သောက် ( သို့ ) စောက် by Ko Zaw
ဒီစကားလုံးလေးကတော့ တွယ်ကျယ်ပါသည်။ ဘာမှလည်း အန္တရာယ် ရှိပုံလည်း မရပါ။ သို့သော် . . . မသိ၍ပဲ ဖြစ်ပါသည်။
ဟိုးအရင် ကျွန်တော်လည်း မသိခင်မှာ ဖြစ်ခဲ့ဖူးပါသည်။ ကျွန်တော်တို့ အမျိုးတွေထဲမှာ ကျွန်တော်က တဇောက်ကန်း ၊ အရိုင်းအစိုင်း လူတစ်ယောက် ဆိုတော့ သိပ်ပြီးတော့ ဘယ်သူကိုမှ ဂရုမစိုက်ပါ။ ဒါကြောင့် ဘယ်အမျိုးတွေ ဘာပဲ ပြောနေနေ ၊ ပတ်ဝန်းကျင်က ဘာပဲ ပြောနေနေ သိပ်ပြီးတော့ ဂရုစိုက်လေ့ မရှိပါ။ ကျွန်တော့်ကို အဖေ နဲ့ အမေက လွဲပြီးလည်း ဘယ်သူမှ သိပ်ပြောလို့ မရပါ။ သူတို့ကလည်း တကယ်ကို မပြောချင်ကြပါဘူး။ ကျွန်တော့်ဆီက ပြန်လာမဲ့ ဆင်ခြင်တွေ ၊ အကြောင်းပြချက်တွေ ၊ ပြန်လှန်မေးခွန်းတွေကို သူတို့ မခံနိုင်သောကြောင့်လည်း ဖြစ်သည်။
ဒါကြောင့်မို့ ကျွန်တော်က အမျိုးတွေ ကြားထဲမှာ အရိုင်းအစိုင်း အဖြစ်သာ ကျင်လည်ပါသည်။ သူတို့လည်း ကျွန်တော့်ကို ဘာမှ သိပ်မပြော ၊ ကျွန်တော်ကလည်း ဘာမှ မပြောပါဘူး။ ဒါပေမဲ့ ကျွန်တော်က ဆဲဆိုကာ ရိုင်းစိုင်းနေခြင်းတော့ မဟုတ်ပါ။ ကျွန်တော့်ဖာသာ ခပ်ရွတ်ရွတ် ၊ ခပ်တေတေပဲ နေတာပါ။ ကျွန်တော်က ပြောလိုတဲ့ စကားကို နားလည်အောင် တစ်ခါတည်းနဲ့ သေချာပြောတာကို နားမလည်ရင်လည်း ကျွန်တော်က နောက်တစ်ခါ ရှင်းပြချင်သူ မဟုတ်။ အဲဒီလို ဆိုတော့ ရှေးရိုးစွဲ သမားတွေနဲ့ ကျွန်တော်က တော်တော်ကို မအပ်စပ်ပါဘူး။
ဒီတော့ အမျိုးတွေက ကျွန်တော့်ကို ဆုံးမချင်တယ် ၊ ပြောချင်တယ် ဆိုရင် တိုက်ရိုက် လာမပြောပါဘူး။ ကျွန်တော့်ဆီက ပြန်လာမဲ့ မေးခွန်းတွေကိုလည်း သူတို့ မခံနိုင်တာလည်း ဖြစ်နိုင်ပါသည်။ ဒီတော့ သူတို့ ကျွန်တော့်ကို ပြောချင်ရင် ကျွန်တော့်အမေကိုပဲ လာပြီး ပြောလေ့ရှိသည်။ မေမေက တဆင့် ကျွန်တော့်ကို ပြန်ပြောတယ် ဆိုတာမျိုးပေါ့။ တစ်နေ့တော့ အကြောင်းအရာ တစ်ခုကို သူတို့ အတို့အထောင် လုပ်သွားပါသည်။
ကျွန်တော် အပြင်က ပြန်လာတော့ မေမေက ပွစိ ပွစိ လုပ်ပါလေရော။ ဒီတော့ ကျွန်တော်ကလည်း ကျွန်တော့် အတွေးထဲမှာ မှန်တယ် ဆိုတော့ ဒီလိုက ဒီလို ပြန်ပြောပြတာပေါ့။ မေမေကလည်း ကောင်းစေချင်တော့ ထပ်ပြော ၊ ဒါနဲ့ ဆုံးမစကားက ကြာလာပါတော့သည်။ အရာက မရောက်သေး။ တကယ်တမ်း ဒီစကားဟာ ထိုအမျိုးတွေဆီက လာတယ် ဆိုတာကို သိထားတဲ့ ကျွန်တော်ကလည်း အရိုင်းအစိုင်း လူတစ်ယောက် ဆိုတော့ . . . . .
