ဒီ‌နေ့ မနက် အသဲ‌ရောင်အသားဝါ ဘီ ပိုး ကာကွယ်‌ဆေးထိုးထားပါတယ်။ လက်‌မောင်း ကိုထိုးတာပါ။စထိုးတုန်းက သိပ်မနာ‌ပေမဲ့ အခု လက်ကို‌မြှောက် လိုက်တာနဲ့ အ‌တော်ကို‌အောင့်သက်သက်နာပါတယ်

။‌ဆေးထိုးထားတဲ့ ‌နေရာကို မ‌ခြေပါနဲ့ လို့ ‌ပြောလိုက်ပါ‌သေးတယ်။ဘာလို့ များပါလဲ?‌တော်ကြာ မ‌ခြေလို့ ‌ဆေးခြဲပီး ခွဲထုတ်ရတယ်ဆိုတဲ့ ပြုံပင်‌တွေလြဲကားဖူးလို့ လန့် ‌နေရပါတယ်။‌ကျေးဇူး ပြုပီး‌ဖြေ‌ကြား‌ပေးပါဦး ။
———————-

the girl ဆိုတဲ့မိန်းကလေးရေ ဘီပိုးကာကွယ်ဆေးထိုးတာ အင်မတန်မှ ကောင်းပါတယ် ။ ဆေးပတ်လည်အောင်တော့ထိုးနော် ။ ထိုးတဲ့နေရာမှာ အခုနာနေတာကတော့ သမီးရဲ့အသားထဲကို အပ်နဲ့ထိုးဆေးရည်ထည့်မှတော့ နည်းနည်းတော့နာမှာပေါ့ ။ ပြီးရင်သက်သာသွားပါလိမ့်မယ် ။ ဘာကြောင့်မချေနဲ့လို့မှာတာလဲ သိချင်ရင် တော့ အဲ့ဒီလိုမှာလိုက်တဲ့လူကိုပြန်မေးလို့ရပါတယ် ။ ပြောတဲ့လူက ဆရာဝန်ဖြစ်ဖို့တော့လိုတာပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတွေ့ဖူးတဲ့အထဲမှာ တတ်ယောင်ကားတွေများနေလို့ပါပဲ ။ မချေနဲ့ပြောတာက အရင် ထိုးခဲ့ဆေးတွေနဲ့မတူလို့ပါ ။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေးတွေက ချေလိုက်ရင် ဆေးအာနိသင်ပျက်ပြယ်သွားမှာဆိုးလို့ပါ ။ ဆေးခဲတာတို့ ခွဲထုတ်ရတာတို့ဆိုတာ ကာကွယ်ဆေးမှာ မရှိသလောက်ပါပဲသမီးရယ် ။  ကာကွယ်ဆေးကို သိမ်းရင်တောင်မှ ရေခဲဗူးနဲ့ထည့်ပြီး သိမ်းရတာ ။ အဲ့ဒီလိုမှမသိမ်းရင် temperature ပူပြီး ပျက်သွားနိုင်လို့ပါ ။ သမီးလေးလန့်စရာမလိုတော့ဘူးပေါ့ ။

About AKKO

A K K O has written 50 post in this Website..