မြဝတီမြို့နောက်ဆုံး အခြေအနေ

နွယ်ပင်November 11, 20101min1028

မြဝတီမြို့မှာ ၉ရက်နေ့က စစ်တပ်က DKBA နယ်ခြားစောင့်တပ်ကို လက်ခံတဲ့ ဗိုလ်ချစ်သူအဖွဲ့မှ ဗိုလ်ကတုံး ဦးဆောင်တဲ့ နယ်ခြားစောင့် DKBA အဖွဲ့နဲ့ နအဖစစ်တပ် ပူပေါင်းပြီး ပြန်လည်သိမ်းယူတာ ဖြစ်ကြောင်း တိုက်ပွဲဝင် ရဲဘော်တစ်ဦးမှ ဆက်သွယ် ပေးပို့ လာတာကို တင်ပြလိုက်ပါတယ်။
နအဖရဲ့ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့ DKBAမှ ဗိုလ်ချစ်သူကို နအဖက မြဝတီကိစ္စနဲ့ ပတ်သတ်ပြီး ဘားအံ့မှာ ခေါ်သွားတာကို မြင်လိုက်ကြတယ်လို့ ဆိုပါတယ်..။ ဗိုလ်မုတ်သုန်လည်း ပါတယ်လို့သိရတယ်..။ မြဝတီကို လူတွေ အာရုံစိုက်နေတဲ့အချိန် ဝေါလေးဂွင် သွားပြီး နအဖက လေယာဉ်နှစ်စင်းနဲ့ ပစ်တာပါ..။ ဗိုလ်နှုတ်ခမ်းမွှေး အိမ်ကိုတော့ နအဖ နဲ့ BGF (နယ်ခြားစောင့်တပ်) ပြောင်းသွားတဲ့ ကရင်တွေ မီးရှို့လိုက်တာပါတဲ့…။ မြဝတီကတော့ နအဖနဲ့ နယ်ခြားစောင့် (DKBA) တပ်တွေ ပြန်သိမ်းလိုက်ပါပြီ…။ ဗိုလ်ချစ်သူကို မြဝတီကိစ္စအတွက် နအဖက အကျယ်ချုပ် ဖမ်းထားတဲ့ ပုံစံပါပဲ.. ဒါကြောင့် ဗိုလ်ချစ်သူ တပည့် ဗိုလ်ကတုံးက သူ့ဆရာကို ပြန်လွှတ်အောင် နှုတ်ခမ်းမွှေးတို့ကို တက်တိုက်ပြတာပါပဲ..။ ဗိုလ်ကတုံးတို့ကို တက်တိုက်ခိုင်းတယ် နောက်ကနအဖက အထောက်အပံ့နဲ့ပေါ့။ ဗိုလ်ဂတုံးတို့ မြဝတီရောက်တော့ နှုတ်ခမ်းမွှေးတို့နဲ့ ညှိတယ် ပြီးတာနဲ့ ဗိုလ်နှုတ်ခမ်းမွှေးတို့ အဖွဲ့စဆုတ်သွားတာဘဲ….. ဆိုပြီးရေးသား ပေးပို့လာပါတယ်..။
မြဝတီမြို့ အခြေအနေကတော့ ယခုမီးအမှောင် ချထားပြီး ညမထွက်ရ အမိန့်ထုတ်ထားတယ်လို့ ဆိုပါတယ်..။ နအဖတပ်သားများ ကားများဖြင့် ကင်းလှည့် နေတယ်လို့လည်း သိရပါတယ်…။ မြဝတီအနီးတစ်ဝိုက် နေရာအတိအကျ မခန့်မှန်းနိုင်တဲ့ နေရာတွေမှာ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရပါတယ်.. ဘုန်းကြီးနှစ်ပါးပျံတော်မူပြီး ဘုန်းကြီးကျောင်း နှစ်ကျောင်း လက်နက်ကြီးထိမှန် ခံရပါတယ်..။ ဈေးတခု အကုန်လုးံ မီးလောင်ပြာကျပါတယ်… ဓာတ်ဆီဆိုင် တွေအားလုံး လက်နက်ကြီးတွေနဲ့ ထုခွဲခံရကြောင်း မြဝတီမြို့ခံတစ်ဦးမှ ပြောဆိုသွားပါတယ်..။

