ကမာ္ဘ အေးဘုရား လမ်းပေါ်ရှိ အောင်သိန်း လင်း အိမ် ချီးထုပ် များ ဖြင့် အပေါက်ခံရ

cherrywineNovember 9, 20101min40529

ကမာ္ဘအေးဘုရား လမ်း နှင့် ဆရာစံ လမ်းထောင့်ရှိ ရန်ကုန်မြို ့တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်း
၏ နေအိမ်ရှေ ့သို ့ယနေ ့ည ၈ နာရီ အချိန် ခန် ့မှာ ဆန်နီ ပစ်ကပ် ကား ငယ် နှစ် စီးပေါ်မှ အသင့်
ပါလာသည့် ချီးထုပ် များ ဖြင့် ပစ်ပေါက်သွား ကြာရ ပူပူနွေးနွေး အနိုင်ရ ကြံ့ဖွံ ့အမတ် ကြီး ၏ အိမ်ရှေ့
တွင် ချီးများ ဖြင့် ပေကျံနေ သည် ဟု သတင်းရရှိ သည်။

ထိုချီးထုပ်များ ကို ရှောင်ကွင်း ပြီး မောင်း နှင့် ခဲ့ရသည့် အမှတ် ၄၃ လိုင်း ဘတ်(စ) ကားမောင်းသူ တစ်ဦး
က အာဂျီ နိုမို တို အိပ်အရွယ် ချီးထုပ် တွေ ပျံ ကျဲ နေတာ ပဲ ကားကို လာစင်မှာ ဆိုးလို ့တောင်ဖြေးဖြေး
မောင်းရတယ် သူ ့အိမ် ရှေ ့မှာ ဆို ချီးတွေက ပေပွနေ တာ ဟု FNG သို ့ပြောသည်။

မဲသမာမှု လုပ်ပြီး အနိုင်ရရှိသွား သည့် ရန်ကုန် မြို ့တော်ဝန် ဦးအောင်သိန်းလင်း သည် ချီးများ ကို မြင်
လျှင် မြင်ခြင်း ဗဟန်းအုပ်ချုပ် ရေး မှုး ရှုံး သို ့ဖုန်းဆက် အကြောင်းကြားသဖြင့် စည်ပင် ပန်းဥယာဉ် ဌာ
န မှ သစ်ပင်များ အားရေဖျန်း သည့်ကားဖြင့် အလျှင် အမြန် ပက်ဖြန်း ခဲ့ရသည် ဟု သိရသည်။

မြို ့တော်ဝန် အောင်သိန်း လင်းသည် ရွေးကောက် ပွဲ တွင် မသမာမှု ဖြင့် အနိုင်ရသဖြင့် အောင်ပွဲခံ
ဒင်နာ ပေးနေစဉ် ထိုကဲ့ သို ့ချီးထုပ်ဖြင့် အပေါက်ခံ ရခြင်း ဖြစ်သည်။

ချီးထုပ်ဖြင့် အပေါက်ခံရပြီး နောက် သူ၏ ညစာ စားပွဲ တွင် ရှိနေသည့် ယခင် ရန်ကုန် တိုင်းမှုးဟောင်း
ဗိုလ်မှုး ချုပ် ဝင်းမြင့် က ချီးစော် နံလိုက်တာ ဟု ဆိုကာ ပြန်လည် ထွက် ခွာ သွား သည် ဟု
သတင်းရရှိသည်။

မြို ့တော်ဝန် အောင်သိန်း လင်း သည် လူမုန်းများ သူ တစ်ဦးဖြစ်ပြီး ယခု နှစ် အတွင်း ဖြစ်ပွား ခဲ့သည့်
ဈေးမီးလောင် မှု များ တွင် သူ ့ပယောဂ မကင်း ဟု မှတ် ယူသူများ လည်း ရှိသည်။

ယခင်သီတင်း ပတ်က ပြုလုပ် ခဲ့သော ကြံ့ဖွံ ့အဖွဲ့ ၏ သတင်းစာရှင်း လင်းပွဲ တွင် သတင်းထောက်
များ မေးမြန်းမှု များ ကို ဖြေကြားခြင်း မပြုဘဲ ပုဆိုးလှန် ပြခဲ့သေးသည်။

29 comments

  • tunaung

    November 9, 2010 at 3:36 am

    ကောင်းတယ် ဒင်းဒါနဲ့ဘဲတန်တယ်…..

