Super Speed USB 3.0 နှင့် USB 2.0 ခြားနားချက်များ from Knowledge by အေကေတီ

zinmyotunNovember 9, 20102min550
ကျွန်တော်ဒီနေ့ USB 3.0 လေးနဲ့နည်းနည်း မိတ်ဆက်ပေးချင်လို့ပါ။ USB 3.0 လေးကတော့ USB 2.0 ထက်ကို ပိုမိုမြန်ဆန်စွာနဲ့ Data တွေကို ပို့ဆောင်ပေးမယ့် ပစ္စည်းလေး တစ်ခုပါ။ ယခင် USB2.0 အမျိူးအစားတွေထက် 10 လောက် မြန်မြန်ဆန်ဆန် Data တွေကို Transfer လုပ်ပေး လုပ်ပေးနိုင်ပါလို့ ဆိုထားပါတယ်။ USB 2.0 မှာဆိုရင် 480 Mb/s ရှိတာကနေ USB 3.0 မှာဆိုရင် 4.8 Mb/s ထိ Trasfer လုပ်ပေးနိုင်တယ် လို့ဆိုထားပါတယ်။ ဒါက သီအိုရီအရပါ။ တကယ်တမ်း လက်တွေ့မှာတော့ 4.8Gb/sရဲ့တစ်ဝက ်တိတိလောက်ပဲ အစွမ်းကုန်အလုပ်လုပ်ပေး မယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ကျွန်တော်တို့ အသုံးပြူနေကျဖြစ်တဲ့ 2.0 တွေမှာဆို ရင်လည်း 480 Mb/s လို့ဆိုပေမယ့် တကယ်တမ်း အလွန်ဆုံးမှာတော့ 320 Mb/s လောက်ပဲ လုပ်ပေးနေတာပါ။ ကွန်ပျူတာနဲ့ USB ဆက်စပ် ပစ္စည်းတွေကြားမှာ လျင်မြန်လွယ်ကူစွာ အလုပ်လုပ်ချင်သူများ အတွက် ပိုမို သင့်တော်ပါတယ်။ လက်ရှိ မားသားဘုတ်တွေ မှာလည်း USB 3.0 Port တွေကို ထပ်မံထည့် သွင်းအသုံး ပြူနိုင်ပါတယ်။ အောက်မှာ 2.0 နဲ့ 3.0 တို့ရဲ့ ကွဲလွဲချက် ကလေးတွေ ကိုဖော်ပြပေးထားပါတယ်။
2.0 တွေပျောက်ကုန်တော့မှာလား
USB 2.0 Devices နဲ့ Connector တွေဟာ ဘယ်လိုဆက်ပြီး စခန်းသွားမှာလဲလို့ မေးစရာရှိပါတယ်။ ဒီအတွက် USB 3.0 Ports တွေက လက်ခံပြီး အလုပ်လုပ်ပေး ပါတယ်။ ဒါပေမယ့် 3.0 ရဲ့ အမြန်နှူန်းအတိုင်း အလုပ်လုပ်မှာတော့ မဟုတ်ပါဘူး။ 2.0 ရဲ့ အမြန်နှူန်းအတိုင်းဘဲ ဆက်လက်လုပ်နေမှာ ဖြစ်ပါတယ်။ 3.0 တွေဟာ 2.0 တွေထက် ကုန်ကျစရိတ်တော့ ပိုများနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ 3.0 အတွက် cables တွေ Controller တွေ က သီးခြားလိုအပ် လာတော့မှာ ဖြစ်လို့ပါဘဲ။ ဒါကြောင့် 2.0 နဲ့ 3.0 ဟာ အတူတူ ယှဉ်တွဲပြီး ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ တကယ်လို့ 3.0 ရဲ့ အမြန်နှူန်းတွေကို လိုချင်ရင်တော့ 3.0 ရဲ့ Ports တွေနဲ့ Connector တွေကို သာ အသုံးပြူကြရမှာ ဖြစ်ပါတယ်။ အောက်မှာ သူတို့ရဲ့ ကွဲလွဲချက်ကလေးကို လေ့လာကြည့်ပါဦး။
ဘယ်သူတွေအများဆုံးစိတ်ဝင်စားမလဲ
Video ဖိုင်တွေဟာ Trasfer လုပ်ရင် ကြာတတ်ပါတယ်။ Video နဲ့ ဆိုင်တဲ့ Professional သမားတွေအတွက်ကတော့ စိတ်မရှည်ချင်စရာပါ။ 2.0 နဲ့ Video တွေကို Transfer လုပ်တဲ့အခါ တော်တော်လေး စိတ်ရှည်ရပါတယ်။ 3.0 မှာတော့ တော်တော်လေး ပိုမြန်လာတဲ့အတွက် Profession သမားတွေအတွက် စိတ်ဝင်စားစရာ အမြန်နှူန်းဖြစ်နေမှာတော့ သေချာပါတယ်။ သူတို့ရဲ့ ကွာခြားချက်လေးကို အောက်မှာကြည့်လိုက်ပါဦး။
Drivers တွေရော လိုဦးမှာလား
လောလောဆယ်တော့ Window 7 နဲ့ Linux 2.6.31 တွေမှာ Window ကနေ support လုပ်ပေးနိုင်ဖို့ကို ပြင်ဆင်နေပါပြီ။ အခြား Windows OS တွေအတွက်လည်း 3.0 ကို support လုပ်ဖို့ Drivers တွေ ထွက်လာဦးမှာပါ။ ဒါကြောင့် စွမ်းဆောင်ရည်တွေကို မြင့်တင်ချင်တယ်ဆိုရင်တော့ သီးခြား Devices တွေအတွက် သီခြား Driver တွေလိုနေဦးမှာ ဖြစ်ပါတယ်။
ဘာတွေများကွာခြားသွားတာလဲ
3.0 တွေကို အမျိုးအစားပေါ် မူတည်ပြီး အုပ်စု(၃)စုခွဲခြားထားပါတယ်။ အောက်မှာ ပုံလေးနဲ့တကွ ဖော်ပြထားပါတယ်။ လေ့လာကြည့်ပါဦး။