“ မေမေကလည်းဗျာ။ ဒီအမျိုးတွေ လာပြီး အတို့အထောင် လုပ်သွားရင် လာပြောနေတာပဲ။ သူတို့ ပြောသွားတာတွေက စောက်ရေးမပါတာ. . . ”
လို့ ကျွန်တော် ပထမဦးစွာ ပြောဖူးပါသည်။ ကျွန်တော်တို့ မိသားစု ၊ အမျိုးတွေကြားထဲမှာ ဆဲဆို ပြောဆိုဖို့ နေနေသာသာ ဒီလို “ စောက် ” နဲ့တောင်မှ မပြောဖြစ်ကြပါ။ ကျွန်တော်သာ ကိုးချင်းကိုးချင်း လျှောက်သွားသူ တစ်ယောက် အနေနဲ့ အပြင်က အပေါင်းအသင်းတွေကြားမှာ ကြားနေရတဲ့ စကားလုံး ၊ ပြင်ပမှာ သုံးနေရတဲ့ စကားလုံးကို ယူပြီး သုံးဖြစ်လိုက်တာပါ။ ကျွန်တော့်ကို ပြောဆို ဆုံးမနေတဲ့ မေမေမျက်နှာရဲ့ ပြောင်းလဲသွားမှုကို အခု ကျွန်တော် ဒီပို့စ်ကို ရေးနေရင်းကို ပြန်မြင်မိပါသည်။ “ ငါတို့ ဆိုဆုံးမမှု ညံ့လိုက်တာ ” ဆိုတဲ့ အရိပ်တွေ မေမေ့မျက်နှာပေါ်က ဖြတ်ပြေးပြီး ကျွန်တော့်ကို ဘာမှ မပြောတော့ဘဲ မေမေ ရပ်သွားပါတော့သည်။
ပြောဆိုနေရာကနေ ရုတ်တရက် ငြိမ်ကျသွားပြီး ဘာမှ မပြောတော့ဘဲ တဖက်ကို လှည့်ကာ ထွက်သွားပါတော့သည်။ ကျွန်တော်လည်း ဘာမှ နားမလည်လိုက်ပါ။ သို့သော်လည်း စကားမှားသွားလို့ ဆိုတာတော့ သိပါသည်။ ဘာမှားသွားတယ် ဆိုတာပဲ မသိတာ။ ဒီအချိန်မှာ အိမ်ရှေ့မှာ စာထိုင်ဖတ်နေတဲ့ ဖေဖေက . . . .
“ တော်တော့ . . သား။ မင်း . . . ဆက်မပြောနဲ့တော့ ”
လို့ မာန်ကာ ဟန့်ပါသည်။ ဖေဖေက အကျိုးသင့် အကြောင်းသင့်သာ ပြောတတ်သူ ဆိုတော့ ဖေဖေ ဒီလို အသံမာမာနဲ့ တောင်မှ မပြောဖူးပါ။ ဒီတော့ ကျွန်တော်လည်း ဘာမှန်း မသိဘဲ ငြိမ်နေလိုက်ရပါတော့သည်။ ကိုယ့်ဖာသာကိုယ် အဝတ်အစားလဲကာ အခန်းထဲမှာ စာဖတ်နေရင်း ကိုယ့်ပြောခဲ့တဲ့ စကားထဲမှာ ဘာများ ကြီးကြီးကျယ်ကျယ် မှားနေလဲ ဆိုတာ မသိ။ အပြင်မှာ သူငယ်ချင်းတွေ ပြောနေကျ စကားကို အရိုင်းအစိုင်း ဖြစ်သော ကျွန်တော်က လွယ်လွယ်ကူကူ တတ်မြောက်လာပြီး ပြောလိုက်မိတာလေး တစ်ခုပါပဲ။ ဒီ “ စောက် ” ဆိုသော စကားလုံး ဘယ်လို ထိရောက်တယ် ဆိုတာလည်း ကျွန်တော် မသိပါ။
ညနေစောင်းတော့ ဖေဖေ က ကျွန်တော့်အခန်းကို လာပြီး အပြင်သွားမယ် ဟု ခေါ်သည်။ ကျွန်တော်ထပြီး ဖေဖေ နဲ့ လိုက်လာရင်း လူတွေ ရှင်းသော ကွင်းပြင်တွေ ဘက်ကို လမ်းလျှောက်ကြသည်။ ဖေဖေက သူ့ကိုယ်ပိုင် ပုံစံအတိုင်း အေးအေးဆေးဆေး ပြန်ဖြစ်နေပါပြီ။ ကျွန်တော်တို့ မာန်တုန်းကလို မျက်နှာမျိုး ၊ အသံမျိုး မဟုတ်။ တော်တော်လေး လမ်းလျှောက်လာပြီးမှ ဖေဖေက စကားစသည်။
“ ဒီလို ရှိတယ် သားရဲ့။ ”
“ – – – – – – – – ”
ကျွန်တော် အသံမထွက်ဘဲ ဖေဖေ့ကို ကြည့်လိုက်မိသည်။ ဖေဖေက အဝေးကို ငေးရင်း. . .
