အသုံးဝင်မည့် Development Tool များ from Myanmar Tutorials by Htet Oo

zinmyotunNovember 9, 20102min550

ဒီပို့စ်မှာ Tools တွေကို စုစည်းဖော်ပြပေးမှာ ဖြစ်ပါတယ်။ Color ရွေးချယ်တဲ့ Tool တွေ၊ Color Palette တွေ၊ JS Library တွေ၊ CSS/HTML/PHP Framework တွေနဲ့ WYSIWYG editor တွေ စသည်ဖြင့် စုစည်းဖော်ပြပေးမှာပါ။ အားလုံးက Development Project တွေမှာ အသုံးဝင်နိုင်မယ့်ဟာတွေပါပဲ။ အကောင်းဆုံးတွေဖြစ်ပြီး အားလုံးက အခမဲ့ရနိုင်ပါတယ်။

၁။ PHPAnywhere

PHPAnywhere ဆိုတာ Online Service တစ်ခု ဖြစ်ပြီး မည်သည့်နေရာကမဆို PHP Code တွေကို ရေးလို့ရအောင် စွမ်းဆောင် ပေးပါတယ်။ သင်လိုမှာ နှစ်ခုတည်းက Browser နဲ့ အင်တာနက်ပါ။

၂။ CAPTCHA(Completely Automated Public Turning to tell Computers and Human Apart)

ဆိုတာကတော့ လူနဲ့ bot နဲ့ ခွဲပေးတဲ့ စနစ်ပါ။ အစကတော့ reCAPTCHA က သီးသန့်ပါ။ ခုတော့ Google ပိုင်ဖြစ်သွားပါပြီ။ reCAPTCHA မှာ သွားကြည့်နိုင်ပါတယ်။

၃။ CamStudio

သူကတော့ Open Source Free Screen Recording Software ဖြစ်ပါတယ်။ Screen Activity တွေကို အသံနဲ့တစ်ကွ သိမ်းဆည်းနိုင်ပြီး Industry Standard AVI အနေနဲ့ သိမ်းဆည်းနိုင်ပါတယ်။ အဲဒီလို သိမ်ဆည်းပြီး SWF အနေနဲ့ ပြန်ပြောင်လို့ ရနိုင်ပါသေးတယ်။

၄။ StripeGenerator

သူကတော့ Background အနေနဲ့ အသုံးပြုနိုင်တဲ့ Stripe တွေကို တည်ဆောက်နိုင်ပါတယ်။ Web 2.0 စတိုင် Background တွေပေါ့။

၅။ Go2Convert

Go2Convert ကတော့ Web-based Tools တစ်ခုဖြစ်ပြီး ဓာတ်ပုံများကို Format တစ်ခုမှ တစ်ခုသို့ ပြောင်းလဲခြင်း၊ ဓာတ်ပုံများကို Size ပြောင်းလဲခြင်း စတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။

၆။ PXtoEM

ဒါကတော့ Pixel တွေကနေ em ကို ပြောင်းပေးတဲ့ Calculator အနေနဲ့ သုံးနိုင်ပါတယ်။ percent ကနေ points ကို ပြောင်းချင်ရင်လည်း ပြောင်းပေးနိုင်ပါတယ်။

၇။ Date Manipulation in PHP

ဒါကတော့ Tutorial တစ်ခုပါ။ PHPBuilder ဆိုက်ကပါ။ Date နဲ့ ပတ်သက်တဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေ အားလုံးကို တစ်နေရာတည်းမှာ စုပြီး ပြထားပေးပါတယ်။

၈။ CSS Sprite Generator

CSSS Sprite ဆိုတာကတော့ Image Loading Time ကို လျော့ချပေးနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Image သုံးခုပါတဲ့ Button လိုမျိုးမှာ ပုံသုံးခုကို ပေါင်းပြီး X, Y Coordinate တွေနဲ့ သတ်မှတ်ပြီး သုံးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ အဲဒီအတွက် CSS Sprite တွေ ဖန်တီးပေးနိုင်တဲ့ နေရာတစ်ခုပါ။

၉။ CSS Button Maker

Button တွေကို ဖန်တီးလို့ရနိုင်တဲ့ Button Maker တစ်ခုဖြစ်ပါတယ်။ a:hover a:active စသည်ဖြင့် တစ်ခါတည်း ဖန်တီးနို်င်ပါတယ်။

၁၀။ CSS Grid Builder

Yahoo UI ကို အခြေခံထားတဲ့ CSS Framework တွေ ဖန်တီးနိုင်တဲ့ Tool ဖြစ်ပါတယ်။

၁၁။ Dojo Toolkit

သူကတော့ Open Source JavaScript Library တစ်ခု ဖြစ်ပြီး Rapid Development တွေအတွက် အများကြီး အသုံးဝင်ပါတယ်။ အဲဒီအပြင် JavaScript/Ajax Based Applications တွေနဲ့ Web Site တွေ ဖန်တီးရာမှာလည်း အသုံးဝင်ပါတယ်။

၁၂။ Google Font Directory

Google Font API ကို သုံးပြီး Google က အထောက်အပံ့ပေးထားတဲ့ Font တွေကို အသုံးပြုနိုင်ပါတယ်။ ဘယ် Font ကိုမဆို Open Source အနေနဲ့ သုံးနိုင်ပြီး Google Server တွေက အထောက်အပံ့ ပေးထားပါတယ်။

၁၃။ Cotweet

ဒါကတော့ Corporate အတွင်းမှာ ရှိတဲ့သူတွေ Twitter အကောင့်ကို သုံးပြီး ဆက်သွယ်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။

၁၄။ Facebook-style Autosuggest

သူကတော့ Facebook မှာ သုံးတဲ့ Autosuggest ပုံစံကို သုံးတာပါ။ AutoComplete ဆိုပါတော့။

၁၅။ dxhtmlGrid

သူကတော့ Data Grid ပါ Developer တိုင်းသိကြမယ်ထင်ပါတယ်။