သတင်းများနဲ့ ပတ်သတ်ပြီး ပေးပို့လာတဲ့ အရှင်နေမိန္ဒ၊ မြဝတီ၊မဲဆောက်မြို့ခံများနဲ့ တိုက်ပွဲဝင် ရဲဘော်များအား ကျေးဇူးတင်ပါသည်..။

ကိုဒီမိုဝေယံ ဆီမှ ကူးယူဖော်ပြပါသည် ။

မှတ်ချက် ။ ။ Facebook ရှိ Burma Thwe မှကူးယူဖော်ပြပါသည် ။

8 comments

  • bigcat

    November 11, 2010 at 4:00 am

    ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီးသတင်းလည်းလုပ်ပါအုံးခင်ဗျ။

    • nyeinwailwin

      November 11, 2010 at 4:21 am

      ဘုရားသုံးဆူမြို့တွင် စစ်အစိုးရတပ်နှင့် DKBA တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားပြီး ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသူ လူဦးရေ သောင်းနှင့်ချီရှိကြောင်း သိရပါတယ်။ “စစ်အစိုးရက မြို့ထဲကို ပစ်တာ လက်နက်ကြီး အလုံး ၄ဝ ကျော်ရှိပြီ၊ ကွဲတာရှိ မကွဲတာလဲရှိ၊ ဖြစ်တာကတော့ အရပ်သား တွေပဲ ထိတယ်၊ အရပ်သားတွေ ဒဏ်ရာရတာကတော့ ၁ဝ ယောက်လောက်ရှိပြီ”ဟု မြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။
      ဒဏ်ရာရရှိသူများသည် တိုင်တရာ ဘုန်းကြီးကျောင်း အနီးပတ်ဝန်ကျင်နှင့် တောင်ဝိုင်းအရပ်မှ ဒေသခံများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

      ဒီသတင်းတွေကတော့ မနေ့က (9.11.10) က နောက်ဆုံးသိထားတာတွေပါ ။

  • draungkyawkyawoo

    November 11, 2010 at 4:07 am

    စစ်မီးတွေငြိမ်းစေချင်ပါတယ် ။

  • kyawnaykha

    November 11, 2010 at 4:18 am

    အဲ့ထက်ကောင်းတဲ့သတင်းတွေပေးပါအုံးဟ

  • နီလေး

    November 11, 2010 at 5:18 am

    ဪဒေသခံတွေသနားပါတယ် လောဘ လောဘတွေ

  • Khine Htoo

    November 11, 2010 at 1:13 pm

    တခြားနီးမရှိတော့ဘူးလား။ တိုက်တော့လဲ မြဝတီ လိုမြို့ကြီး။ အဲလလုပ်တော့ဘာထူးတုန်း။လူတွေသေ၊ စီးပွါးပျက်၊ ဟိုလူကြီး ကနိမ်နင်းပြ ၊ နာမည်ယူ၊ လွတ်တော်ကိုရပ်။ အင်း ပိုဆိုးသွားတာပေါ့။ လုပ်ရင်လဲ တခြား နည်းလုပ်။ ခုတော့ ကြားကပြည်သူတွေသေကုန်ပြီ။

  • blackdemon809

    November 11, 2010 at 3:24 pm

    ပြီးသွားကုန်ကြမလား ။။။။။။။ကောင်းပါတယ်
    ကျွန်တော့် ယောက်ဖလေးအတွက် စိတ်ပူလို့ပါ ။။။။။

  • Jue

    November 12, 2010 at 1:01 am

    လောဘကြီးတဲ့သူတွေကြောင့် ပြည်သူတွေဒုက္ခရောက်ရတာပေါ့…….အဲ့ဒီနေရာမှာသူတို့သားသ္မီးတွေပါခဲ့ရင်သူတို့ဘယ်လိုနေမလဲမသိဘူး………
    သူတောင်းစားတွေ ကိုယ်ချင်းစာစိတ်မရှိကြဘူး………………………

Leave a Reply