  • nyeinwailwin

    November 9, 2010 at 3:41 am

    အဟီး ရီရတယ် … တော်လိုက်တဲ့ လူတွေ ဘယ်လိုများ ချီးထုပ်တွေအများကြီးရအောင်စုပါလိမ့် 😀

  • Maung Dae`

    November 9, 2010 at 3:50 am

    ပုဆိုးလှန်ပြတယ်ဆိုရင် သားရေကွင်းနဲ့ပစ်ပီး ပရုတ်ဆီနဲ့သာ ပွတ်လွှတ်လိုက်…

    နောက်တစ်ခါဆို ချီးကား တစ်စင်းလုံးပါ သူတို့အိမ်ထဲရောက်သွားအောင် လုပ်ရမယ်…

  • noenoe

    November 9, 2010 at 3:55 am

    နဲသေးတယ်လို့တောင်ပြောချင်တာ်……ကောင်းတယ်…တော်လိုက်တဲ့လူတွေနော်…:)

  • saunghnin@gmail.com

    November 9, 2010 at 4:10 am

    ချီးထုပ်နဲ့ပစ်တဲ့လူတွေကိုဂုဏ်ယူပါတယ်။

  • ဆူး

    November 9, 2010 at 5:18 am

    တကယ်ကြီးလားဟင်.. ဖတ်ရတာတော့.. ရီရတယ်..
    မြို့မေတ္တာခံယူသူဖြစ်မှာပေါ့.. ဈေးသည်တွေ ၂ပတ်လောက် မဖွင့်ရအောင် လုပ်လိုက်တာ.. တရုတ်တန်းမှာ လေဒီနဲ့ ရန်ဖြစ်လို့ ဆိုလား.. နောက်ပိုင်း တရုတ်တန်းမှာ ညနေ ဈေးတန်းများ လျောက်ရင် လူတွေပိတ်နေလို့ အဝေးကို မမြင်ဘဲ.. ဘာမှန်းမသိ ထောက်ထားတဲ့ ခါးလည်လောက်ရှိလဲ့ သံပိုက်လုံး တိုင်လုံးကို ရှောင် လျောက်နေရတယ်.. လူတွေ ပိတ်နေလို့.. ခါးလည်လောက်ရှိတဲ့ ပိုက်ကို သတိမထားမိလို့ကတော့.. အောက်ပိုင်း ဂွိလို့ မျိုးဆက်တောင်ပျက်နိုင်တယ်.. ကိုယ့် အရှိန်နနဲ့ ကို်ယ်.. လူကို အန္တရာယ် ဖြစ်နိုင်တဲ့ သံပိုက်လုံး စစ်စစ်တွေပါ။

  • doekalay

    November 9, 2010 at 6:26 am

    ကောင်းလိုက်တာချီးကားနဲ ့တောင်တစ်အိမ်လုံးကိုပက်ပစ်ရမှာ။

  • အိ

    November 9, 2010 at 6:31 am

    သူတို့က မမှူပါဘူး
    ကိုယ်တိုင်က ချီးထုပ်ဟာကို
    ချီးချီးချင်းတော့ ထူးမနံဘူး ပြောမှာပေါ့

  • နီလေး

    November 9, 2010 at 7:10 am

    တကယ်ရီရတယ်ဟေ့ အူကိုလိမ့်နေတာပဲ
    ချီးထုပ်နဲ့ပြစ်မှတော့ ချီးစော်နံတော့မှာပေါ့ဟဟဟ

  • သူရဇော်

    November 9, 2010 at 8:18 am

    ကောင်းလိုက်တဲ့လုပ်ရက်လေး………………………. နောက်တစ်ခေါက် နောက်တစ်ခေါက် ……………….

