အားလုံးကိုပျော်ရွှင်စေခဲ့သူ

zinmyotunNovember 11, 20101min983

အားလုံးကိုပျော်ရွှင်စေခဲ့သူ

“ပျော်ရွှင်မှုရရှိရေး နည်းလမ်းပြသူ” ဟု အမည်ရသည့် တောင်ကိုရီးယားနိုင်ငံမှ တီဗီအစီအစဉ်တင်ဆက်သူ အမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းသည် တို့နှစ်ဦး၏ အလောင်းများကို မိုတယ်အခန်းတစ်ခုအတွင်း တွေ့ခဲ့ရပြီး နှစ်ဦးစလုံး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင် ရဲများက ပြောကြားခဲ့သည်။
ဆိုးလ်မြို့တော်မြောက်ဘက်ရှိ ဂိုယန်းမြို့လေးမှ မိုတယ်ဝန်ထမ်းတစ်ဦးသည် ချွိုင်ယောင်ဟီး (၆၃ နှစ်) နှင့် သူမ၏ အသက် (၇၂ နှစ်) အရွယ် ခင်ပွန်းတို့ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေထားသည်ကို မိုတယ်အခန်းအတွင်း တွေ့ခဲ့ရသည်။ ချိုင်သည် “ပျော်ရွှင်မှု”၊ “မျှော်လင့်ချက်” စသည့် အကြောင်းအရာများနှင့် စပ်လျဉ်းသည့် စာအုပ်ပေါင်း (၂၀) ခန့် ရေးသားခဲ့သည်။ သူမသည် လူများအား ဘဝကို ပျော်ရွှင်စွာ နေထိုင်နိုင်ရေးကို တီဗီအစီအစဉ်မှ တစ်ဆင့် ပညာပေးဟောပြောခဲ့ရာမှ “ပျော်ရွှင်မှုရရှိရေး နည်းလမ်းပြသူ” ဟူသည့် အမည်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း အေအက်(ဖ်)ပီသတင်းတွင်း ဖော်ပြခဲ့သည်။

Ref: AFP

3 comments

  • shwepyiaye

    November 11, 2010 at 2:30 am

    တောင်ကိုးရီးယားမှာသတ်သေတာက
    ဖက်ရှင်လိုတောင်ဖြစ်နေပြီ
    တနှစ်တနှစ်သေတာတအားပဲနော်…….

  • PaukPhaw

    November 11, 2010 at 6:09 am

    တို ့မြန်မာတွေလဲ အတုယူကြလေ…

  • Gong Zhu

    November 11, 2010 at 3:55 pm

    ဘာဖြစ်လို့ သတ်သေသွားတာလဲ…

Leave a Reply