ဝက်ခြံတွေထွက်နေတယ်ဆိုတဲ့ နီလေးအတွက်

AKKONovember 9, 20101min645

နီလေးတစ်ခုမေးချင်ပါတယ်
ဝက်ခြံတွေထွက်လို့ ဝက်ခြံပျောက်ဆေးတွေသောက်သင့်လား။

—–

သမီးလေးနီရေ  … ဝက်ခြံတွေထွက်တာ အရမ်းကြီးတာတို့ ဆင်ဝက်ခြံတို့ဆိုရင်တော့ ဆေးတွေသောက်ဖို့လိုတာပေါ့ ။ ပုံမှန်မှာတော့ မိန်းကလေးတွေဟာ အပျိုဘော်ဝင်စမှာ ဝက်ခြံထွက်တာနည်းပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမဟိုမုန်းဓါတ် အီစထရိုဂျင်က ဝက်ခြံတွေကို မထွက်စေတာ ၊ နည်းစေတာတို့ဖြစ်စေတာကြောင့်ပါ ။ ယောကျာင်္းလေးတွေမှာသာ အထူးသဖြင့် လူပျိုဘော်ဝင်စအချိန်တွေ မှာသာ အဖြစ်များတာပါ ။ ဘာလို့ဖြစ်တာလဲဆိုတော့သမီးရေ ယောကျာင်္းတွေမှာက အန်ဒရိုဂျင် ကျားဟိုမုန်းတွေများလာလို့ပါ ။ အဲနောက်ပြီးတော့ တချို့မိန်းကလေးတွေမှာလည်း ကျားဟိုမုန်းတွေများလာတဲ့အခါမျိုးမှာ ဝက်ခြံတွေထွက်လာတာတို့ ၊ နှုတ်ခမ်းမွှေးတွေပေါက်လာတာတို့ အသံတွေဩလာတာတို့ဖြစ်တတ်တယ် ။ သမီးဝက်ခြံက ဘယ်လိုပုံစံမျိုးလဲ ။ မျက်နှာတပြင်လုံးပေါက်တာလား ၊ အလုံကြီးတွေဖြစ်နေလားဆိုတာ ဆရာအသေးစိတ်သိဖို့လိုတယ် ။ တတ်နိုင်ရင်တော့ သမီးရယ် ဝက်ခြံပေါက်တဲ့နေရာတွေကို ဓါတ်ပုံရိုက်ပြီဆရာ့ကိုပြနိုင်ရင်တော့ပိုကောင်းပါတယ် ။ ဒါဆိုသမီးအတွက်လိုအပ်တဲ့လိမ်းဆေးစားဆေးကအစ ဆရာပို့ပြောပေးကုပေးလို့ ရပါတယ် ။ ပျောက်ချင်ဇောနဲ့တော့ တွေ့ကရာဆေးတွေသောက်တာ ၊ လိမ်းတာမျိုးမလုပ်ပါနဲ့ ။ မျက်နှာကိုသာ facial form အပျော့စားလေးနဲ့ တနေ့သုံးခါလောက်ဆေးပေးပါ။ တိုနာကောင်းကောင်းလေးတွေလိမ်းထားပေါ့ ။ နောက်ပြီးဝက်ခြံတွေကို ကုတ်တာ ဖဲ့တာတို့မလုပ်စေချင်ဘူး ။ ပိုဆိုးသွားမှာဆိုးလို့ပါ။

5 comments

  • Gong Zhu

    November 11, 2010 at 4:35 pm

    ကျေးဇူးတင်ပါတယ်နော် … ခု သမီးမျက်နှာမှာ ဝက်ခြံ နှစ်ခုထွက်လာနေလို့ … စိတ်ညစ်တယ် …

  • kopauk mandalay

    November 11, 2010 at 4:59 pm

    အလွယ်ဆုံးပိုက်ဆံမကုန်တဲ့ ဝက်ခြံပျောက်ဆေးလိုချင်ရင်
    ကိုပေါက်လက်တွေ့ဆေးရှိပါတယ်။
    ဝက်ခြံရှိတဲ့နေရာကို အဝတ်နဲ့ပွတ်ပြီး သံပုရာရည်ညှစ်ထဲ့လိုက်ရင်အဲဒီနေရာမှာ ဘယ်တော့ မှ ဝက်ခြံမပေါက်တော့ ဘူးဗျာ။

    • etone

      November 12, 2010 at 2:30 am

      အောင်မလေးလေး ..။ ရက်စက်လှချည်လား ကိုပေါက်ရယ် Gong Zhu လေးတော့မသိတော့ etone တောင်ကြားရတာ ကြက်သီးထတယ် ။ နောက်တီးနောက်တောက်နဲ့ ။

    • ဆူး

      November 12, 2010 at 4:00 am

      အနာရွတ်ကြီးတွေ ဖြစ်သွားအုန်းမယ် လေးပေါက်ကလည်း အတည်ပြောတာလား နောက်တာလား

  • nyeinwailwin

    November 12, 2010 at 3:36 am

    ကိုပေါက်ပြောတဲ့ ဆေးနည်းက တကယ်အမှန်ပဲလား etone ပြောသလို နောက်တီးနောက်တောက်လား . (မဟုတ်လဲ ကိစ္စတော့ မရှိပါဘူးလေ ) သူငယ်ချင်း တစ်ယောက် ဝက်ခြံပေါက်နေတာ စမ်းကြည့်ပေးလိုက်မယ်လေ မှန်မမှန်သိရင်အောင်ပေါ့ ….:)

Leave a Reply