“ သားက တချို့သော စကားလုံးတွေကို မသိဘူးပေါ့ကွာ။ မသိဘူးဆိုတာ သိတော့ သိတယ် ၊ ကြားတော့ ကြားဖူးတယ် သူတို့ရဲ့ အဓိပ္ပါယ်တွေကို မသိတာကို ဆိုလိုတာ။ တချို့စကားလုံးတွေက ကိုယ်က မသိလို့သာ သုံးလိုက်တာ သူတို့ရဲ့ မူရင်း အဓိပ္ပါယ်တွေက မကောင်းဘူး သားရဲ့။ လူတွေက မသိလို့ သုံးရင်း သုံးရင်းနဲ့ အသုံး တွင်ကျယ် သွားကြတာ။ ”
“ ဟုတ်ကဲ့ ”
“ အခုလည်း သားက မသိဘဲနဲ့ နေ့လည်က သားမေမေကို သွားပြီးတော့ “ စောက် ” ဆိုတဲ့ စကားလုံးနဲ့ သွားပြောတယ်။ သားသိလား “ စောက် ” ဆိုတဲ့ စကားလုံးက ဘာလဲ ဆိုတာ။ ”
“ မသိဘူး ဖေဖေ။ သားလည်း သူများတွေ သုံးလို့ လိုက်သုံးလိုက်တာပါ။ ”
“ အေး မသိရင် ဖေဖေ ပြောပြမယ်။ လူတွေ အားလုံး ပြောဆို သုံးစွဲနေတဲ့ သာမာန်ရိုးကျ စကားလုံးတွေထဲမှာလေ။ “ စောက် ” ဆိုတဲ့ စကားလုံး သူ့ဖာသာ ပါတဲ့ စကားလုံး ဆိုလို့ တစ်ခုပဲ ရှိတယ်။ အဲဒါကတော့. . . . ”
“ ဟုတ် . .ဘာလဲ ဖေဖေ ”
“ အင်း . . အဲဒီစကားလုံးကတော့ “ စောက် – – – ” ဆိုတဲ့ ( ကန်တော့ဗျာ ) “ မိန်းမအင်္ဂါ ”
ပဲ။ ”
ဟာ ခနဲ ကျွန်တော်လည်း မျက်နှာတွေ ထူအမ်း သွားသလိုနဲ့ တစ်ကိုယ်လုံးလည်း တုန်တုန်ယင်ယင်နဲ့ ထူပူသွားသည်။
“ ဟာ . . သား မသိဘူး ဖေဖေ ”
“ အေး . . သားကတော့ ဒါကိုလည်း ကြားဖူးလိမ့်မယ်။ ဒါပေမဲ့ တခြားနေရာတွေမှာလည်း သုံးနေကြတော့ ဒါကို ဒီလောက် အရေးကြီးတယ် လို့ မထင်မိဘူးပေါ့။ သားစဉ်းစားကြည့်ပါ။ ”
“ ဟုတ်ကဲ့။ ”
“ အဲဒီ “ စောက် ” ဆိုတဲ့ စကားနဲ့ ကောင်းလှပါတယ် ဆိုတဲ့ စကားလုံးတွေကို တွဲကြည့်စမ်း။ အဲဒီစကားလုံးတွေ အားလုံးပါ မကောင်းတဲ့ ဘက်ကို ကူးပြောင်း သွားတော့တာပါပဲ။ ဥပမာကွာ။ အရမ်းလှတယ် ဆိုတဲ့ စကားလုံးကို အဲဒီ “ စောက် ” တပ်ကြည့်။ “ စောက်ရမ်းလှတယ် ” ဖြစ်သွားပြီ။ ဒီတော့ အဲဒီလှနေတယ် ဆိုတဲ့ အရာကို “ အဲဒီအရာ ” နဲ့ နှိုင်းပြီး ပြောလိုက်တာပဲ။
