ပြည်ပထွက်မယ့် သူများသတိထားရန်

zinmyotunNovember 9, 20101min857

SPass လား WP လား

မင်္ဂလာပါ မောင်နှမများအားလုံး စိတ်ချမ်းသာ ကိုယ်ကျမ်းမာကြပါစေနော်။

လွန်ခဲ့တဲ့ နှစ်ရက်လောက်က လေဆိပ်မှာဖြစ်ခဲ့တဲ့ အဖြစ်လေးကို မျှဝေသင့်တယ် ထင်လို့ တင်လိုက်တာပါ။အဲဒိနေ့က ညီမလေးတစ်ယောက်လေဆိပ်သွားကြိုပေးပါတယ်။အဲဒီညီမလေးက
လောလောဆယ်မှာ Student passနဲ့နေနေတာပါ။အရင်က သူလေးလဲအိမ်တစ်အိမ်မှာ
18လကြာနေခဲ့ဘူးပါတယ်။သူမွေးနေ့လေးမို့ ကုသိုလ်လုပ်ချင်လို့ အဲဒီနေ့မှာ
ပထမဆုံးအကြိမ် လေဆိပ်ကို တစ်ယောက်ထဲသွားကြိုပေးတဲ့နေ့ပေါ့။

သူရောက်ပြီး သိပ်မကြာဘူး မေလေးဆီဖုန်းဆက်လာပါတယ်။လေဆိပ်မှာ ပြသနာတက်လို့လိုက်ခဲ့ပေးပါဆိုလို့
မေလေးချက်ချင်းလိုက်သွားတော့ဟိုမှာပြသနာကတော်တော်ကြီးနေပြီ။

အစ်မတစ်ယောက် ရန်ကုန်ကအေးဂျင့်က S-pass ဆိုပြီး စာရွက်စာတမ်းအတုနဲ့လွတ်လိုက်တယ်။ဒီရောက်တော့ အေးဂျင့်က Meeting
Serviceကတဆင့်ကြိုခိုင်းထားတော့ Maid permit ဖြစ်နေတယ်။

အဲဒီအစ်မက ရန်ကုန်ကနာမည်ကြီး ကုမ္ပဏီ်တစ်ခုမှာ တစ်လကို ၂ သိန်းနဲ့လုပ်နေရာက သူများအဆွယ်ကောင်းလို့ စင်ကာပူ လာခါမှအလိမ်မိတာလေ။အီးလဲတော်တော်ကောင်းသလို
ထက်လဲထက်မြက်တဲ့မိန်းမတစ်ယောက်ဆိုတော့ အေးဂျင့်ကို တစ်ခွန်းမကျန်
ပြန်ပြောတော့ အေးဂျင့်ကပါးရိုက်လို့။

အမှန်က အေးဂျင့် မဟုတ်သေးပါဘူး။လာကြိုတဲ့သူအများစုက အေးဂျင့်ဆီမှာ အလုပ်လုပ်နေတဲ့ ဒါရိုက်ဘာအဆင့်လောက်ဘဲရှိတဲ့သူတွေပါ။လေဆိပ်တစ်ရက်လောက်သွားကြိုကြည့်ကြပါ။
ဒီကောင်တွေဘယ်လောက်မိုက်ရိုင်းလဲသိရအောင်။

ခုမှလာခါစ ဆိုပြီး မြန်မာမိန်းကလေးတွေဆို ဘာမှတ်နေလဲမသိဘူးနှိမ်မှနှိမ်။ရောက်ခါစ အစ်မတွေ ညီမလေးတွေ တကယ်ကိုသနားဖို့ကောင်းတယ်။အမြဲဘဲမျက်ရည်လေး စမ်းစမ်းနဲ့
တကယ်ကို သနားစရာကောင်းပါတယ်။

