လှပတဲ့ဗိသုကာလက်ရာနဲ့ St. Sophia Church

weiweiNovember 10, 20105min1139
စိန့် ဆိုဖီရာ ဘုရားကျောင်း

ဘုရားကျောင်းအတွင်း ဘာသာရေးသီချင်းဆိုနေပုံ
အတွင်းပိုင်း ဗိသုကာလက်ရာများ

ဘုရားကျောင်းဖြစ်ပေါ်လာပုံ ရာဇဝင်မှတ်တမ်းဓါတ်ပုံများ
ပြခန်းထဲမှ ဘုရားကျောင်းပန်းချီပုံ
ရှေးကျတဲ့ ရုရှားဘာသာနဲ့ ဘိုင်ဘယ်စာအုပ်

သစ်ကိုင်းတွေလဲ ရေခဲချောင်းဖြစ်နေပုံ

ရေခဲကမ္ဘာ နှင်းကမ္ဘာတွေနဲ့အတူ စိန့်ဆိုဖီရာ ဘုရားကျောင်းကလဲ ဟာ့ပင်းမြို့မှာ နံမည်ကြီးပါတယ်။ မြို့လယ်ခေါင်တည့်တည့်မှာပါ။ အဲဒီဘုရားကျောင်းကို ၁၉၀ရ ခုနှစ်မှာ ရုရှားတွေဝင်ရောက်လာစဉ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အရှေ့အာရှတခွင်မှာ အကြီးဆုံး (outhodox church) ဖြစ်ပါတယ်။ ၅၃ မီတာ မြင့်ပြီး ၇၂၁ စတုရန်းမီတာရှိပါတယ်။ ၁၉၉ရ ခုနှစ်ကစပြီး ပြတိုက်တစ်ခုအနေနဲ့သတ်မှတ်ပြီး ခရီးသွားဧည့်သည်တွေကို ပြသခဲ့ပါတယ်။ ဗိသုကာလက်ရာတွေက ထူးခြားပါတယ်။ အပြင်ဘက်ကနေကြည့်ရင် ရုရှားက မော်စကိုမြို့နဲ့ တူတယ်လို့ပြောကြတယ် (သူများပြောတာ .. မော်စကိုမရောက်ဖူးပါ)။ အဲဒီကိုရောက်တုန်းက ဘုရားကျောင်းထဲဝင်ကြေးက ၃ဝ ယွမ်မို့လို့ ဝင်ရမှာ နှမြောနေသေးတယ်။ ဒါပေမယ့် ဝင်ကြည့်ခဲ့မိလို့ အခုလို ဓါတ်ပုံတင်နိုင်တာမို့လို့ ဝင်ကြည့်မိတာ တန်သွားတယ်လို့ပဲ ထင်မိပါတယ်။ ခရစ်ယာန်ဘုရားကျောင်းတစ်ခုအနေနဲ့ ဗဟုသုတကြည့်ရအောင် တင်ပေးလိုက်ပါတယ် …..

9 comments

  • unclegyi1974

    November 10, 2010 at 2:21 pm

    လက်ရာတွေပုံတွေကလှမှလှကောင်းမှကောင်း
    ဘုရားကျောင်းခေါင်မိုးကအလုံးကြီးက
    ဘာသာတခုနဲ့ရောနေသလိုကြီးဘဲနော်
    ဘာဖြစ်လို့ပါလိမ့်သိရင်ပြောပြပါအုန်း မဝေ

  • weiwei

    November 10, 2010 at 2:36 pm

    အင်တာနက်ကနေ ရှာကြည့်ရသလောက်တော့ ၁၃ ရာစုလောက်က တည်ဆောက်ခဲ့တဲ့ တူရကီနိုင်ငံက ဟာဂျီယာ ဆိုဖီယာ ဘုရားကျောင်းပုံစံကို အတုခိုးထားတာလို့ထင်ပါတယ် … တူရကီဘက်က ရှေးဟောင်းဗိသုကာလက်ရာနဲ့ ပတ်သက်လိမ့်မယ်လို့ပဲ ယူဆရပါတယ် …

  • The Reds

    November 10, 2010 at 4:15 pm

    သူ တို. ဗိသုကာ လည်း လန်း တယ် နော် …..

  • kai

    November 10, 2010 at 11:32 pm

    http://en.wikipedia.org/wiki/Dome

    jewish temple တချို ့လည်း ဗလီနဲ့တူတတ်ပါတယ်..။
    ကြည့်ရတာ ဗလီပုံစံက အဲဒီဗိသုကာပညာကိုနောက်မှလက်ခံယူသွားတဲ့ပုံပါ..။

  • cherrywine

    November 11, 2010 at 5:02 am

    သွားလည်ချင်လိုက်တာနော် ။ခရစ်ယာန်မဟုတ်ပေမဲ့ အဲ့လိုအဆောင်အဦးမျိုးကို
    အရမ်းသဘောကျတယ် ရောက်ဖူးချင်တယ်။

  • char too lan

    November 11, 2010 at 10:42 am

    ကျေးဇူးပါမဝေရေ…
    လေးပေါက်ရဲ့ ကောင်းမှုတော်
    မဝေရဲ ့ စိန့်ဆိုဖီယာ
    ပီးတော့ …….တက်မဟာ ဆိုတာတွေက အလုံးတွေချည်းပဲနော်

  • ဆူး

    November 11, 2010 at 11:06 am

    ချာတူးလန် တော့ မလွယ်ပါလား အလုံး မှန်မသမျှ အကုန်မှတ်ထားပါလား..

    • char too lan

      November 12, 2010 at 4:41 am

      ဟုတ်ဘူးလေ ဆြာဆူးရယ်~~
      ကျနော်ပြောချင်တာက အဲဒီအလုံးတွေအကုန်လုံးကဘာသာ၊ နေရာကွဲကြတယ် ဘယ်လိုကစဖြစ်ပေါ်လဲ ဘယ်သူကပထမလဲ ကောင်းမှုတော်ရဲ့သမိုင်းကြောင်းတော့ သိတယ်ကျန်တာတွေတော့မသိတော့ဘူး 😀

  • unclegyi1974

    November 11, 2010 at 3:58 pm

    ကျေးဇူပါ ကိုကိုင်း ဗလီကနောက်မှပုံစံယူသွားတာ
    အများကြီးဖြစ်နိုင်ပါတယ်

Leave a Reply