ထပ်ပြီး ရှင်းပြရရင် “ ဒီကောင်မလေး မျက်နှာ အရမ်းလှတယ် ” ဆိုတာကို “ စောက် ” ထည့်ပြောလိုက်တော့ “ ဒီကောင်မလေး မျက်နှာ စောက်ရမ်းလှတယ်။ ” ဆိုပြီး ဖြစ်သွားတယ်။ ဒီတော့ အဲဒီကောင်မလေး မျက်နှာကို အဲဒီအရာနဲ့ နှိုင်းပြီး ပြောလိုက်တာပါပဲ။ အဲဒီတော့ အရင်က လှပါတယ် ဆိုတဲ့ အရာဟာ ပျက်သွားတော့တာပဲ။ တခြားဟာတွေကတော့ သားဖာသာပဲ အစားထိုး စဉ်းစားတော့ သားရေ။ ဒါကြောင့် နေ့လည်က သားမေမေက သားဆီက ဒီစကားကြားလိုက်ရတော့ စိတ်မကောင်း ဖြစ်သွားတာ ဒါကြောင့် ဖေဖေလည်း ဆက်မပြောဖို့ လှမ်းဟန့်လိုက်တာ။ ဒါပေမဲ့ ဖေဖေတို့ကလည်း သားကို သိအောင် မပြောပြထား ရသေးဘူးလေ။ ”
ဒီလို ပြောပြီး ဖေဖေလည်း ဘာမှ မပြောတော့ဘဲ ကျွန်တော်တို့ လှည့်ပြန်လာကြပါသည်။ အိမ်ကို ရောက်တော့ ကျွန်တော်လည်း နေ့လည်က ပြောထွက်ခဲ့တာကို တွေးမိလေ အပြစ်ရှိသလို ခံစားရလေပါပဲ။ နောက်တော့ လှပပါတယ် ဆိုသော အရာတွေ ၊ စကားလုံးတွေကို ကျွန်တော် ထို “ စောက် ” ဆိုသော စကားလုံးနဲ့ တွဲကြည့်မိပါသည်။ ထိုနောက် ထိုစကားလုံးရဲ့ မူရင်းအရာနဲ့ တွဲကြည့်မိပါတော့သည်။ ဟုတ်ပါသည်။ ဖေဖေ ပြောသလိုပါပဲ ကျက်သရေ ရှိမှုတွေ အားလုံးဟာ ထို “ စောက် ” ဆိုသော စကားလုံးကြောင့် ပြိုကျ ပျက်ဆီးသွားကြရတာပါပဲ။
ကျွန်တော့်ဘဝမှာ ပထမဦးဆုံး ပြောခဲ့မိတဲ့ “ စောက် ” ဆိုသော စကားလုံးကြောင့် ကျွန်တော့် မေမေကတော့ ကျွန်တော့်ကို နှစ်ပတ်ကျော် စကားမပြောဘဲ ရှောင်ကာ ဟန်လုပ်ခြင်း မဟုတ်ဘဲ စိတ်မကောင်း ဖြစ်နေခဲ့ပါသည်။ ဖေဖေ့ဆီက သိခဲ့ပြီးပြီးချင်းမှာ မေမေ့ကို ကျွန်တော် တောင်းပန်ခဲ့ပါသည်။ သို့သော် မေမေ စိတ်မကောင်း ဖြစ်နေပုံက အတော်ကို စိတ်ဆင်းရဲဖို့ ကောင်းပါသည်။ ထိုမေမေ မျက်နှာကို ကျွန်တော် နှစ်ပေါင်းများစွာ မြင်နေခဲ့ရပါသည်။ ထို့နောက်မှာတော့ ကျွန်တော် ထို “ စောက် ” ဆိုသော စကားကို ဘယ်အရာနဲ့မှ နှိုင်းပြီးတော့ မပြောဖြစ်ခဲ့ပါ။
ကျွန်တော်ဟာ အမျိုးတွေ ထဲမှာရော ၊ မိသားစု ထဲမှာပါ အဲဒီလို အရိုင်းအစိုင်း တစ်ယောက်ပါ။ ရွတ်ပေပေနဲ့ ကိုယ့်ဖာသာပုံစံနဲ့ပဲ ကျွန်တော် နေပါသည်။ အခု ကျွန်တော် ကျင်လည်နေရသော ပတ်ဝန်းကျင်မှာ ဆိုရင် လူမျိုးပေါင်းစုံ ၊ ဒေသပေါင်းစုံက မတစ်ထောင်သားတွေနဲ့ပါ။ ကျွန်တော် ဒီကို ရောက်တော့ မကြားဖူးသော ဆဲနည်း မျိုးစုံကို ကြားခဲ့ရပါသည်။ “ စောက် ” လေးတစ်လုံးကို တစ်ခါပြောဖူးတာနဲ့တောင်မှ ကျွန်တော့် အမေ နှစ်ပတ်ကျော်လောက် စိတ်မကောင်း ဖြစ်နေခဲ့ရဖူးသည်။ အခုတော့ ကျွန်တော် ကျင်လည်နေရသော ပတ်ဝန်းကျင်မှာကတော့ ဒီ “ စောက် ” ဆိုသော စကားလုံးက သူတို့ ပြောသမျှ စကား တစ်ကြောင်းမှာ ၃ လုံးလောက် အနည်းဆုံး ပါနေတတ်သည်။
