Registry ဆိုတာ …

zinmyotunNovember 9, 20101min530

ကွန်ပျူတာမှာ
ရှိတဲ့ Hardware တိုင်းရဲ့ Information တွေ၊ Network Information တွေ၊
User တွေရဲ့ wallpaper, Screen Saver စတာတွေက အစ registry မှာ
သိမ်းထားပါတယ်။ Registry တွေကို သိမ်းထားတာက Windows 98/Me မှာဆိုရင်
System.dat နဲ့ User.dat ဆိုတဲ့ Binary နှစ် File ဖြစ်ပြီး၊ Windows
NT/2000/XP မှာဆိုရင်တော့ များပြားလှတဲ့ Registry တွေကို Hives လို့ခေါ်
ပြီး WindowsSystem32Config Folder မှာသိမ်းထားပါတယ်။ Registry
တွေမြင်ချင်တယ်၊ ပြင်ချင်တယ်ဆိုရင် Start မှာ Run ကို ရှာပြီး regedit လို့
ရေးပြီး OK ပေး ။ Registry Editor ပေါ်လာပါတယ်။ Registry ကို Editor
နဲ့ပဲပြင်လို့ရပါတယ်။ Win.ini တို့ System.ini တို့လို Notepad, Text
Editor တို့နဲ့ပြင်လို့ မရပါဘူး။ Registry ဟာ ကွန်ပျူတာရဲ့အကြောင်းအရာတွေ
Setting တွေကို Regedit.exe သုံးပြီး Windows Registry ကို တိုက်ရိုက် ဝင်
Setting လုပ်တာ ဖြစ်ပါတယ် ။ Registry မှာ အဓိကအုပ်စု(၆)စု ရှိပါတယ်။
၁။ HKEY-CLASSES-ROOT
၂။ HKEY-CURRENT-USER
၃။ HKEY-LOCAL-MACHINE
၄။ HKEY-USERS
၅။ HKEY-CURRENT-CONFIG
၆။ HKEY-DYN-DATA

HKEY-CLASSES-ROOT
သူက window 9x ကအသုံးပြုတဲ့ Standard Class Objects တွေကို
သတ်မှတ်ပေးတာပါ။ Class Object ဆိုတာ မျိုးတူ Function
အုပ်စုတွေရဲ့နာမည်ပါပဲ ။

HKEY-CURRENT-USER
ကွန်ပျူတာ တစ်လုံးထဲမှာ အသုံးပြုသူတွေဟာ ကိုယ်ကြိုက်တဲ့ User
Perference(wallpaper,screen saver,etc.) နဲ့ တစ်ယောက်ချင်း
ကိုယ့်စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ အဲဒီ User တစ်ယောက်ချင်းစီက
သတ်မှတ်ထားတဲ့ Perference တွေကို HKEY-CURRENT-USER ထဲမှာ သိမ်းထားပြီး
လက်ရှိအသုံးပြုနေတဲ့ User ရဲ့ Personalized Setting တွေကို ဒီမှာ
သိမ်းပါတယ်။

HKEY-LOCAL-MACHINE
သူက ခုနက User Setting တွေနဲ့ လုံးဝမသက်ဆိုင်တဲ့ System ပိုင်းဆိုင်ရာ
အချက်အလက်တွေကို သိမ်းထားပါတယ်။ သူက ကွန်ပျူတာမှာရှိတဲ့ ပစ္စည်းတိုင်းရဲ့
အကြောင်းအရာတွေကို၊ တပ်လိုက်သမျှ၊ ဖြုတ်လိုက်သမျှ ကို သိမ်းထားပါတယ်။

HKEY-USERS
အကယ်၍များ အကြောင်းအရာနှစ်ခု Setting ဖြစ်နေတယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့
အကြောင်းအရာကို သိမ်းထားတာဖြစ်ပါတယ်။ ဥပမာ- ခင်ဗျားကွန်ပျူတာမှာ မတူတဲ့
Monitor နှစ်လုံးတပ်ထားတယ်ဗျာ။ ဒါပေမယ့် အခုလက်ရှိ သုံးနေတာက နှစ်လုံးထဲက
တစ်လုံး၊ ဒီကောင်က အခုလက်ရှိ သုံးနေတဲ့ Monitor နဲ့ ပတ်သတ်တဲ့ Values
တွေကို သိမ်းထားပါတယ်။

HKEY-DYN-DATA
သူကတော့ ကွန်ပျူတာ အလုပ်မြန်မြန် လုပ်နိုင်ဖို့ System Configuration
တွေကို RAM ပေါ်တင်ပြီး အလုပ်လုပ်ပါတော့တယ်။ သူဟာ Boot လုပ်တိုင်း System
Configuration တွေပြောင်းလဲတိုင်း Update လုပ်ပါတယ်။

(မှတ်ချက်။ ။Regedit ရယ် Regedit 32 ရယ်ဆိုပြီး Windows 2000 နဲ့ XP မှာ
နှစ်မျိုးရှိပါတယ်။ Regedition သုံးနေကျလည်းဖြစ်ပါတယ်။
အကြောင်းအရာတွေကိုလည်း ရှာဖွေပေးတဲ့ နေရာမှာလည်း Regedit 32.exe
ထက်မြန်ဆန်တာကြောင့် Regedit ကိုပဲ အသုံးများတာပါ။ Windows XP မှာ
HKEY-DYN-DATA ကိုတွေ့မှာမဟုတ်ပါဘူး ။ Idea ကတော့ တူတူပါပဲ။