ကမ္ဘာကျော်ပုုဂ္ဂိုလ်ကြီးများ ၏ထူးထူးခြားခြားအချက်များ(၂)

အာဂNovember 9, 20101min1324

ငယ်ရွယ်ရွယ်နှင့် ဆံပင်ဖြူသူ

အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် အီတလီလူမျိုးရေကြောင်း သွားလာရေးသမား ခရစ်စတိုဖာကိုလံဘတ်စ် (၁၄၅၁- ၁၅၀၆) ၏ ဆံပင် များသည် အသက်သုံးဆယ်အရွယ် ၌ ဆွတ်ဆွတ်ဖြူခဲ့ သည်။

သွေးထိုးပေးမှုကို မယုံသည့် မဟာအလက်ဇန်းဒါး

သမိုင်းတစ်လျှောက်လုံး၌ မိမိလက်အောက်ငယ်သားများကို အယုံကြည်ဆုံးဘုရင်ဖြစ်သူ မဟာ အလက်ဇန်းဒါးဘုရင်သည် သူ့အား သူ၏ဆရာဝန်ဖီလစ်က အဆိပ်ခတ်သတ်လိမ့်မည်ဟူသည့် ပစ်စာတစ်စောင်ကို ရရှိခဲ့သည်။ ထိုစာကိုရရှိပြီး သိပ်မကြာလှသည့် ကာလ၌ သူ၏ဆရာဝန် ဖီးလစ်က သူ့အားဆေးသောက်ရန်ပေးလာခဲ့သည်။ မဟာ အလက်ဇန်းဒါးသည် သူရရှိထား သည့် ပစ်စာကို သူ၏ဆရာဝန်အား ပေးဖတ်စေခဲ့ပြီး၊ ထိုစာကို သူ့အနေဖြင့် လုံးဝမယုံကြည် ကြောင်းပြသသည့် အနေဖြင့် ဖီးလစ်ပေးသည့် ဆေးခွက်ကို တစ်ကျိုက်တည်းဖြင့် ကုန်အောင် မော့သောက်ပစ်လိုက်သည်။ မဟာအလက်ဇန်းဒါးဘုရင်ဘာမှ မဖြစ်ခဲ့ပါ။

မှတ်ဉာဏ်ကောင်းသည့် ဧကရာဇ်

ရောမဧကရာဇ် ဟာဒြီယန်(၇၆-၁၃၈) သည် မှတ်ဉာဏ်အလွန်ကောင်းသူဖြစ်သည်။ သူသည် ရောမတပ်မတော်ရှိတပ်သားမှသည် ဗိုလ်ချုပ်ကြီးအထိ တပ်မတော်သားအားလုံး၏ အမည်နှင့် ရုပ်ကိုပါမှတ်မိသိရှိသည်။

လခ နှစ်(၅၀) အတွက် ကြိုပေးခြင်းခံရသူ


ပြင်သစ်လူမျိုးအတွေးခေါ်ပညာရှင် ဒဲနစ်စ်ဒီဒီရော့(တ်)(၁၇၁၃-၁၇၈၄) အားရုရှားဘုရင်မကြီး မဟာကတ်သရင်း (၁၇၂၉-၁၇၉၆) က စာကြည်တိုက်မှူးအဖြစ်ခန့်အပ်ခဲ့ပြီး၊ နှစ်(၅၀)အတွက် လခ ကိုကြိုပေးထားခဲ့သည်။ သို့သော် ဒီဒီရော့(တ်) သည် လုပ်သက် (၁၉)နှစ်အကြာ၌ ကွယ် လွန်အနိစ္စရောက်ခဲ့သည်။

မှတ်ဉာဏ်ကောင်းသည့် အင်္ဂလိပ်ဘုရင်

တတိယမြောက် ဂျော့ဘုရင်(၁၇၃၈-၁၈၂၀)သည် အလွန်မှတ်ဉာဏ်ကောင်းသူဖြစ်သည်။ သူသည် ဗြိတိသျှရေတပ်မတော်မှ အရာရှိ(၄ ၅၀၀)၏ တစ်ဦးချင်းအား အမည်ရောမျက်နှာပါ မှတ်မိနေခဲ့ပြီး၊မည်သည့် အရာရှိအား မည်သည် သင်္ဘော၌ တာဝန်ချထားပေးသည်ဆိုသည် ကိုပါ မှတ်မိနေသည်။

4 comments

  • ဆူး

    November 9, 2010 at 12:55 pm

    မှတ်ဉာဏ်ကောင်းတဲ့ လူတွေကလည်း ရှယ်ဘဲ.. အဲလိုတော့ မမှတ်နိုင်တာ အမှန်ဘဲ..
    အနိစ္စတရားကို စိတ်ချပြီး အနှစ် ၅ဝ လစာ ကြိုပေးတာကိုး..

  • nyeinwailwin

    November 10, 2010 at 2:50 am

    ဦး R Ga ကလဲဒါတွေကို မှတ်ဉာဏ်ကောင်းကောင်းနဲ့ မှတ်ထားတာလားဟင် .. ကမ္ဘာကျော်ပုုဂ္ဂိုလ်ကြီးတွေရဲ့ အကြောင်းကို တော်တော်သိလို့ပါ ..

  • I am a man of simple life.

    November 10, 2010 at 6:53 am

    ကျနော်တို ့နီုင်ငံက ဥိးနေဝင်းလဲ မှတ်ဉာဏ်ကောင်းတဲ့အထဲမှာပါပါတယ်။ သူ ့ရဲ့ မွေးနေ ့မှာ လာသူတွေအာလုံးကို နာမည်ခေါ်ပြိးနှတ်ဆက်နိုင်တယ်တဲ့။ သိလား။ ကောင်းတဲ့ အချက်တွေလဲ ရှိပါတယ်။

  • MaMa

    November 10, 2010 at 9:39 am

    We got so many knowledges, thanks.

Leave a Reply