ကျွန်တော်ဟာ အစိုင်းအရိုင်း တစ်ယောက်ပါ။ ကိုယ့်ဖာသာကိုယ်နဲ့ပဲ ကိုယ့်ပုံစံနဲ့ ရွတ်ပေပေ နေပါသည်။ သို့သော် ထို “ စောက် ” ကိုတော့ ကျွန်တော် ရွံကြောက်စွာဖြင့် ရှောင်ပြောပါသည်။ ဘာလို့လဲ ဆိုတော့ ထိုအရာရဲ့ အဓိပ္ပါယ်ကို ကျွန်တော် သိနေခဲ့သောကြောင့် ဖြစ်ပါသည်။ ဒီနေရာမှာ ပြောစရာ ရှိပါသည်။ ဒါဆိုရင် တချို့သော စာပေစီစစ်ရေးက ထုတ်ဝေခွင့်ပြုထားသော စာအုပ်တွေမှာ “ စောက် ” ဆိုတာ အစား “ သောက် ” ဆိုပြီး ပြင်ရေးကြပြီး အသံထွက်သော အခါမှာ “ စောက် ” လို့ပဲ ထွက်ပါသည်။ ဒါဆို ဘာလို့ စာပေစီစစ်ရေးက ထုတ်ဝေခွင့်ပြုနေတာလဲ ဆိုတာကိုပါ။
ဟုတ်ပါသည်။ ကျွန်တော်သည် စာပေစီစစ်ရေးနဲ့ ဘာမှ မသက်ဆိုင်ပါ။ ထို့အတူ ကျွန်တော့် အဖေကလည်း ဘာမှ မသက်ဆိုင်ပါ။ နောက်တစ်ခုက စာပေစီစစ်သူတွေကလည်း ထို “ စောက် ” ဆိုသော စကားလုံးရဲ့ ဖြစ်ပေါ်ရာကို သေချာ မသိတာလည်း ဖြစ်နိုင်ပါသည်။ ထို့အတူ သူတို့ ပတ်ဝန်းကျင်မှာ တွင်ကျယ်စွာ သုံးစွဲနေတာကို ကြားဖူးနေ၍ အရေးမကြီး ဟု ထင်တာလဲ ဖြစ်နိုင်ပါသည်။ မည်သို့ပင် ဖြစ်စေ ယခု စာဖတ်နေသူသည် ထို စကားလုံးကို ဆက်လက် သုံးစွဲချင်လည်း ဖြစ်ပါသည် ၊ မသုံးစွဲတော့ပါဘူး ဆိုလည်း ဖြစ်ပါသည်။ မသုံးစွဲခင်မှာတော့ ကျွန်တော့်အဖေ ပြောသလို ကိုယ် တွဲဖက် သုံးစွဲမယ် ဆိုသော စကားလုံးနဲ့ ထိုစကားကို အရင် တစ်ယောက်တည်း တွဲစပ်သုံးကြည့်ပါ။ ပြီးတော့မှ မိမိနှစ်သက်သလိုသာ ရွေးခြယ်ပါ။
သို့သော်. . . မိန်းကလေး တစ်ယောက်က ထိုစကားလုံးနဲ့ တွဲဖက်ပြီး သုံးစွဲလာသော စကားလုံးတွေကို ဘယ်လိုများ ပုံဖော်ပေးရပါ့မလဲဗျာ။ ကျွန်တော်ကတော့ မိန်းကလေးတွေ ဒီစကားလုံးနဲ့ တွဲပြီး ဘယ်စကားကိုမှ မပြောသင့်ဘူးလို့ ထင်မိပါသည်။ သို့သော်. . .ကိုယ့်သဘောနဲ့ ကိုယ် ၊ ကိုယ့် အမူအကျင့်နဲ့ ကိုယ် ကြိုက်သလို သုံးစွဲနိုင်ပါသည်။
သေချာမစဉ်းပဲပြောလိုက်တာတွေကအကျင့်ပါကုန်ပြီလေ……..
