပါ။ ဘုရားသုံးဆူ လျှပ်စစ်ဓာတ်အားပေး စက်ရုံကိုတော့ ဒီကေဘီအေက မီးရှို့လိုက်လို့ မီးလောင်သွားပါပြီ။ (ရှို့လည်း အေးတာပါပဲ။ တိုင်းသူပြည်သားတွေ ကရင်လူထုတွေ လျှပ်စစ်မီး သုံးရတယ်မှ မရှိတာကိုး။)

တကယ်လို့များ စစ်အစိုးရက အလုံးအရင်းနဲ့ တိုက်လာခဲ့ရင် ကေအန်ယူကလည်း ဗိုလ်မှူး စောလားပွယ်တို့ ဒီကေဘီအေဘက်က ဝင်ကူတိုက်ပေးမယ့် အခြေအနေရှိပါတယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်က သတင်းထောက်တယောက်က သတင်းပေးပို့လာပါတယ်။

ဒီနေ့ မနက်ပိုင်းကလည်း မြဝတီကို အာပီဂျီ (ငှက်ပျောဖူး) တွေနဲ့ စက်လတ်တွေနဲ့ ဒီကေဘီအေက စတိုက်ခဲ့ပါတယ်။ ဘယ်လို ပြဿနာကနေ နအဖနဲ့ ဒီကေဘီအေ စဖြစ်သလဲတော့ မသိပါ။ ဒီနေ့ တနေ့လုံးလည်း တိုက်နေ ပစ်နေကြတုန်းပါပဲ။ နယ်စပ်က မြန်မာတွေကတော့ ထိုင်းနိုင်ငံ မဲဆောက်ကို တဖွဲဖွဲဝင်ပြီး ခိုလှုံနေတာ ၅ ထောင်လောက် ရှိပါပြီ။

ကြည့်လိုသူများ http://www.youtube.com/watch?v=DldwAri_7yc&feature=player_embedded မှာ သွားကြည့်ကြပါ။

ဒါက နောက်တခုပါ။

http://www.youtube.com/watch?v=gAk1Ur5cu1Q&feature=player_embedded

မြဝတီမှာ အခု မာရှယ်လော (ညမထွက်ရ အမိန့်) ထုတ်ပြန်လိုက်ပါပြီ။ မနက်ကတော့ မြဝတီ တံတားနားမှာ လက်နက်ကြီး ပေါက်ကွဲလို့ လူ ၁၅ ဦးလောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မကြာသေးခင်ကပဲ အပစ်ရပ်အဖွဲ့တွေဖြစ်တဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ – KIO၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် – SSAN၊ မွန်ပြည်သစ်ပါတီနဲ့ အပစ်ရပ် မဟုတ်တဲ့ ချင်းအမျိုးသားတပ်ဦး – CNF၊ ကရင်အမျိုးသား အစည်းအရုံး – KNU နဲ့ ကရင်နီအမျိုးသား တပ်မတော် – KNPP တို့က တဖွဲ့ကို တိုက်တာနဲ့ ကျန်တဲ့အဖွဲ့တွေက ဝိုင်းဝန်းကူညီဖို့ သဘောတူညီ ထားကြပါတယ်။

YouTube – Videos from this email
Ooops! “YouTube” failed to load. Try again

11 comments

  • ပေါက်ဖော်

    November 8, 2010 at 3:35 pm

    သတင်းသိရတဲ့အတွက် ကျေးဇူးတင်ပါတယ်
    မြေဇာပင်ဖြစ်နေရတဲ့ ပြည်သူများအတွက်တော့ စိတ်မကောင်းပါဘူးဗျာ

  • winkyawaung

    November 8, 2010 at 3:45 pm

    အသက်ပေါင်းများစွာကို စတေးပြီး ယူနေကြတဲ့ အာဏာရှင်တွေ..။

  • april

    November 8, 2010 at 11:22 pm

    ကြားထဲက ပြည်သူတွေ သနားပါတယ်… 🙁

  • cherrywine

    November 9, 2010 at 2:25 am

    ကျန်းမာကြပါစေ၊ချမ်းသာကြပါစေ။ကြားရတာစိတ်မကောင်းလိုက်တာ။
    ဘာစစ်ပွဲမှမဖြစ်စေချင်ဘူး .. 🙁

  • ဆူး

    November 9, 2010 at 2:48 am

    သတင်းဖတ်ရတာ ပြည်သူတွေ ဒုက္ခဘဲ.. ဒယ်အိုးပေါ်က ပုရွက်ဆိတ်လို ဟိုဘဲ ပြေးရမလို ဒီဘဲ ပြေးရမလို ဖြစ်နေကြမလားဘဲနော်.. သနားစရာ ကောင်းလိုက်တာ.. ဘယ်လိုများ လုပ်ရင် သူတို့ ဒုက္ခတွေ ငြိမ်းကြမလဲ.. ပစ်နေခတ်နေတော့ အချိန်မရွေး ကျည်ဆန်မှန်လို့ မသေခင် အသံတွေက လူရဲ့ စိတ်ကို ကြောက်လန့်တုန်လှုပ်အောင် ခြိမ်းခြောက်နေမှာ အမှန်ဘဲ.. အားလုံး စိတ်သောက ကင်းဝေးစွားနဲ့.. ချမ်းချမ်းသာသာ ရှိကြပါစေ။ ငြိမ်းချမ်းကြပါစေ။

  • saunghnin@gmail.com

    November 9, 2010 at 4:22 am

    ထိုင်းနိုင်ငံ မဲဆောက်ကိုဝင်ရောက် ခိုလုံတဲ့ပြည်သူတွေရော၊ မခိုလုံတဲ့ပြည်သူ ူတွေရော အားလုံးဘေးကင်းကြပါစေလို့ဆုုတောင်းပေးလိုက်ပါတယ်နော်။

  • meelay

    November 9, 2010 at 5:59 am

    အစိုးရအဖွဲ့တွေရော၊ လက်နက်ကိုင်အဖွဲ့တွေရော သူတို့ဘာလုပ်လုပ် ပြည်သူတွေပဲ ခံနေရတယ်၊ တိုက်ပွဲလုပ်ချင်လဲ ဟိုးလူသူမရှိတဲ့ တောကြီးထဲမှာ သွားလုပ်ကြတာ မဟုတ်ဘူး။ ကြားထဲက မြေဇာပင် ပြည်သူတွေ ဘေးကင်းကြပါစေ:(

  • noenoe

    November 9, 2010 at 6:07 am

    ကြားကမြေဇာပင် ဖြစ်ရတဲ့ပြည်သူတွေကို သနားမိတယ်…..ဘယ်လောက်ထိများဆက်ဖြစ်နေကြအုန်းမလဲ မသိဘူးနော်….ဘာပဲဖြစ်ဖြစ် ဒေသခံတွေကိုတော့ သနားမိတယ်…..

  • နီလေး

    November 9, 2010 at 7:00 am

    အပြစ်မရှိတဲ့ပြည်သူတွေ သနားဖို့ကောင်းပါတယ်

  • jue

    November 14, 2010 at 2:19 pm

    ဟုတ်တယ်နော်……………ပြည်သူတွေကို တမင်သက်သက် ဒုက္ခပေးနေတာ…….
    ပြည်သူတွေရဲ့အသက်ကိုခြွေပြီးယူနေတာလေ…………….

Leave a Reply