ရန်ကုန်တိုင်းတွင် ကြံဖွံ့က ၇၅ ယောက် အနိုင်ရ

Good IdeaNovember 10, 20101min650

စစ်အစိုးရပါတီ ကြံ့ဖွံ့သည် ရန်ကုန်တိုင်းအတွင်း အမတ်လောင်း ၉ဝ ဦးဝင်ပြိုင်ရာ ၇၅ ဦး အနိုင်ရခဲ့ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ရန်ကုန်တိုင်း စည်းရုံးရေးမှူး ဦးတင်မောင်ဝင်းက အတည်ပြု ပြောကြားကြောင်း The Voice Weekly တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား လွတ်တော် ၁၂ နေရာကို ကြံ့ဖွံ့ပါတီက အားလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄ ဦး ရှုံးနိမ့်ခဲ့သည်။

ယင်းကိုယ်စားလှယ်လောင်း လေးဦးမှာ ဦးမြတ်သူ (တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်)၊ ဦးတင်ခ (ဒဂုံမြို့သစ်(မြောက်)၊ ဒဂုံမြို့သစ်(ရှေ့)၊ မြောက်ဥက္ကလာပ)၊ ဒေါက်တာမောင်သင်း (တောင်ဥက္ကလာပ၊ ရန်ကင်း၊ သင်္ကန်းကျွန်း)၊ ဒေါက်တာမျိုးသန့်တင်(ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဆိပ်ကမ်း) တို့ ဖြစ်သည်ဟု ဦးတင်မောင်ဝင်းက ပြောသည်။

ထို့ပြင် ကြံ့ခိုင်ရေး ပါတီက ရန်ကုန်တိုင်း ပြည်သူ့လွတ်တော်နေရာအတွက် ရှုံးနိမ့်ခဲ့သော နေရာများမှာ သင်္ကန်းကျွန်း၊ လသာ၊ မြောက်ဥက္ကလာ ၊ မြောက်ဒဂုံ ၊ စမ်းချောင်း၊ ပုဇွန်တောင်၊ အလုံနှင့် လမ်းမတော်တို့ ဖြစ်သည်။ ကြံဖွံ့ပါတီ ရှုံးနိမ့်သော နေရာများ အားလုံးတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု – NDF က အနိုင်ရခဲ့သည်။

ကြံ့ခိုင်ရေးပါတီသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ၈ဝ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ကြောင်း ပါတီဗဟိုကော်မတီဝင် တစ်ဦး၏ စကားကိုကိုးကား၍ AFP သတင်းတွင် ဖော်ပြခဲ့သည်။

သတင်းဆို့စ် – The Voice Journal

(http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=725:2010-11-09-15-32-23&catid=158:2010-election&Itemid=548)