မေလေးလဲအဲဒီအစ်မကို သေချာရှင်းပြပါတယ်။ အစ်မအခုချိန်မှာ အစ်မလုပ်နိုင်တာသုံးလမ်းရှိတယ်။ တစ်က အစ်မလှည့်ပြန်သွားပါ။ဒါဆိုရင်တော့ အစ်မ အေးဂျင့်ကို ၁၅၀၀
လျှော်ရပါလိမ့်မယ်။စာချုပ်ရှိလို့ပါ။လေယာဉ်ခလဲကိုယ်ဘာသာကိုပေးရမှာပါ။ဒီနည်းလဲသူမကြိုက်ပါဘူး။ရန်ကုန်မှာပေးခဲ့တဲ့
အေးဂျင့်ခက လေယာဉ်လက်မှတ်ဖိုးမပါ ၄၃သိန်းအကျေပေးခဲ့ရတယ်။အဲတော့သူခမျာ
ဘယ်လိုလုပ်ထပ်ပေးချင်မလဲ။

နှစ်က အခုလောလေဆယ် အေးဂျင့်နဲ့လိုက်သွားပြီး အိမ်တစ်အိမ်မှာခဏလုပ်ပါ။နောက်မှကြိုးစားရုန်းထွက်ပေါ့။
ဒီလိုလဲသူလက်မခံနိုင်ပါဘူး.။တစ်သက်လုံးအိမ်ဖော်နဲ့နေလာတာတဲ့။အိမ်အလုပ်မလုပ်ဖူးဘူးတဲ့။ဒီတော့ဒါလဲသူပယ်တယ်။

နောက်ဆုံးအချက်က ရဲစခန်းကိုခုချက်ချင်းသွားပြီးအမှုဖွင့် ပြီးရင် MOMမှာသွားနေပေါ့။ဒါဘဲသူရွေးချယ်တော့
အေးဂျင့်ကိုပြန်လွှတ်လိုက်ပြီးသူကိုရဲစခန်းခေါ်သွားပေးရတယ်။

လမ်းမှာလဲသေချာပြောပြရသေးတယ်။ လောလောဆယ် MOM မှာမေလေးတိုင်ထားပေးတာ ၅ ယောက်ရှိပါတယ်။အခုထိအမှုက မပြီးသေးဘူး။ တစ်ယောက်ဆို ကလေးတောင် ၃ လရှိပြီ။အိမ်ရှင်စော်ကားလို့
တိုင်ထားတာပါ။တကယ် သနားစရာကောင်းပါတယ်။အသက်က
၂၁ဘဲရှိပါသေးတယ်။သူလေးဘဝကိုစဉ်းစားကြည့်ကြပါအုန်း။

အဲဒီညီမလေးနဲ့ မေလေးသိတဲ့အချိန်မှာ ကိုယ်ဝန်က ၄ လကျော်နေပါပြီ။

ကိုယ်ဝန်ရှိနေတာကို အဲဒီညီမလေးကိုယ်တိုင်မသိလို်က်တာလေ။အခုတော့ကလေးတစ်ယောက်နဲ့ အမှုကမပြီးသေးဘူးလေ။
ခုနအစ်မအကြောင်းဆက်ရအောင်။ သူကိုရဲစခန်းမှာ အမှုဖွင့်ပေးတော့ထုံးစံအတိုင်းမေလေးကသက်သေပေါ့။ သက်သေဆိုတာ နောက်ရုံးချိန်းရှိတိုင်း ခေါ်ရင်သွားရပါတယ်။ ဒီမှာလဲ
မြန်မာပြည်မှာလိုပါဘဲ။ ရုံးချိန်းကခဏခဏ။

ရဲစခန်းကနေမှ တဆင့် punggol မှာရှိတဲ့ MOM ကိုလိုက်ပို့ခဲ့ပါတယ်။ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ မသိသေးပါဘူး။သူကိုလိမ်လို်က်တဲ့ S-passappproval letter က
မေလေးစစ်ကြည့်တော့ တကယ်ရှိပါတယ်။သူနာမည်တော့မဟုတ်ဘူး။