အဲဒိလိုတစ်လုံးချင်းအဓိပ္ပာယ်တွေကိုသေချာမစဉ်းစားကြတော့ဘူး
သင်ပြပေးမဲ့သူလည်းမရှိတော့ဘူး
တစ်ယောက်ပြောတာတစ်ယောက်လိုက်ပြောရင်းကတွင်ကျယ်သွားကုန်တာ
လန်းတယ်ဆိုတဲ့စကားကြည့်ပါ့လား
ကျွန်တော်တို့ငယ်ငယ်ကသေခါနီးလူမမာတွေကိုမှသုံးတဲ့စကား
“ဒီနေ့တော့လန်းသားပဲဘာစားဦးမလဲကြိုက်တာပြောလေ”
ဆိုတာမျိုးပေါ့…။ကုမရတော့လို့ဆရာဝန်ကလက်လွှတ်ထားပြီးစားချင်တာကျွေးလို့ပြောလိုက်ပြီးသား
သိရဲ့နဲ့ဒီစကားတမင်ပြောတာ….။လူမမာစိတ်ချမ်းသာအောင်လို့လေ…………
ကိုဇော်ပြောသလိုတော့ရိုင်းစိုင်းမှုမပါဘူးပေါ့…….ဒါပေမဲ့မကောင်းတာတော့တစ်ကယ်မကောင်းတာပဲ
Was this answer helpful?
LikeDislikeဓမ္မစေတီခေါင်းလောင်းကြီး
ခေါင်လောင်းတော်ဘွဲ့ အဝိန္ဒဆောက် ခေါင်းလောင်းတော်
အလေးချိန် ၁၈၀၀၀၀ ပိဿာ (တန်ချိန် ၂၉၀)
အတိုင်းအတာ အဝ(၈)တောင်၊ စောက် (၁၂) တောင်
သွန်းလုပ်သည့်နေ့ သက္ကရာဇ် (၈၃၇) ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့
ရွှေတီဂုံစေတီတော်သို့ တင်လှူသည့်နေ့ သက္ကရာဇ် (၈၃၈) ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ …။
—-
အဓိပ္ပာယ် – ဝါကျတစ်ခုမှာ ပုဒ်တွေကို ဖတ်တဲ့အခါ ဖြတ်သင့်ရာဖြတ်၊ ရပ်သင့်ရာ မရပ်ဘဲ မတွဲဖတ်သင့်တဲ့ ပုဒ်နှစ်ခုကို တွဲဆိုလိုက်မိရင် လည်း ဂါမ္မဒေါသ သင့်တတ်ပါတယ်။
ဥပမာ – လက်လေးသစ်အောက်၊ ကျဉ်းအပေါက်နှင့်၊ တွင်း-စောက်-ပတ်-လည်၊ လက်သစ်ညီအောင်၊ …
အကြောင်းအရင်း – အထက်က ကဗျာစာပိုဒ်မှာ စောက် နဲ့ ပတ် ကို စပ်ပြီး “တွင်း-စောက်ပတ်-လည်” လို့ ဖတ်မိရင် ဂါမ္မဒေါသ သင့်ပါတယ်။
ဖြေနည်း – အဲဒီလို ပုဒ်မျိုးကို သုံးဖို့ လုံးဝ ပိတ်ပင်ပါတယ်။
—-
စောက်
စောက်မှန်းကန်းမှန်း
တစောက်ကန်း
—-
ဇောက်မှန်းကမ်းမှန်း
