A famous hacker ‘s gmail password hack နည်း

zinmyotunNovember 10, 20101min20115

နောက်ဆုံးပေါ်gmail password hack နည်း
ဒီhack နည်းက ရမယ်လို့လဲ အသိအကျမပြောနိုင်ပါ ဘူး
ဒါပေမဲ့ အခုခေတ်လို လုံခြုံတဲ့ security တွေနဲ့ ဆို ရင် ဒီနည်း က သာ အကောင်းဆုံးဖြစ်ကြောင်းပြောချင်ပါတယ်
မကောင်းမှန်းသိပေးမဲ့ အများသိစေရန်ပညာမျှဝေခြင်းဖြစ်ပါတယ်
ဒီနည်းဖြင့် ဘီလ်ဂိတ် တို့ စတီဂျော့တို့ အကောင်ကိုတောင်ဟက်နိုင်ပါတယ်
ဒီနည်းကိုအသုံးချပြီး မည်သူမည်သူကို မျှဒုက္ခမပေးကြပါရန် မေတ္တာရပ်ခံပါတယ်..

၁.ဟက်ဖို့ရန်အတွက် ကိုယ်ဟက်ချင်တဲ့သူ၏ အကောင့်လိပ်စာကိုသိဖို့လိုပါတယ်
၂.သူ့လိပ်စာကို ကို ကိုယ်အကောင့်မှာအက် လိုက်ပါ
၃. သူလက်ခဲ့ တဲ့အချိန်မှာ (သူနဲ့ အွန်လိုင်းဖြစ်နေချိန်မှာ) နှုတ်ဆက်လိုက်ပါ
၄.အွန်လိုင်းမဖြစ်လဲမေးပို့နိုင်ပါတယ်
၅. What is your gmail account password ? လို့ရိုက်ထည့်လိုက်ပါ.
၆. သူပြောရင်တော့ ရမယ် သူမပြောရင်မရဘူး…………
စမ်းကြည့်ပေါ့ အဲဒီနည်း က ကမာ္ဘ မှာ အကောင်းဆုံး ဟက်ကာ ပြောသွားသော စကားဖြစ်ပါတယ်
သူ့ကိုပါ လှမ်းဟက်နိုင်ပါတယ် …..သူလိပ်စာကတော့ ကန်စွန်းရွက် နှင့်ပေါက်ပေါက်ဆုပ် (လိပ်စားသောအရာများ) အဲလေ ယောင်လို့
phyo.com@gamil.com ဖြစ်ပါတယ်

15 comments

  • bigcat

    November 10, 2010 at 1:47 am

    နောက်တနည်းကတော့ ပိုက်ဆံပေးပြီးဝယ်လိုက်ပါ။ ငွေကုန်နိုင်ရင် ရဖို့များပါတယ်။

  • draungkyawkyawoo

    November 10, 2010 at 2:03 am

    တော်တော်နောက်တဲ့လူပဲ တစ်ကယ်မှတ်လို့ဖတ်နေတာ ။

  • arakha

    November 10, 2010 at 2:32 am

    နောက်တနည်းရှိပါသေးတယ်။ မိန်းကလေးဆိုရင် ယောက်ကျားလေးနှင့်ချစ်သူဖြစ်အောင်လုပ်ပါ။ ယောက်ကျားလေးဆိုရင်လဲ မိန်းကလေးနှင့် ချစ်သူဖြစ်အောင်လုပ်ပါ။ ပြိးတော့ mail ကို share လုပ်တဲ့နည်းပါ။ ကျနော် သူငယ်ချင်းတွေ များဆိုရင် ဒီနည်းကိုသုံးပါတယ်။ တော်တော်ကြိးလဲ အဆင်ပြေပါတယ်။

  • nyeinwailwin

    November 10, 2010 at 2:47 am

    တစ်ကယ်မှတ်လို့ဖတ်နေတာ 😀 မဆိုးပါဘူးဒီနည်းကလဲ အသုံးဝင်နိုင်ပါတယ်….

  • ဆူး

    November 10, 2010 at 3:31 am

    တော်ပါ့ တတ်ပါ့.. ထူးချွှန်လိုက်တာ..

  • phone

    November 10, 2010 at 5:20 am

    တကယ်အောင်းမေ့လို့

  • char too lan

    November 10, 2010 at 7:26 am

    ဟက်နည်းပီးရင် ကိုက်နည်းလေးပါထပ်တင်ရမယ်နော် ~~:P

  • nyimalay

    November 10, 2010 at 7:58 am

    taw taw so tar pae … akg mhat loh connection ma ya tar tg ya ag read tar… lu soe… ga phoe….. ta khoe….. 😛

  • thidakywewa1

    November 10, 2010 at 8:23 am

    တော်တော်လည်းပြောတတ်တာပဲနော် ။အဲဒီနည်းကို သိနေတာကြာပြီ မသုံးတတ်လိုလေ ။ အခုမှပဲ သုံးရတော့မယ် ။ ကျေးဇူးအများကြီးတင်ပါတယ်….ဟဲဟဲဟဲ

  • အာဖျံ ကွီး

    November 10, 2010 at 9:18 am

    အာ .. လူနောက်

  • noenoe

    November 10, 2010 at 9:30 am

    တကယ်အောက်မေ့လို့အားကိုးတကြီးနဲ့ဖတ်လိုက်ပါတယ်……တော်တော်နောက်တယ်….

  • Chit San Maung

    November 10, 2010 at 11:00 am

    ငါ့သားရယ် ၊ မင့်အတော်နောက်တဲ့ကောင် ။

  • NK

    December 8, 2011 at 10:13 am

    တော် တော် အနောက်သန် တဲ့လူ

Leave a Reply