ဘာတွေကိုယုံကြည်ရမလဲ

naywoon niNovember 10, 20101min903

ဘာတွေကိုယုံကြည်ရမလဲဟေ့××××ငါ့အနာဂါတ်မယုံသေးဘူး×××စစ်ပွဲပြီးစ

မြို့ပျက်ကြီးလို……..စိတ်ကူးတွေအကုန်ပြိုလဲ????????

နေဝန်းနီတစ်ယောက်ဂေါက်သွားပြီလို့တော့မထင်လိုက်ပါနဲ့1986လောက်ကအဆိုတော်ချစ်ကောင်းရဲ့အချစ်ကြေငြာစာတမ်းသီချင်းစိတ်ကူးထဲရောက်လာလို့ပါ

အပေါ်မှာရိုက်ပြထားတာအချစ်အကြောင်းတော့မပါသေးဘူး….စာသားတွေကကျွန်တော်တော့ကြိုက်တယ်ဘာလို့လဲဆိုတော့ဒီကနေ့ဖြစ်ပျက်နေတဲ့အခြေအနေတွေ

နဲ့တိုက်ဆိုင်နေလို့ပါ….ဘယ်သတင်းတွေကိုယုံကြည်ရမှန်းမသိဘူး..။လူတွေရဲ့စိတ်ထဲမှာလဲစစ်ပွဲပြီးစမြို့ပျက်ကြီးလိုပဲ…..ရွှင်ရွှင်ပြပြမတွေ့ကြရဘူး..။

အပူအပင်မရှိတဲ့သူတွေတော့ရှိတာပေါ့..သူရို့ကတော့တိုင်းပြည်ဘာဖြစ်နေနေ..နှစ်လုံးသုံးလုံးအထိုးမပျက်စေရဘူး..ဘောလုံးပွဲအကြောင်းကပါးစပ်ကမချဘူး..။

ကျန်တဲ့အချိန်မပြောနဲ့ညလင်းပေါက်လ္ဘက်ရည်ဆိုင်မှာလူအပြည့်..ဘောလုံးပွဲလောင်းရင်ကြည့်နေကြတာ။လောင်းကြေးကလည်းသိန်ချီတယ်လို့ပြောရင်ယုံချင်မှ

ယုံ။ဒီလောက်မြို့လေးမှာဖြစ်နိုင်ပါ့မလားမမေးနဲ့..။ဒါလုပ်စားနေတာကြာပြီ။ဖမ်းသံဆီးသံလည်းမကြားရ..။2010မှာထူးခြားတာတွေရှိတယ်လို့သူငယ်ချင်းတစ်ယောက်

ကပြောသွားတာမယုံဘူး။အဲဒါတွေက……….

၁။နှစ်လုံးသုံးလုံးမဖမ်းဘူးတဲ့

၂။ဘောလုံးပွဲတွေကြိုက်သလောက်လောင်းဘာမှမဖြစ်ဘူးတဲ့

၃။ဗျောက်မဖောက်ရလို့မကြေငြာဘူး။လမ်းဘေးမှာဘန်းနဲ့ချရောင်းတာတောင်ဘာမှမဖြစ်လိုက်ဘူး……

၄။ဆိုကရေးတီးပွဲမရှိဘူးတဲ့

လိုတာရှိရင်ဖြည့်ပေးလိုက်ဦးနော်။

အဲ…လူ့ပေါက်ပန်းတွေအကြောင်းရောက်သွားပြန်ပြီ…။

ကျွန်တော်ပြောချင်တာကဒီအကြောင်းမဟုတ်ဘူးဗျ..။ဒီနေ့ထွက်နေတဲ့ကောလဟာလတွေအကြောင်းပြောမလို့ပါ..။

ကျွန်တော်တို့နေတဲ့မြို့ကနေပြည်တော်နဲ့နီးတော့ကောလဟာလတွေကဟိုကထွက်လာဒီကထွက်လာနဲ့…။မြဝတီမထိမ်းနိုင်ရင်နေပြည်တော်ကိုပဲလာတေတော့မလို

လာရင်ကျွန်တော်တို့နေရာမြို့ကွက်ကလမ်းကြောင်းကျနေတယ်..။အဲဒါဖယ်ခိုင်းရင်ဘာညာပေါ့ဗျာ

ဖြစ်နေတာ…ဖြစ်နေကြတာ…

ကောလဟာလဆိုတာမျိုးကပြောရင်းပြောရင်းစကားေတွေကားသွားတာမျိုး…

ကောလဟာလကြောင့်ပြည်ပျက်တယ်ဆိုတာလဲကြားဖူးရဲ့…….

အဲဒိအကြောင်းကိုဘယ်သူ့မှလည်းသေသေချာချာမေးလို့မရ..။

သိတဲ့သူများပြောပြပေးကြပါဦး..။

ဘယ်သူ့တွေများတိတိကျကျသိကြသလဲ?နော်

ကောလဟာလဆိုတာကလည်း……….

