ဘယ်မှာလဲ ဦးဖက်ရေ.. Whereabout

Fatty

အခုတလော အန်ကယ်ဦးဖက်တီးတယောက် ပျောက်နေပါသည်………………..ရွေးကောက်ပွဲမစခင်ရက်ပိုင်းအလိုထိ သူ့မှတ်ချက်များကို တွေ့မိပါတယ်။ ဦးဖက်တီးခင်ဗျား ကျန်းခန့်သာလို့မာပါရဲ့လား။ မန်းလေးဂေဇက်မှ ပို့တင်ဘက် မိတ်ဆွေများက သတိရနေပါသည်။ ဦးဖက်တီး၏ ဘိုးတော်များနှင့်ဆိုင်သော စာများကိုလည်း စောင့်မျှော်လျက်ရှိပါသည်။ အကယ်၍ ဦးဖက်တီးထံမှ ယခုအပတ်အကုန်အထိ သတင်းမထူးပါက မလိုသူများက ဦးဖက်တီးကို ဖမ်းဆီးချုပ်နှောင်သွားသည်ဟု ယူဆပြီး ဦဖက်တီးလွတ်မြောက်ရေး လှုပ်ရှားမှုများကို စတင်ပြုလုပ်တော့မည် ဖြစ်ပါသည်။ ပြန်၍ဆက်သွယ်ပါရန်။

အက်ဒမင်ရေ.. တောင်းပန်ပါတယ်။ ဦးဖက်တီးအတွက် စိုးရိမ်လို့ပါ။ ပွိုင့်ကိုပြန်နုတ်လိုက်ပါ။

ဦးဖက်တီးငယ်စဉ်က

24 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 10, 2010 at 3:35 am

    ဒါကတော့ အခြေနေအရပါခင်ဗျ
    မဲမတိုင်ခင်ရက်တွေနားမှာ ကင်မရာ တစ်လုံးနဲ ့
    နည်းနည်း မျက်စေ့နောက်လို ့
    ခဏခေါ်ထားတာပါ

  • ဆူး

    November 10, 2010 at 3:54 am

    ဦးလေး ဝတုတ်.. အလုပ်တွေ ရှုပ်..
    ဘာကြောင့်ရှုပ်လဲ မေးသော်ငြား.. အိမ်ဖြူတော်မှ စုဖုရား.. ဝေးဝေးရယ်လို့ ပေးမသွား..
    ကျန်းခံသာလို့ မာပါစေ.. ဦးလေးဝတုတ် ပရိတ်သတ်အနေနဲ့ လက်တမ်း စာချိုးလေး စပ်လိုက်တာ.. ဟီးဟီး.. စိတ်ဆိုးရဘူးနော်..

  • eros

    November 10, 2010 at 4:30 am

    ဘယ်ဆီကို ဦးဖက် ရောက်နေလည်း ဘာတွေကို ဦးဖက်လုပ်နေလည်း ဘယ်သူနဲ့ ဦးဖက်ရှိနေလည်း တွေးမိပါတယ်။ သတိရပါတယ်။

  • နီလေး

    November 10, 2010 at 4:46 am

    ကြားဖူးတာတော့ပြသာနာကိုမီးထွန်းပြီးရှာတယ်လို့ပဲ ခုတော့ ဦးဖက်တီးကို မီးထွန်းပြီးရှာရပေတော့မပေါ့

  • april

    November 10, 2010 at 6:45 am

    ဦးဖတ်တီးကြီး မဲပုံးထဲများ လိုက်သွားလား မသိဘူးနော် 🙂

  • etone

    November 10, 2010 at 6:56 am

    ကိုဖက်တီးရှိပါတယ် အိမ်မှာအဝတ်တွေလျှော်ပြီးလှန်းတာတွေ့လိုက်တယ် ။ မနေ့ကတောင် ဈေးခြင်းကြီးကိုင်ပြီး သွားတာလည်းတွေ့သေးတယ် ။ အိမ်မှူကိစ္စတွေနဲ့ မအားလို့မလာတာပါတဲ့ … 😀

  • char too lan

    November 10, 2010 at 7:17 am

    ကင်မရာတစ်လုံးနဲရမ်းကား လမ်းသလားနေတာ ဖက်ဖက် ဟုတ်ဘူး ပေါက်ပေါက်
    လို့ထင်တာပဲနော်~~ 😀
    ဦးဖက်ရေ…..ကျနော်လဲလှန်လှောရှာနေတာဦးဖက်ရဲ့အစအနလေးတောင်တွေ့ဝူး