  • moethidasoe

    November 9, 2010 at 9:19 am

    ဟိုတုန်းက ဦးပန်းအောင် .. သူက စည်ပင်က လာတာ .. ပထမတော့ ဝန်ကြီးဌာန (အမည် မမှတ်မိ) မှာ ဒုဝန်ကြီးပေါ့ .. ပညာရေးကို ဝန်ကြီးအဖြစ် ပြောင်းလာပြီးနောက်ပိုင်းမှာ ကျောင်းတွေကို စစ်ဆေးရေးသွားတိုင်း အိမ်သာကို ဝင်စစ်တာပဲ .. ဘာလို့ဆို သူက ရေနှင့်မိလ္လာဌာနက ဌာနမှူးကနေတက်လာတာလို့ ပြောသံ ကြားဖူးတယ် ..

    အခုလဲ ..စည်ပင်လူကြီးဆိုတော့ .. အမျိုးသားလွှတ်တော် အမတ်ဖြစ်သွားရင် ဘဝ မေ့သွားမှာစိုးလို့ .. သတိပေးတာပဲ ဖြစ်မှာပါ .. တခုတော့ ရှိတယ် .. အဲဒီ အမတ်လဲ အိမ်သာတွေ စစ်ဆေးရေး ဝင်ချင် ဝင်နေမှာ .. လွှတ်တော်က အိမ်သာ တာဝန်ခံတွေ သတိထား .. ထုတ်လို့ရတဲ့ အိတ်တွေ အနားမှာ မထားနဲ့ .. ရေများများသုံးပြီး ရေလောင်းပေး .. ပြီးရင် ရေမွှေး ဖြန်းပေး .. ကြိုတင် သတိပေးတယ်နော် .. နောင်တော့မှ မှားပါပြီလို့ မပြောနဲ့ .. ကိုကြိုတင်က သိပ်မှန်တာ …

  • meme

    November 9, 2010 at 9:29 am

    ဟိဟိ….လူ အ‌ယောက် ၁၀၀ဝ ‌လောက် သူ ့အိမ်‌ရှေ ့ဖင်လှန်ပြီး ချီးပါရမှာ။

  • cobra

    November 9, 2010 at 10:02 am

    လုပ်တဲ့သူကိုတော့တကယ်လေးစားပါတယ်ဗျာ….
    အားလည်းပေးတယ်..။
    တန်ရာတန်ရာဆိုတာဒါကိုပြောတောနေမှာပေါ့နော်။

  • ဆူး

    November 9, 2010 at 10:21 am

    5 series မှာ အခု တလောပြနေတဲ့ ကိုရီးယား ရုပ်ရှင်မှာ မကြိုက်တဲ့ အမတ်ကို ပြည်သူတွေက ချီးထုတ်နဲ့ ပေါက်တဲ့ အခန်းကို ပြသွားတာ ၃ – ၄ ရက်လောက်ဘဲ ရှိအုန်းမယ်ထင်တယ်။ တော်ကြာ မဲ စရာ မရှိ ကြည့်လက်စ ကိုရီးယား ရုပ်ရှင်လေး ပိတ်သွားအုန်းမယ်..

  • naywoonni

    November 9, 2010 at 2:10 pm

    အဲဒါလေးများ
    အခွေဝယ်ကြည့်လိုက်ပေါ့ဆူးရယ်……

  • fatlone

    November 9, 2010 at 2:26 pm

    ချီးမွမ်းတယ်(ဂုဏ်ပြုတယ်)ဘဲကြားဘူးတာဗျ။အခုတော့ ချီးနဲ့ပေါက်ပြီးချီးမြောက် တယ်ဆိုရမလား ။
    လှတော့လှနေပြီ။

  • ဆူး

    November 10, 2010 at 2:45 am

    အဖြစ်မှန်ဆိုရင်.. သူလည်း ကံနိမ့် နေပြီလား.. နာမ်နိမ်ခံရတယ် ပြောရမလားပဲနော်

  • Win Naing

    November 10, 2010 at 3:21 am

    ကောင်းပါတယ်။ ချီးတောင်အားနာတယ်။ ကြံဖွတ်ရဲ ဂတိပြုချက်မှာ – ပြည်ပလက်ကိုင်တုတ်မဖြစ်စေရတဲ့။ မြို့တော်ဝန်ကြီးက ပြည်တွင်း လူမျိုးခြားတွေရဲ့ လက်ကိုင်တုတ်လေ။ သူ့နားမှာကပ်နေတဲ့ ဆောက်လုပ်ရေးသမားတွေက ဘယ်သူတွေဝိုင်းနေတယ်ဆိုတာ အားလုံးသိပြီးသားလေ။ ပြည်သူတွေကို နှိပ်စက်လို့အားမရလို့ ဗလီဆောက်ပေးမယ်လို့လိမ်ပြီး လူမျိုးခြားဆီက မဲရအောင် အောက်တန်းကျကျ လုပ်သေးတယ်။ ချီးထုတ်နဲ့တောင်မတန်ဘူး။