နာမည်နဲ့ မွေးသက္ကရာဇ် ကို အစားထိုးပြီးလွှတ်လို်က်တာလေ။

မေလေးသတိပေးချင်တာ နောက်ဆို ဘယ်အေးဂျင့် မှမယုံပါနဲ့။ကိုယ်တိုင်သေချာစစ်ခဲ့ပါ။ S-pass တကယ်ကျမကျစစ်လို့ရပါတယ်။အေးဂျင့်နဲ့မလုပ်နဲ့မဟုတ်ပါဘူး။
လုပ်ပါ။အေးဂျင့်တွေကလည်းထိုက်တန်သလောက် ယူပြီးရင် မလိမ်ပါနဲ့ရှင်။
ဘဝတစ်ခုပျက်မှထမင်းစားမဲ့အစား အငတ်ခံလို်က်တာပိုကောင်းတယ်လို့
မေလေးတော့ယူဆတယ်။ တကယ်ကိုဘဝပျက်သွားတဲ့မိသားစုတွေအများကြီးရှိပါတယ်။

အေးဂျင့်နဲ့ ရန်ကုန်ကနေဘဲအပ်အပ် ဒီကိုအလည်နဲ့လာပြီးမှဘဲအပ်အပ်ပိုက်ဆံအကုန်မချေပါနဲ့။ သူတို့ဘယ်လိုပြောပြော စရန်ကလွဲရင် မပေးထားပါနဲ့။တကယ် approve ဖြစ်မှပေးပါ။
အပ်ထားပြီးသိပ်မကြာဘူးသူတို့ကသူဌေးနဲ့လဲတွေ့ပေးပြီးပြီ။
အလုပ်လဲအိုကေလို့တင်မယ်ဆိုတခါထဲမေးထားပါ။ကိုယ်
အရည်အချင်းကိုသူဌေးကတကယ်ကြိုက်လို့တင်တာလား။သိပ်မကြိုက်ဘူးဆိုရင်
နောက်အလုပ်ရှာခိုင်းပါ။အားနာစရာလုံးဝမလိုပါဘူးး။

အားနာနေရင်ကိုယ်ခံသွားရမယ်လေ။ အေးဂျင့်နဲ့ သူဌေးနဲ့ပေါင်းပြီးလုပ်တာတွေများနေလို့ပါ။ ဥပမာ..အေးဂျင့်ခ ၃၀၀ဝ ယူတယ်ထား၊သူဌေးကို ၁၅၀ဝပေးမယ်။S-pass လျှောက်ပေးမယ်။ကျလဲကျတယ်။
တစ်ပတ်လောက်၊တစ်လလောက်ဆို သူဌေးကမကြိုက်ဘူးဆိုပြီး ဖြုတ်လို်က်မယ်။
အေးဂျင့်ကသူနောက်အလုပ်ရှာပေးမယ်ဆိုပြီး နောက်ထပ် ၁၀၀၀
သို့မဟုတ်၂၀၀ဝထပ်တောင်း။အလုပ်ရ၊သူဌေးကထပ်ဖြုတ်၊ အဲလိုတွေအပြင်မှာ
တကယ်ဖြစ်နေလို့ပါ။

အဲဒီတော့ တစ်ခါထဲအေးဂျင့်ကိုမေးပါ။ အစမ်းခန့်က ဘယ်နှစ်လလဲ။တကယ်လို့ကိုယ်အရည်အချင်းကြောင့် မဟုတ်ဘဲ သူဌေးကသက်သက်အလုပ်ဖြုတ်ရင် ဘယ်လိုလုပ်ပေးမှာလဲ၊တခါထဲမေးထားပါ။

အေးဂျင့်ကတင်လို်က်ပြီ ဆိုရင် အွန်လိုင်းကတင်ရင်ဒီနေ့တင်မနက်ဖြန်သိရပါတယ်။ စာတိုက်ကတင်ရင်တော့ ၁ ပတ်လောက်ဆို Finနံပါတ်ထွက်လာပါတယ်။ ဘာနဲ့ဘဲတင်တင် အေးဂျင့်ဆီက Fin
နံပါတ်တောင်းပါ။