  • naywoonni

    November 10, 2010 at 1:32 pm

    ဖက်ရဲ့အစအနလေးတောင်ဘယ်တွေ့ပါမလဲ—တူးလန်ရယ်
    ရွေးကောက်ပွဲမှာဝန်ကြီးကိုတိုင်အရွေးလာခံမှာမို့စည်ပင်ကကောက်သိမ်းသွားတာဖြစ်မှာပေါ့

  • unclegyi1974

    November 10, 2010 at 4:02 pm

    ကဲ ကိုဖက်ရေ စာမလာသတင်းမကြားရသည်မှာကြာပြီဖြစ်
    ပါ၍ ရောက်ရာအရပ်မှအမြန်ဆက်သွယ်ပါတဲ့
    ၆၅လိုင်းကားစီးတာတော့မဟုတ်လောက်ပါဘူးနော်

  • kopauk mandalay

    November 10, 2010 at 4:37 pm

    ဦးဖက်တီး က နန်းဆုရတီစိုးကို အားကျလို့ နာမယ်ပိုကြီးမလားဆိုပြီး။
    အလုပ်ကအနေ အိမ်ကိုတန်းမပြန်ဘဲ တစ်ညလုံး KTV တွေကို လျှောက်သွားနေတာပါသတဲ့။
    ပြန်ရောက်ချိန်မရောက်တော့ အိမ်ကနေ စိုးရိမ်လို ဖုန်းခေါ်တော့လဲ လူကြီးမင်းနဲ့ဘဲတွေ့နေပါသတဲ့။
    အဲဒါနဲ့ နောက်နေ့မနက် အိမ်လဲပြန်ရောက်ရော မဒမ်ဖက်က အတော်လေးကို စိတ်ဆိုးသွားတာနဲ့
    အပြင်ထွက်ခွင့်ဗီဇာကို ရက်အကန့်အသတ်မရှိပိတ်သလို လက်ကိုင်ဖုန်းကိုလဲပြန်သိမ်းပြီး ပြင်ပလောကနဲ့ အဆက်ဖြတ် အင်တာနက်ကိုလည်း နက်ဝပ်ပိတ်လိုက်ပါသတဲ့။
    သိလိုသူများ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်တဲ့ဗျုးိ။

  • manawphyulay

    November 14, 2010 at 12:00 pm

    ဦးဖက်တီးအတွက် မစိုးရိမ်ပါနဲ့တော့။ ဦးဖက်တီးက ဘုန်းကြီးဝတ်နေပါတယ်တဲ့ရှင့်။

  • ဆူး

    November 14, 2010 at 12:21 pm

    တကယ် ဘုန်းကြီး ဝတ်တာများလား.. ဒါဆိုရင်တော့ တရားအစစ်အမှန် ရှာတွေ့တဲ့ ဒုလ္လာဘ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

  • bigcat

    November 14, 2010 at 2:20 pm

    ဘေးကင်းရန်ကွာရှိတယ်ဆိုရင်ပြီးတာပါပဲ မဟုတ်လို့ကတော့ မ မနောသည် ထောက်လှမ်းရေးဖြစ်ရမယ်။

  • naywoonni

    November 14, 2010 at 4:35 pm

    ဟုတ်မှလဲလုပ်ရပါနော်
    ဘားတော့ဘရက်ကတော့ကဗျာတစ်ပုဒ်ရေးဘူးတယ်….။
    “ရာသီဥတုကမှောင်မဲနေလို့
    ကိုယ့်ချစ်သူကိုတောင်မှသံသယစိတ်နဲ့
    တစ်ဝက်ပဲချစ်နိုင်ခဲ့တယ်တဲ့………”

  • ဆူး

    November 15, 2010 at 3:49 am

    ရာသီဥတု မှောင်နေတုန်း တဝက်ဘဲ ချစ်တာ ပိုကောင်းမလားဘဲ.. တော်ကြာ သရဲမကြီး ကို သွားချစ်မိလို့.. အချစ်နွံထဲက ထွက်မရဖြစ်နေအုန်းမယ်။ ဟီးဟီး..

  • XinMon

    November 15, 2010 at 4:58 am

    naywoonni ရဲ့ ကဗျာ က တော့ လန်းတယ်
    နောက်ဆို ရာသီဥတု ကိုသတိထားပြီး ချစ်ကြပါ….
    တဝက် တို့ တစိတ် တို့ ချစ်ပေါ့ဗျာ…..
    ဦးဖက်တီး ရေ …ပြန်လာပါတော့
    ပရိတ်သတ်တွေ မျှော်နေပြီနော်…….