  • ဆူး

    November 10, 2010 at 3:45 am

    win naing ပြောမှဘဲ.. မျက်စိထဲမှာ father land, mother land, Naing Group တခြားတော့ သိဘူး.. အဲဒါတွေကတော့ သေချာတယ်..

  • char too lan

    November 10, 2010 at 4:03 am

    ဖြောင်း~~ဖြောင်း~ဖြောင်း~~ကောင်းတယ် သောင်းသောင်းဖျဖျကိုအားပေးလိုက်မယ် ပုဆိုးလှန်ပြတယ်ဆိုတော့ တော်တော်
    တောက်တင့်မချိတဲ့ကောင်ပဲ

  • Win Naing

    November 10, 2010 at 4:23 am

    ဟုတ်တယ်ဆူးရေ… မြို့တော်ဝန်နားမှာ ဘယ်သူတွေရှိတယ်။ ရွေးကောက်ပွဲအတွက်သူတို့ဘယ်လောက်ပေးရတယ်ဆိုတာတွေ။ အဲလိုပေးလို့ မီးလောင်သွားတဲ့ဈေးတွေ၊ မြို့ထဲကအိမ်အဟောင်းတွေပြန် ဆောက်ခွင့်ပေးတာတွေ၊ Father Land ကမြို့တော်စည်ပင်အင်ဂျင်နီယာဌာန ကိုဘယ်လို အိတ်ထဲထည့်တယ်ဆိုတာတွေ၊ မကြားချင်မှအဆုံး။ နိုင်ငံသားဆောက် လုပ်ရေးလုပ်ငန်းငယ်လေးတွေဆို တော်တော်မျက်နှာငယ်ရတယ်လေ၊ ငေါက်လိုက်ငန်းလိုက်နဲ့၊ တော်တော်ဆိုးပါတယ်။ အဲဒီ လူမျိုးခြားတွေရဲ့ ငွေတွေက ဘယ်ကရတာလဲ၊ ပြည်ပကဘာသာရေးအဖွဲ့တွေ၊ ပြည်တွင်းက ဘာသာရေးအဖွဲ့တွေက ဝိုင်းပြီးထောက်ပံထားတယ်လို့ သူတို့အတွင်းအတင်းအနေနဲ့ သိရတယ်။ ဒါကိုကိုရွှေမြို့တော်ဝန်ကြီး မသိတာလား၊ နှာစေးနေတာလား။ နို်င်ငံရဲ့စီးပွားရေးသည် တိုင်းရင်းသား လုပ်ငန်းရှင်များရဲ့လက်ထဲမှာရှိရမယ်ဆို။ လုပ်ကြပါအုန်း

  • ဆူး

    November 10, 2010 at 4:31 am

    နာစေးနေတာကွ.. ငါနှာချေးညှစ်ပြီး မှ ဆက်ပြောမယ်။ ဒါဘဲ.. ကွာ.. ဖုန်းချလိုက်သည်.. (ဂွက်)
    ဒါနဲ့ တခြားမပြောဘဲ.. တရုတ်တန်းက သံပိုက်လုံးတွေ ဘာအတွက်လဲဟင်.. သိကြလား.. လူသွားလမ်း တည့်တည့်ထောင်ထားတာ..

  • onlinezz

    November 10, 2010 at 5:06 am

    ဟ ဟ။ဖတ်ပြီးရီရတယ်။ကောင်းတယ်ဗျို ့

  • msgazette

    August 13, 2011 at 2:41 pm

    ်ကောင်းပါတယ်
    အားပေးကြပါဗျာ

  • mzm

    August 13, 2011 at 6:53 pm

    လုပ်ထားဟ အားပေးနေတယ်နော်

Leave a Reply