ချင်းပြည်နယ်မှ ချင်းပါတီများ အခြေအနေ

Good IdeaNovember 9, 20101min460

ချင်းပြည်နယ် ဖလမ်းမြို့ရှိ မဲဆန္ဒနယ်အားလုံးတွင် ချင်းတိုးတက်ရေးပါတီ – CPP (ဒေသအခေါ် နွားနောက်ပါတီ) က ရာနှုန်းပြည့် အနိုင်ရရှိသွားကြောင်း သိရသည်။

ဖလမ်း ပြည်သူ့လွှတ်တော်တွင် ဦးခွန်လိန်း၊ အမျိုးသား လွှတ်တော် အမှတ် – ၁ တွင် ဦးကျွန်ခဲန်း၊ အမှတ် – ၂ တွင် ဦးဇုန်လှယ်ထန်း၊ ပြည်နယ်လွှတ်တော်  အမှတ် – ၁ တွင် ဦးနုထန်း၊ အမှတ် – ၂ တွင် ဦးနိုဆွန်တို့သည် အဓိက ပြိုင်ဘက် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များကို ရာနှင့်ချီသော ထောက်ခံမဲးအသာဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် CPP ပါတီ ဥက္ကဋ္ဌ ဦးနိုထန်ကပ်သည် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ချင်းတိုင်းရင်းသားလွှတ်တော်တွင် ပြိုင်ဘက် ကြံ့ဖွံ့ပါတီ အမတ်လောင်းကို ထောက်ခံမဲ ၂ ထောင်ကျော် အသာဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည်။

နောက်ထပ် ချင်းပါတီတခုဖြစ်သည့် ချင်းအမျိုးသား တိုးတက်ရေးပါတီ – CNP ဥက္ကဋ္ဌ ဦးဇိုဇမ် (ကာတွန်း – ဇိုဇမ်) က ချင်းပြည်နယ် တီးတိန်မြို့ရှိ ပြည်နယ်လွှတ်တော် အမှတ် – ၂တွင် ဒုတိယနေရာမှ ကြံ့ဖွံ့အမတ်လောင်းကို ထောက်ခံမဲ ၉ ရာကျော် အသာဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

တီးတိန်တွင် ဦးဇိုဇမ်တဦးသာ အနိုင်ရခဲ့ပြီး ကျန်မဲဆန္ဒနယ်အားလုံးတွင် ကြံ့ဖွံ့က အနိုင်ရသွားသည်။