ပြီးရင် www.mom.gov.sg ကိုသွားပါ ။ညာဘက်အောက်နားလေးမှာ အနီရောင်အကွက်လေးရှိပါတယ်။ ——I want to ———-
ဆိုပြီးရေးထားတယ်။ကလစ်နှိပ်လို်က်ရင်စာတန်းလေးတွေထွက်လာပါလိမ့်မယ်။

အဲဒီထဲကမှ ရ ကြောင်းမြောက်မှာ Check my Employment pass/S passapplication Status ဆိုတာကိုနှိပ်လို်က်ပါ။

နောက်ထပ် window ပေါ်လာလိမ့်မယ်။ အဲကျရင် ကိုယ်နာမည်ရယ်၊မွေးသက္ကရာဇ်၊ခုနပွဲစားဆီကမေးထားတဲ့ Fin နံပါတ်ရယ်
ရိုက်လိုက်ရင် ဘယ်နေ့မှာတင်ထားတယ်။

တင်ထားတဲ့နံပါတ်ကဘယ်လောက်၊ကျပြီလား မကျသေးဘူးလား၊အကုန်ပေါ်လာပါလိမ့်မယ်။

သိပြီးသားလူတွေအတွက်တော့ ဆောရီးပါ။မသိသေးတဲ့သူတွေအတွက် အသေးစိတ်လေးရေးလိုက်မိတာပါ။
မောင်နှမများအားလုံးအလိမ်ခံခြင်းမှကင်းဝေးကြပါစေ။

7 comments

  • unclegyi1974

    November 9, 2010 at 4:16 pm

    ဇင်မျိုးထွန်းရေ မသိသေးတဲ့လူတွေသိအောင်ရေးလိုက်တာ
    အတော်စုံပါတယ်
    အေးဂျင့်နဲ့ဟိုကသူဌေးတင်ပေါင်းပြီးရိုက်တာလား
    အေးဂျင့်ဆိုတာဒီမှာတရားဝင်မှတ်ပုံတင်ပြီးလုပ်ရတာဆိုတာလူတိုင်းသိပါတယ်
    အေးဂျင့်မဟုတ်တာလုပ်တာကိုကြည့်နေပြီးဘာမှအရေး
    ယူမှုမလုပ်တဲ့သက်ဆိုင်ရာလူကြီးတွေကကော
    အေးဂျင့်နဲ့ပေါင်းစားနေတာလားနဲနဲလောက်ထပ်ရှင်းပေ
    ပါအုန်း

  • winkyawaung

    November 10, 2010 at 4:02 am

    ပြည်ပသွား မြန်မာတွေလည်း မလွယ်ပါ့လားကွယ်..။

  • onlinezz

    November 10, 2010 at 5:19 am

    ပြည်တွင်းနေတော့လည်း ဝင်ငွေမလောက်၊ပြည်ပထွက်တော့လည်း ဒုက္ခရောက် 🙁

  • cherrywine

    November 10, 2010 at 6:32 am

    သိသလောက်ကတော့ အေးဂျင့်လိုင်စင်ကို ၆လတစ်ခါလုပ်ရတယ်ကြားပါတယ်။
    ၆ လပြည့်တိုင်းသက်တမ်းတိုးရန် ပေါင်းသင့်သူများနဲ့လည်းပေါင်းထားရပါတယ်။
    နာမည်ကြီးအေးဂျင့်တစ်ချို့ကတော့ အဲ့လိုမလုပ်ပါဘူး။ကြာကြာဝါးမယ့်သွားနာမှာ
    စိုးလို့ပါ။အဲ့လိုလုပ်တာအများအားဖြစ့် တစ်နိုင်တစ်ပိုင်တွေများပါတယ်။သေချာ
    တာတော့ မဇင်ပြောသလိုပါပဲ ကိုယ့်အတွက်ကိုသာသေချာအောင်ကြည့်ကြပါ။

