ဘော်ဒါတို့ရေ တွေ့ရကြုံရ အချိုးမကျတာလေးအကြောင်းပြောပြရဦးမယ် ။ မနေ့ကအီးတုံးတို့ ဦးလေး ကျောက်တံတားမြို့နယ် ရပ်ကွက်ကောင်စီရုံးကို ရောက်တယ် ။ သူများကိုရိုက်လို့… အဲမှားပီ … ကြိုတင်မဲပေးဖို့အတွက်ပါ … ။ သူက မဲပေးမဲ့နေ့မှာ မဲရုံမှာတာဝန်ကျမှာဆိုတော့ အသည်းကြားက မဲတပြားကို သိုသိုသိပ်သိပ်လေး သွားပေးပါသတဲ့…. လူတောမတိုးတဲ့ဦးလေး ဘေးမှာ ဆပ်ဆလူးနတ်ပူးသလို တဖြတ်ဖြတ်လူးနေတဲ့ … အဲ သွက်သွက်လပ်လပ်ရှိတဲ့ သူ့တူမလည်း ပါတယ်ပေါ့ ။ မဲရုံကိုရောက်သွားပါရော…. မှတ်ပုံတင်လေးကိုင်လို့ပေါ့ ။ အဲ့ဒီမှာ လူပေါင်း 12ယောက်လောက်က စားလိုက်သောက်လိုက် တဝေါဝေါရယ်လိုက်နဲ့ပေါ့ .. မှတ်ပုံတင်လေးကိုင်ပြီးသွားတဲ့ ဦးလေးက အာသွက်လျှာသွက်ဆိုတော့ ဘာမှမပြောပဲ နှုတ်ပိတ်လို့ မှတ်ပုံတင်လေးကိုင်ပြီး သူတို့ခုံနားမှာရပ်နေတာပေါ့ … အီးတုံးလေး ဦးလေးရဲ့ သွက်လက်ချက်ချာမှူကို ထောပနာပြုတဲ့အနေတဲ့ အီးတုံးကပဲ စိတ်မရှည်ပဲ နဂိုအသံထက်2ဆလောက်မြင့်ပြီး ပြောလိုက်တယ် ကြိုတင်မဲပေးချင်လို့လို့ ။

အီးတုံးရဲ့အသံကွဲအက်အက်ကြီး ဆုံးရော ၀ါးလုံးကွဲရယ်နေတဲ့လူတွေရဲ့အကြည့်က တူရီးနှစ်ယောက်ဆီကိုရောက်လာတယ် ..အဲ့ဒီမှာ ခေါင်းလုပ်တဲ့လူကြီး… အဲ ခေါင်းဆောင်လုပ်တဲ့လူကြီးက ပေးလိုက်တဲ့ မဲစာရွက်ကလေ မဲရံမှူုးလက်မှတ်မပါဘူးတဲ့တော် … ။ ဒါနဲ့ အာလေးရှာလေးအီးတုံးတယောက် ဘာလို့မဲရုံမှူးလက်မှတ်မပါရလဲမေးတော့…နောက်မှထိုးမယ်တဲ့ ဟဲဟဲ သိတယ်မို့လား… ။ သိတယ်ဆိုရင်မပြောတော့ပါဘူး … ။

မပြောတော့ပါဘူးဆိုမှပြောချင်သေးတယ် ဒါနဲ့ပဲ …. ဦးလေးလည်း သူ့ဆန္ဒအတိုင်း ပေးခဲ့ပါတယ် ။ သေချာတာကတော့ … မဲရုံမူးလက်မှတ်မပါလို့ပဲ စိတ်ကြိုက်မတွေ့ရင် ပယ်မဲဖြစ်မလား … ။ တခြား …. ဘာညာညာများဖြစ်မလားဆိုတာ … ဘယ်သူမှ မမှန်းတတ်တော့ပါဘူး …

—–

ဒီပို့စ်တင်ချင်နေတာ ကြာလှပြီ ကော်နက်ရှင်က အရူးလိုပဲဖြစ်ဖြစ်နေလို့ စာတွေသိပ်တင်လို့မကောင်းဖတ်လို့မကောင်းဖြစ်နေတာနဲ့ မတင်ဖြစ်တာ … အ ခုတော့လည်း ရွေးကောက်ပွဲပြီးတာပြီးတာပဲ တကယ့်အဖြစ်မှန်လေးလည်း ဘော်ဒါတို့ကိုပြောချင်တာနဲ့တင်ဖြစ်တာ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!