ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သော တားမြစ်ဆေးဝါး(၅)ခုစာရင်း

introApril 3, 20101min1206

ပြည်တွင်းမှာနာမည်ကြီးတဲ့ Neutroplex ကလေးအားဆေးရည်အပါအဝင် ထိုင်းနိုင်ငံထုတ်ဆေးဝါးများကို မှတ်ပုံတင်မထားဘဲ ဖြန့်ချိမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ရောင်းချခွင့်ပိတ်ပင်လိုက်ပါတယ်။အဆိုပါဆေးဝါးများဟာ မှတ်ပုံတင်မထားတဲ့အတွက် အာနိသင်ထက်မြက်မှု၊ဘေးထွက်ဆိုးကျိုးပမာဏ စသည်တို့၌ အာမခံချက်မပေးနိုင်တော့သောကြောင့် မသုံးစွဲသင့်ကြောင်း၊ရောင်းချဖြန့်ချိနေသည်ကိုတွေ့ရှိပါကလည်း အမျိုးသားဆေးဝါးဆိုင်ရာဥပဒေပုဒ်မ(၁၈)အရ အရေးယူသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းထောက်များသို့ ပြောကြားသွားပါတယ်။

အန္တရာယ်ရှိမှာစိုးလို့ ပိတ်ပင်ထားတဲ့ဆေးဝါးတွေကတော့
(၁) Neutroplex ကလေးအားဆေးရည်
(၂) Rycin-K ပင်နီစီလင်ဆေးပြား
(၃) Paovid အားဆေး
(၄) Malacin ငှက်ဖျားထိုးဆေး
(၅) Baby Powder Tra Rung Phueng တို့ဖြစ်ကြောင်းသိရပါတယ်။

Ref: forward mail

6 comments

  • freeman

    April 4, 2010 at 5:25 am

    ar lue lay good question..thanks

  • susunosuki

    April 17, 2010 at 8:35 am

    ကလေးတွေ အတွက် ဘေးထွက်ဆိုးကျိုးများတဲ့ဆေးတွေကို သေသေချာချာတားမြစ်သင့်ပါတယ်
    သူတို့လေးတွေက ဝေဒနာ ခံစားရလည်း ပြောတတ်သူတွေမဟုတ်ဘူးလေ

  • Shwemannmay

    May 18, 2010 at 6:49 am

    Neutroplex ကလေးအားဆေးရည်ဆို ကလေးအတော်များများသောက်ကြတာပဲ။ ဘယ်လိုဖြစ်တာပါလိမ့်။
    မှတ်ပုံတင်မထားဘူးဆိုပြီးတော့မြန်မာ့အသံနဲ ့ရုပ်မြင်သံကြားကရော မဂ္ဂဇင်းတွေမှာရော ကြော်ငြာတွေလက်ခံပြီးထည့်လာတာကြာလှပြီ။ ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်မိဖို ့လိုပါတယ် ။ အစကတည်းက ကျန်းမာရေးဝန်ကြီးဌာန ထောက်ခံချက်ပါမှ ကြော်ငြာတွေလက်ခံတာ ၊ ရောင်းချခွင့်ပြုတာ ၊ တင်သွင်းခွင့်ပြုတာ အဲလိုမျိူးလေးတွေရှိသင့်ပါတယ် ။ အစတည်းကသေချာစီစစ်ပြီးမှလုပ်တာက ပိုကောင်းမယ်လို ့ထင်ပါတယ်။

  • banban

    May 18, 2010 at 7:14 am

    စကားမစပ်မိကြလို့ နေမှာပါ… 😛

  • moethiha

    May 26, 2010 at 4:41 am

    ဘာတွေများဖြစ်ဦးမလဲမသိဘူးနော်။သူတို့ကလဲ

Leave a Reply