မန္တလေးမှာ NDF ကို ပယ်မဲလုပ်

Good IdeaNovember 9, 20101min1225

မန္တလေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ ၏မဲရုံတခုဖြစ်သည့် ချမ်းမြသာစည်မြို့နယ် စိန်ပန်းလမ်းနှင့် ၆၄ လမ်းထောင့်ရှိ မဲရုံတွင် အမှန်ကို ဇောက်ထိုးခြစ်မိထားသော NDF  ပါတီ၏ မဲများကို မဲရုံမှူးက အားလုံး ပယ်မဲလုပ်ပစ်ခဲ့ကြောင်း ယင်းဒေသတွင် နေထိုင်သူ မန္တလေးသားတဦး အဆိုအရ သိရသည်။

မဲဆန္ဒရှင် ပြည်သူတချို့မှာ မသိနားမလည်သည့်အတွက် ခမောက်တံဆိပ်ဘေး ကွက်လပ်တွင် အမှန်ကို ဇောက်ထိုး ခြစ်မိကြရာ ယင်းလက်မှတ်များကို မဲရုံမှူးက ပယ်မဲလုပ်ပစ်လိုက်ခြင်း ဖြစ်သည်။

NDF  မဲများအားလုံးကို ပယ်မဲလုပ်သော်လည်း ပြည်ခိုင်ဖြိုးပါတီ၏ အမှန်ဇောက်ထိုးခြစ် မဲလက်မှတ်များကို  ထည့်သွင်းရေတွက်သည်ဟု မန္တလေးသားက ဆိုသည်။ ယင်းမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါက်တာ လှစိုးညွှန့်၏ မဲရုံကိုယ်စားလှယ်က ပယ်မဲလုပ်ခြင်းကို ကန့်ကွက်သော်လည်း မဲရုံးမှူးက ဂရုမစိုက်ခဲပေ။

ယမန်နေ့ ညနေပိုင်း ရရှိသော သတင်းများအရ ယင်းမဲဆန္ဒနယ်တွင် NDF  အမတ်လောင်း ဒေါက်တာ လှစိုးညွန့်က ကြံ့ဖွံ့အမတ်လောင်း ဦးဝင်းမောင်ကို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

Good Idea

5 comments

  • moethidasoe

    November 10, 2010 at 8:17 am

    ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဆိုတာ တရုတ်က စလာတာ ..
    တရုတ်ကြီး ရဲ့ —– သား ဆိုတော့ ..

  • cobra

    November 10, 2010 at 8:59 am

    နောက်ဆုံးတော့ဘဘကြီးက..ဘဘကြီးပါဘဲကွာ…။

  • Cedric Diggory

    November 10, 2010 at 11:40 am

    ဒီလိုပဲဖြစ်ရမယ်လေ။ ကျွန်တော်ပြောသားပဲ။ ဒါအမှန်ပဲလေ။
    ဒုံရင်းကဒုံရင်းပါပဲ။

  • ဆူး

    November 10, 2010 at 12:12 pm

    ဒုံရင်းက ဘာမှ လုပ်လို့ရဘူး.. ဒုံးရိမ်းကမှ.. ညီရင် လှသေးတယ်။

Leave a Reply