  • char too lan

    November 10, 2010 at 6:47 am

    ကိုယ်ဘာ Pass နဲ့ကျလဲဆိုတာ MOM မှာစစ်လို့ရပါတယ် site ထဲဝင်ရတာနဲနဲခက်မယ့် Fin No……, Name……….., Passport No……….., မှန်မှန်ကန်ကန်ထဲ့ပီးစစ်ရင် ကိုယ့်ကိုယ်ကိုသိရမှာပါ
    Request made on 10/11/2010 02:12 PM
    FIN : G5031769U
    Name : MIN ZAR NI SOE
    Application No. : A160810881885
    Date of Application : 16/08/2010
    Pass Type : S PASS
    Pass Category : –
    Status : Rejected (ဒါဆိုရင်တော့ MOM ကပယ်လိုက်တာပါ)
    >>>>>>>>>>>>>>>>>>>>>>>>>>>
    Request made on 08/11/2010 11:56 AM
    FIN : G5066893U
    Name : OO THAN ZAW
    Application No. : A061110109175
    Date of Application : 06/11/2010
    Pass Type : EMPLOYMENT PASS
    Pass Category : –
    Status : Pending (ဒါကတော့လျှောက်ထားတာကိုစီစစ်နေတာပါ အဲဒီအချိန်မှာ နောက်တစ်ယောက်ကဒီလူကို ထပ်လျှောက်လို့မရပါဘူး)
    >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
    Request made on 09/11/2010 10:43 AM
    FIN : G5066893U
    Name : OO THAN ZAW
    Application No. : A061110109175
    Date of Application : 06/11/2010
    Pass Type : S PASS
    Pass Category : S
    Status : Approved (ဒါဆိုရင်တော့ MOM ကလက်ခံအတည်ပြုပေးလိုက်ပါပီ)
    Pass Type မှာလဲ Spass,Epass ဆိုပီးပါပီးသားပါ Work Permit နဲ့ Manual လျှောက်တာဆိုရင်တော့ MOM မှာစစ်လို့မရပါဘူး Online ကနေလျှောက်မှသာရတာပါ Agent တွေကများသောအားဖြင့် Online ကလျှောက်ကျတာပါ အဲဒီတော့ဒီအင်တာနက်က Chetting, QQ, Funny….သာမကပဲ များစွာသောအဖိုးတန်အရာတွေရှိနေပါတယ်လို့ပြောရင်း ကိုဇင်မျိုးထွန်း ကိုလဲဒီလိုဗဟုသုတတွေအတွက်ကျေးဇူးတင်ပါတယ်

  • နီလေး

    November 10, 2010 at 7:25 am

    ခုလိုပြောပြပေးတဲ့အတွက် အားလုုံးသိရတာပေါ့ ကျေးဇူးလဲတင်ပါတယ်

  • အာဖျံ ကွီး

    November 10, 2010 at 11:57 am

    ဟုတ်ပါတရ်
    ကိုယ်တွေလဲ Agent ပါပဲ။ ဒါပေမဲ့လို. ဒီလိုယုတ်မာတဲ့ Agent တွေတစ်ပုံတစ်ခေါင်းကြီးပါ။ မလိမ်ကြပါနဲ.၊ လူတစ်ယောက်ချင်းစီရဲ. ဘဝနဲ.ဆိုင်ပါတရ်။ Agent တွေမှာလဲအရမ်း တာဝန်ကြီးပါတရ်။ ပီးတော့ Workers တွေဘက်ကလဲ သေချာစုံစမ်းပီးမှ Processing စလုပ်သင့်ပါတရ်။ Approve ဖြစ်ပီဆိုရင်လဲ ချာတူးလန်ပြောထားသလို ပြန်စစ်ကြည့်ပါ။
    အားလုံးရဲ. ဘဝတွေ လှပကြပါစေ။

Leave a Reply