Mr.မိုက်ကယ်ဂျော်နီအောင်ပုအတွက်ကဗျာ

naywoon niNovember 10, 20101min17712

ဒီကဗျာလေးကMr.မိုက်ကယ်ဂျော်နီအောင်ပုအတွက်ပါ

ကိုအောင်ပုရေ…..မကြိုက်ရင်မန္တလေးက..ကိုပေါက်ကိုရေးခိုင်းနော်

Mr.မိုက်ကယ်ဂျော်နီအောင်ပုအတွက်ကဗျာ

ညအမှောင်မသဲကွဲပေမဲ့

နေ့လည်မှာသူထင်ရှားတယ်

မစိမ်းပင်ရယ်……..။။

မည်သညာမော်လီသော်လည်း

ရွာခြေမှာခေါ်မညီ  တာကြောင့်

မမြစိမ်းဖြစ်နေရ

ကိုကိုပုချစ်နေရင်ပြီးရောတဲ့လေ…..။။

နေ့အခါလွမ်းတယ်စိတ်တွေနဲ့

ရှေးပုံပြင်မင်းသမီးလေးလို့ပေါ့

(ကိုကိုပုရယ်)

မမြစိမ်းလုပ်တမ်းစကားမိတာနဲ့

ပြားကိုးဆယ်မြစိမ်းဖြစ်ရတယ်

စိတ်ညစ်တယ်ကွယ်…။

အဲဒါနဲ့တလင်းပြင်ကွပ်ပျစ်ကျယ်မယ်

ထမင်းလုံးစီမယ်အတွေးရယ်နဲ့

အိပ်မိပါတယ်(ကိုကိုပုရယ်)

လေပြေငယ်သုတ်ဖြူးပါလို့

ကိုကိုပုနဲ့တိုးမည်(ထုတ်ဆီးတိုးတာနော်)

ဒီလိုရယ်အိပ်မက်နေကောင်းတုံး

နေ့ခင်းဘက်လျှပ်ပြက်မိတယ်

ကိုကိုပုချောင်း………။။

12 comments

  • weiwei

    November 10, 2010 at 2:09 pm

    တော်လိုက်တဲ့ကဗျာဆရာ .. မချီးကျူးပဲ မနေနိုင်ပါ …

  • Aunti Moe

    November 10, 2010 at 4:13 pm

    အသဲကွဲကဗျာပဲ ရေးတယ်ထင်နေတာ။
    အသဲခွဲကဗျာလဲ ရတာပဲလား။
    ယောရောရှီး…ယောရောရှီး…

  • kopauk mandalay

    November 10, 2010 at 4:24 pm

    ကိုအောင်ပုရေ ရေးပြီးပြီဗျို့
    မကြိုက်ရင်ထပ်ရေးပေးမယ်။

  • naywoonni

    November 10, 2010 at 4:24 pm

    Aunti Moe !
    ခင်ဗျားပဲစပေးတာလေ………….

  • tunaung

    November 10, 2010 at 9:37 pm

    ကောင်းလိုက်တဲ့ကဗျာ တော်လိုက်တဲ့နေဝန်းနီရယ် ဂျော်နီပုရဲ့ငယ်ကအကြောင်း ပြုံးမီပါကြောင်း။။ ဟေဟေး……. တို့တောင်စပ်တတ်လါပြီ (ကုလါးအော်သီး)စားမိလို့

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 11, 2010 at 3:18 am

    အသိပေးကြေငြာအပ်ပါသည်
    ဤယ္ခု ကဗျာသည် ကျွန်ုပ်ကိုယ်တိုင်ရေး မဟုတ်သော်လည်း
    ကျွန်ုပ်၏ အမည်ဖြင့် ရေးသောကြောင့် ကျွန်ုပ်၏ ကဗျာမည်ပေသည်
    သို ့ပါ၍ အကြောင်းတစ်စုံ တစ်ခုကြောင့် တစ်နေရာရာတွင်
    ဤကဗျာအား ဖော်ပြရန် အလိုရှိခြင်းနှင့် အကြောင်းဖန်လာသော်
    ကျွန်ုပ်၏ ခွင့်ပြုချက်ကို ရယူရမည် ဖြစ်ပါကြောင်းနှင့်
    လိုက်နာခြင်းမရှိပါက
    နေပြည်တော်၏ ဒီနေ ့တစ်မျိုး မနက်ဖြန်တစ်မျိုး နှစ်မျိုးတည်းသာရှိသော ဥပဒေကြီးဖြင်
    အရေးယူခံကြရမည်ဖြစ်ပါကြောင်း
    ပုံ
    မိုက်ကယ်ဂျော်နီအောင်ပု

  • shwemanthar

    November 11, 2010 at 4:01 am

    ဟဲ.
    ကောင်းလှချေလား

  • cherrywine

    November 11, 2010 at 4:50 am

    ကဗျာထက် မိုက်ကယ်ဂျော်နီအောင်ပုရဲ့ ဥပဒေကို ပိုစိတ်ဝင်စားတယ် 🙂

  • ဆူး

    November 11, 2010 at 5:57 am

    ဘကြီးပု အတွက် ဥပဒေ ကြောင်း ဆိုင်ရာလေးတွေ ဝိုင်းရေးပေးရင် ကောင်းမလားဘဲ..

  • naywoonni

    November 11, 2010 at 9:36 am

    ကိုအောင်ပုရေ……..ဒီကဗျာကိုခင်ဗျားကိုမူပိုင်ပေးပါတယ်
    မန္တလေးဂဇက်တက်မှာမှတ်ပုံတင်ထားပါ…
    ဒါမှခင်ဗျားတရားဥပဒေအရအရေးယူတဲ့အခါမှာလွယ်ကူမှာဖြစ်ပါတယ်
    နော်

  • kopauk mandalay

    November 11, 2010 at 3:35 pm

    ခိုးကူးခွေတောင် နိုင်အောင်မလုပ်နိုင်တာ

    ဒီကဗျာလောက်ကတော့ နာမယ်ပြောင်းပြီးတင်လိုက်မှာပေါ့။
    စမ်းကြည့်လိုက်လေ ။

  • naywoonni

    November 11, 2010 at 3:41 pm

    ဒီခေတ်ဒီစနစ်မှာသူတို့ဈေးနှုုန်းအတိုင်းပေးဝယ်ကြည့်ရင်အလို့ပဲတဲ့
    ဇာတ်ကားတွေကလည်းကိုရီးယာကားလောက်မှမကောင်း……..ပဲနဲ့
    ကိုရီးယားဇာတ်ကားဖိုးထက်ပိုအကုန်မခံနိုင်ပါဘူးတဲ့
    ကျွန်တော်ပြောတာဟုတ်ဖူးနော်…..အနားကမမများပြောသွားတာအဲဒိလိုရေးလိုက်ပါဆိုလို့ရေးပေးတာနော် 😛

Leave a Reply