**Gmail web site အတု လုပ်ပြီး Account နှင့် password များ ခိုးယူနေခြင်း

zinmyotunNovember 10, 20101min470

**Gmail web site အတု လုပ်ပြီး Account နှင့် password များ ခိုးယူနေခြင်း *

အီးမေးလ်ထဲရောက်လာတာပါ။ ပြန်လည်မျှဝေသင့်တယ်ထင်လို့
ကျနော်ဆိုဒ်မှာဖော်ပြပေးာတာပါ။ မေးလ်ပို့ပေးတဲ့
ကိုအောင်ထွန်းကိုလည်းအထူးကျေးဇူ*
*းတင်ပါတယ်။
ဒီနေ့လည်း ကျွန်တော့်ညီ က ကျွန်တော့်ထံ သို့ လင့် တခုပေးပြီး အဲဒီ SITE က GMAIL
WEB SITE အသစ်လား ဟုမေးရာကျွန်တော် ဝင်ရောက် ကြည့်လိုက်ရာ မြင်လိုက်ရသော WEB
SITE ကြောင့်ကျွန်တော့်ညီအား အဲဒီ SITE မှာ ဘာ USERNAME , PASSWORD နဲ့ မှ
ရိုက်ပြီး မဝင်ရန် အမြန်ကြောင်းကြားရပါသည်။
ကွာခြားချက်ကတော့ ….

၁ – GMAIL အတု SITE ရဲ့ လိပ်စာက
http://tdbear.freehostia.com.freehostia.com/ဖြစ်ပြီး GMAIL အစစ် WEB
SITE နဲ့ ဆင်တူရိုးမှားဖြစ်အောင် လုပ်ထားပါတယ် …
တကဲ့ GMAIL SITE အစစ်ရဲ့ လိပ်စာဟာ
HTTPS://WWW.GOOGLE.COM a href=”https://www.google.com/”>https://www.google.com/>a href=”https://www.google.com/”>https://www.google.com/
>ဒါမှမဟုတ်

HTTPS://MAIL.GOOGLE.COM နဲ့ စ ရမှာဖြစ်ပါတယ်။
၂ – GMAIL အတု SITE မှာ FREE SPACE ဟာ 3.2 GB ကျော်ကနေ စတင်ရည်တွက်နေပြီး
တကဲ့အစစ် GMAIL SITE မှာကတော့ 7.4 GB ကျော်နေပါပြီ ….

ဒါကြောင့် မတော်တဆ အဲဒီ SITE ထဲရောက်သွားခဲ့ရင် ဘာမှ မရိုက်ပဲ အဲဒီ PAGE ကို
ပိတ်ချလိုက်ပါ။ကျွန်တော့် အထင်ကတော့ မသမာသူတွေဟာ သူများတွေရဲ့ GAMIL ACCOUNT
တွေကို ခိုးဖို့ အစီအစဉ်နဲ့ အခုလို စနစ်တကျ လုပ်ထားခြင်းပါ။တကယ်လို့များ အဲဒီ
SITE ကနေ GMAIL ထဲ ဝင်သွားခဲ့သူများရှိပါလျှင် ကိုယ့်ရဲ့ PASSWORD ကို တကဲ့
GAMIL လိပ်စာ အစစ်အမှန် ဖြစ်တဲ့ HTTPS://MAIL.GOOGLE.COM
မှဝင်ပြီး အမြန် ပြောင်းကြပါ။
အဲဒီမှာ မေးစရာ ရှိနေပါလိမ့်မယ် …
အဲဒီ GMAIL အတု SITE ကနေ ဝင်လဲ ကိုယ့်ရဲ့ MAIL တွေကို ဖတ်နိုင်တာပဲလို့ ….
ဟုတ်ပါတယ် ….
ကိုယ်လဲ ဖတ်နိုင်ပါတယ် …
ကိုယ့် PASSWORD ရသွားတဲ့ သူတို့လဲ ဖတ်နိုင်ပါတယ် …
ဘာကြောင့်လဲဆိုတော့ …
အဲဒီ GMAIL အတု SITE က ရိုက်သွင်းလိုက်တဲ့ USERNAME နဲ့ PASSWORD ကို
မှတ်သားထားလိုက်ပြီး
တကဲ့ GMAIL SITE အစစ်စီ FORWARD ဒါမှမဟုတ် DIVERT လုပ်အောင် PROGRAM
သွင်းထားတာပါ။
ဒါကြောင့် ကိုယ့်ရဲ့ MAIL တွေကို ဖတ်နိုင်တာပါ။ ကိုယ်ဖတ်နေတဲ့ အချိန်မှာ
သူတို့က ကိုယ့်ရဲ့ USERNAME နဲ့ PASSWORD ကိုရသွားပါပြီ။
နောက်ဆုံး ကိုယ့် PASSWORD ရသွားတဲ့ သူက PASSWORD အသစ်ပြောင်းလိုက်ရင် ကိုယ့်
ACCOUNT ပါ ဆုံးသွားမှာဖြစ်ပါတယ်။
COMPUTER လောကမှာတော့ PHISHING (ဖစ်ရှင်း ) လို့ခေါ်ပါတယ် …
ငါးမျှားတဲ့ FISHING အသံထွက်အတိုင်းပါပဲ …
အဓ္ဓိပယ် လဲ ဆင်တူပါပဲ ။
ငါးတွေကို ငါးမျှားချိတ်မှာ အစာတတ်ပြီးဖမ်းသလို အခုဟာက USERNAME နဲ့ PASSWORD
တွေကို SITE ဆင်တူရိုးမှား ဘန်းပြပြီး ခိုးတာပါ။

ဘယ်လိုကာကွယ်မလဲ
MAIL တွေမှာ ပါလာတဲ့ လင့်တိုင်းကို မနှိပ်ပါနဲ့။
နှိပ်ခဲ့လို့ရှိရင်လဲ ကိုယ့်ကို ခေါ်ဆောင်သွားတဲ့ WEB SITE ရဲ့ ADDRESS က ဟုတ်
မဟုတ် ၊ မှန် မမှန် စစ်ဆေးပါ။
အခုလို USERNAME PASSWORD တွေ ရိုက်ရမဲ့နေရာတွေမှာ ပိုသတိထားပါ။
အကောင်းဆုံးကတော့ ADDRESS BAR မှာ ကိုယ်တိုင်ရိုက်ထဲ့တာ အကောင်းဆုံးပါပဲ။
PASSWORD ကိုလဲ မကြာခဏပြောင်းပေးပါ။
မှတ်ချက်။ ။ Mails & WWW တို့ထဲမှ ရရှိထားသော သတင်းဖြစ်ပါသည်။*