စိန့် ဆိုဖီရာ ဘုရားကျောင်း

ဘုရားကျောင်းအတွင်း ဘာသာရေးသီချင်းဆိုနေပုံ

အတွင်းပိုင်း ဗိသုကာလက်ရာများ

ဘုရားကျောင်းဖြစ်ပေါ်လာပုံ ရာဇ၀င်မှတ်တမ်းဓါတ်ပုံများ

ပြခန်းထဲမှ ဘုရားကျောင်းပန်းချီပုံ

ရှေးကျတဲ့ ရုရှားဘာသာနဲ့ ဘိုင်ဘယ်စာအုပ်

သစ်ကိုင်းတွေလဲ ရေခဲချောင်းဖြစ်နေပုံ

ရေခဲကမ္ဘာ နှင်းကမ္ဘာတွေနဲ့အတူ စိန့်ဆိုဖီရာ ဘုရားကျောင်းကလဲ ဟာ့ပင်းမြို့မှာ နံမည်ကြီးပါတယ်။ မြို့လယ်ခေါင်တည့်တည့်မှာပါ။ အဲဒီဘုရားကျောင်းကို ၁၉၀၇ ခုနှစ်မှာ ရုရှားတွေဝင်ရောက်လာစဉ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အရှေ့အာရှတခွင်မှာ အကြီးဆုံး (outhodox church) ဖြစ်ပါတယ်။ ၅၃ မီတာ မြင့်ပြီး ၇၂၁ စတုရန်းမီတာရှိပါတယ်။ ၁၉၉၇ ခုနှစ်ကစပြီး ပြတိုက်တစ်ခုအနေနဲ့သတ်မှတ်ပြီး ခရီးသွားဧည့်သည်တွေကို ပြသခဲ့ပါတယ်။ ဗိသုကာလက်ရာတွေက ထူးခြားပါတယ်။ အပြင်ဘက်ကနေကြည့်ရင် ရုရှားက မော်စကိုမြို့နဲ့ တူတယ်လို့ပြောကြတယ် (သူများပြောတာ .. မော်စကိုမရောက်ဖူးပါ)။ အဲဒီကိုရောက်တုန်းက ဘုရားကျောင်းထဲဝင်ကြေးက ၃၀ ယွမ်မို့လို့ ၀င်ရမှာ နှမြောနေသေးတယ်။ ဒါပေမယ့် ၀င်ကြည့်ခဲ့မိလို့ အခုလို ဓါတ်ပုံတင်နိုင်တာမို့လို့ ၀င်ကြည့်မိတာ တန်သွားတယ်လို့ပဲ ထင်မိပါတယ်။ ခရစ်ယာန်ဘုရားကျောင်းတစ်ခုအနေနဲ့ ဗဟုသုတကြည့်ရအောင် တင်ပေးလိုက်ပါတယ် …..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....