စကားစကား

ပြောပါများတော့

ကား၍ကား၍သွားသတည်း…။

တဲ့။

3 comments

  • tunaung

    November 10, 2010 at 12:32 pm

    voa..bbc..rfa..နားထောင်လို့မရဘူးလါး…မြဝတီမှာအေးဆေးစပြုလါပြီတဲ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 10, 2010 at 1:56 pm

    (။မြဝတီမထိမ်းနိုင်ရင်နေပြည်တော်ကိုပဲလာတေတော့မလို)
    ဒါ သတင်းမှားပါ
    လက်ရှိ ဖြစ်နေတဲ့ ဒီကေဘီအေဆိုတာ အင်အား တစ်ထောင်သာသာ ရှိတယ်လို ့တော့ ဆိုပါတယ်
    အင်အား သိန်းနဲ ့ချီတဲ့ စစ်တပ်ကို သူတို ့ အနိုင်မတိုက်နိုင်ပါဘူး
    စစ်တပ်က လည်းသူတို ့ကို အင်အားအရသာ အနိုင်တိုက်နိုင်မှာပါ
    သူတို ့ရဲ ့ရင်ထဲက မျိုးချစ်စိတ်ကို နိုင်အောင်မတိုက်နိုင်ပါဘူး
    ဒါတွေဟာ လောဘသား စစ်အာဏာရှင်တွေရဲ ့ လှည့်ကွက်တွေပါ
    တစ်ချို ့သတင်းတွေမှာဆို နေပြည်တော်ကနေ ဓာတုလက်နက်တွေ ပို ့လာတယ်ဆိုတဲ့အထိ
    ရေးကြပါတယ် ဒါတွေဟာ စစ်မီဒီယာတွေကနေ တမင်သက်သက် လုပ်ကြံ သတင်းဖြန် ့တာတွေလည်းရှိပါတယ်
    (တွေ ့လားပြည်ပသတင်းတွေ ဟာ လိမ်စဉ်တွေပါလို ့ ပြောဘို ့ကုန်ကြမ်းလုပ်လိုက်တာ)
    မြဝတီကိစ္စဆိုတာက
    တစ်နိုင်ငံလုံးကိုတောင်လှည့်ထားတဲ့ မေကလွားတွေဟာ ဒီရာဂဏန်းလောက်ရှိတဲ့ သူပုန်တွေကို အဲ့သည်နေရာမှာ ဗျူဟာအရ မကာကွယ်နိုင်စရာဘာအကြောင်းမှမရှိဘူး တမင်သက်သက်ကို အရေတွက်လျှော့ထားတာ သူတို ့ရဲ ့ ခွေးဖတ်ကင်း တဲ့ရွေးကောင်ပွဲကို တရုပ်က လေးဘီလီယံ အကြွေးပေးပြီး (ဂက်စ်တွက် စရံငွေလို ့လည်းပြောလို ့ရတယ်) ထောက်ခံထားတယ် အိန္ဒိယဆိုတာကို ရင်းနှီးမြုပ်နှံမှု ့တွေနဲ ့ မက်လုံးပေးထားပြီးပြီ ထိုင်းဆိုတာကိုလည်း လနဲ ့ကိုချီကြိုပြီး နယ်စပ်ပိတ်ထားလိုက်တယ် ဒီနေရာမှာမြင်ရမှာက ဒီမေဂလွားတွေဟာ သူတို ့တည်မြဲရေးတွက် တိုင်းပြည်နဲ ့ပြည်သူကို စတေးရဲတယ်ဆိုတာကိုဘဲ
    ကျွန်တော်နည်းနည်းလေး စိတ်ဝင်စားတာက ထိုင်းဘက်ကို ကျသွားတဲ့
    ပေါက်ကွဲကျဉ်ဆံတွေကို ပစ်လိုက်တာဟာ စစ်တပ်ကလား သူပုန်ဘက်ကလား ဆိုတာဘဲ
    သူပုန်တွေဘက်ကတော့ စစ်တပ်တွေကိုင်နေကြ လက်နက်နဲ ့ဆော်ထည့်လိုက်ရင်
    စစ်တပ်ကျဉ်ဆံ တွေ ဆိုတော့ ထိုင်းနဲ ့စစ်တပ်နဲ ့ကို ရန်တိုက်ပေးတယ် ဒီသဘောလည်းရှိနိုင်တယ်
    စစ်တပ်ကတော့ ထုံးစံအတိုင်း ဝီဒုန်းနိုးဘဲ ဘာရယ်တော့ ဟုတ်ဝူး
    ကိုယ်ထင်တာလေးကို ဆွေးနွေးကြည့်တာ
    စိတ်မပူပါနဲ ့နေပြည်တော်ကို သူပုန်တွေမလာနိုင်ဘူး
    သူတို ့အောက်လက်သားတွေ ပေါက်ကွဲလို ့ပြန်ချရင်ချ
    သို ့မဟုတ် မိုးကြိုးပစ်ဘဲ
    ဒါပေမယ့်တစ်ခုတော့ သတိထားနော် ပစ်မဲ့မိုးကြိုးက တော်တော်ပြင်းလိမ့်မယ်
    အနီးအနားမှာဆိုတော့ တိုက်ရိုက်မထိတောင်
    ပွတ်သွားနိုင်တယ်

  • naywoonni

    November 10, 2010 at 2:11 pm

    ကျေးဇူးပဲနော်….ကွန်ကရှင်မကောင်းလို့ဒီပ်ို့စ်ကို
    viewပေါ်လာဖို့တော်တော်နဲ့မရဘူးဖြစ်နေတာ…
    ခင်ဗျားတို့ခေါ်နေတာတောင်လှည့်မကြည့်နိုင်ဘူးဖြစ်နေတာ

Leave a Reply