လှေသမားများသည် ကမ်းကိုလည်း သိရသည် ၊ ဇောက်ကိုလည်း သိရသည်။ လှေများ ၊ သဘောင်္များသည် ကမ်းကပ်ရာတွင် အလွန်အရေးကြီးပါသည်။ ကမ်းကို မကပ်ဘဲ ၊ ဇောက်ကို ( ချောက် ) ကပ်မိသော် လှေ ၊ သင်္ဘောနစ်ခြင်းများ ဖြစ်တက်ကြသော်ကြောင့် လှေသမားများသည် ကမ်းကိုပဲ ကမ်းရပါသည်။ ဇောက်ကို မကပ်ရပါ။ ဆိုရလျှင် မည်သည့်နေရာသည် အသုံးဝင်သည့် နေရာ ၊ မည်သည့်နေရာသည် အသုံးမ၀င်သည့်နေရာ ဖြစ်ကြောင်း ကွဲကွဲပြားပြား သိသော်သူကို ဇောက်မှန်းကမ်းမှန်း သိသူဟု ပြောကြသည်။ ပဲ့နင်းကြီးများ စကားမှ အရပ်ထဲ ရောက်လာသော အခါ “ စောက်မှန်းကန်းမှန်း ” မသိဘူးဟု သုံးစွဲလာကြပါတော့သည်။
—
စောက် ဆိုတာပါတာလေးတွေ … စုကြည့်တာပါ..။
မဃဒေ၀ ထဲလည်း ပြန်လှန်ဦးမှပါပဲ..။
ကြည့်ရတာတော့ .. အလျှား၊ အနံ၊ အနက်(စောက်) လို့ယူတာက စတဲ့စကားဖြစ်နိုင်ပါတယ်..။
Was this answer helpful?
LikeDislikeုkai ပြောတာစဉ်းစားစရာတွေပါ….ကျွန်တော်သိချင်တာတခုရှိတယ်သိယင်ဖြေပေးပါ ( လူပါးဝတယ် ) ဆိုတဲ့စာကြောင်းနဲ့ ( လူဝါးဝတယ် ) ဆိုတဲ့စာကြောင်း ဘာကွာသလဲဆိုတာပါ
Was this answer helpful?
LikeDislikeဒါများ ဖြေရတာလွယ်လွယ်လေး..
သိဘူးဗျ ..
သိသူများ ဖြေပါ..။
Was this answer helpful?
LikeDislikeကျေးဇူးတင်ပါတယ်ဗျာ လူတိုင်းပြုပြင်နိုင်ရင် အရမ်းကောင်းမှာပါ
ကျနော့် သူငယ်ချင်း တွေကို ပြန်ပြီး Forword လုပ်လိုက်ပါမယ်
Was this answer helpful?
LikeDislikeစောက်ရမ်းလှတယ် ..စောက်ရမ်းမိုက်တယ် .. ဆိုတဲ့စကားလုံးတော်တော်များများ
ကိုပြောနေသုံးနေကြတာ .. သိလို့လည်းမဟုတ်ပဲနဲ့ကိုပြောနေကြတာပါ။
ပြန်ဖျောက်ဖို့ဆိုတာတောင် တော်တော်ခက်မယ်ထင်ပါတယ်။
Was this answer helpful?
LikeDislikecheerywine ပြောတာမှန်တယ် … ယောကျာ်းလေးတော်တော်များများစကားပြောရင် စောက် ကကိုမချတော့ဘူး …
Was this answer helpful?
LikeDislikeဟုတ်တယ်အဲဒါကိုပြောချင်နေတာ ဘယ်လိုပြောရမလဲမသိလို့ စောက် ဆိုတာကရိုင်းတယ်မပြောစမ်းပါနဲ့ဟာ လို့ဆိုတော့ စောက်ဆိုတာရိုင်းတာမဟုတ်ဘူး လေးနက်တာပါတဲ့လေ ခေတ်လူငယ်တွေများ ဘယ်လိုတွေမွေးဖွားပီး ဘယ်လိုတွေသင်ကြားခံခဲ့ရလဲ စဉ်းသာစားကြည့်တော့
Was this answer helpful?
LikeDislikeဘယ်လိုပြင်ရပါ့နော်
Was this answer helpful?
LikeDislike