  • fatty

    November 15, 2010 at 6:50 am

    အားလုံးအားလုံး … မင်္ဂလာပါ …ခင်ဗျား …။
    ကျနော် မောင်ဖက်တီး … ခေတ္တခဏ ရဟန်းဝတ်ဖြင့် ဖားအောက်တောရသို့ တရားဘာဝနာများ သွားရောက်အားထုတ်နေပါသည်။ ထို့ပြင်သကာလ … mandalaygazette မှ ကျနော်၏ ဆောင်းပါးတပုဒ် ဝယ်ယူပါသောကြာင့် ကြိုးစားပြီ source များလိုက်လံစုဆောင်းနေရပါသည်။
    အားလုံးသော ရေးဖေါ်ရေးဖက်များ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ………။

    • char too lan

      November 15, 2010 at 7:20 am

      သာဓု~~သာဓု~~ သာဓု~~
      post အသစ်ကိုမျှော်~~ဟော်~ဟော်~~နေပါတယ်

    • ဆူး

      November 15, 2010 at 8:26 am

      ဒီစကားကို ကိုယ်တိုင် လာပြောသွားတဲ့ အတွက် ဝမ်းသာပါတယ်။
      အခု လက်ရှိကော သာသနာ့ ဘောင်မှာဘဲလားဟင်.. မဲကော ပေးလိုက်ရရဲလား.. အဲ… ဘာတွေ လျောက်မေး မိနေမှန်း မသိဘူး..
      တရားစခန်းက ထွက်လာပြီလား.. ဘုန်းကြီးဝတ်နဲ့ ဘဲလား.. ဦးလေးကို မတွေ့လို့ သတိနေတာ။
      ကျန်းမာရွင်လန်းတယ်ဆိုလို့.. ဝမ်းမြောက်ပါ၏ ဖားအောက်မှာ ဆိုရင်တော့ တင်းကျပ်တဲ့ စည်းကမ်းနဲ့ ဝိနည်းတွေ စောင့်ထိန်းပြီး ဘာဝနာ ပွားများနေမယ် ထင်ပါတယ်။ ဦးလေးဝတုတ် တရား အစစ်အမှန် ဧကန်စင်စစ် တမဟုတ်ချင်းရပါစေ။

      • kai

        November 15, 2010 at 10:09 am

        ကျုပ်လည်း ဖားအောက်တောရမှာ တရားထိုင်ဖို့ ကြိုးစားကြည့်ဖူးတယ်.. ။မြန်မာပြည်ပြန်တုန်းကပေါ့..။
        ရှေ့ဖြစ်နောက်ဖြစ်တွေ မြင်နိုင်တယ်ဆိုလို့လေ…။

        ဦးဖက်က ကတုံးကြီးနဲ့လူနဲ့ဖြစ်နေပါပြီ။ ပြန်ပြီး ..နောက်နောက်ပြောင်ပြောင်လေး..နေမယ်ပေါ့နော…။

      • ဆူး

        November 15, 2010 at 10:28 am

        ဦးလေး ခိုင်ရေ.. ရှေ့ဖြစ် နောက်ဖြစ်တွေ မြင်နိုင်တယ် ဆိုလို့ တရား အားထုတ်ချင်တာ ဆိုရင်တော့ ရည်ရွယ်ချက် လမ်းကြောင်း လွဲမှားနေပြီ ထင်ပါတယ်။ ရှေ့ဖြစ် နောက်ဖြစ် မြင်တိုင်း မကောင်းဘူး မျက်စိနောက်တယ်။ ဟီးဟီး.. ဘာလဲတော့ မသိဘူး ဆရာဝင်လုပ်တာ။ ချိတ်ချိုးရဝူးနော်။

  • weiwei

    November 15, 2010 at 6:54 am

    ဦးဖက်တီးကို ပြန်တွေ့ရလို့ ဝမ်းသာပါတယ် …

  • bigcat

    November 15, 2010 at 7:09 am

    ဘေးကင်ရန်ကွာ ကျမ်းမာပကတိ ချမ်းသာစွာရှိတယ် သိရလို့ဝမ်းသာပါ၏။ ဒါနဲ့ဖါးအောက်တောရက ပြန်လာတယ်ဆိုတော့ အတွေ့အကြုံထူးလေးများရှိရင် လုပ်ပါအုံး။ ဖါးအောက်နည်းက သမထအခြေခံပြီး ဝိပဿနာရှုတဲ့နည်းဆိုတော့ သမထအတွေ့အကြုံတွေကို စိတ်ဝင်စားလို့ပါ။

    ရွှေတိဂုံအနီး
    လေဟုန်စီး
    သမထတန်ခိုးကြောင့်
    ဝသုန်မြေတုန်ဟီးပါတဲ့
    တရားယောဂီ
    ဦးဖက်တီး။

  • fatty

    November 15, 2010 at 10:29 am

    နောက်နောက်ပြောင်ပြောင်လေးမဟုတ်ရပါ …ရှေ့ရောနောက်ရောပြောင်နေတာပါခင်ဗျ။

Leave a Reply