နည်းစနစ်မှန်စွာ သွားတိုက်ပါ ။

AKKONovember 11, 20101min615

ဒီတစ်ခါပြောပြမှာကတော့သွားတိုက်နည်းတွေရယ် …. ၊ သွားကြားထိုးနည်းလေးရယ်ပါပဲ ။ သွားတိုက်တာအဆန်းမဟုတ်ပေမဲ့ငယ်ငယ်ကတည်းက စနစ်တကျသွားတိုက်တာမျိုးမရှိခဲ့လျှင် ကြီးလာတဲ့အခါမှ သွားတွေယိုင်တာ၊ ပုးိစားတာတို့အပြင် မလိုလားအပ်တဲ့သွားရောဂါတွေ ဖြစ်လာနိုင်တဲ့အတွက် သွားတိုက်နည်းလေးတွေကို တင်ပေးလိုက်ရခြင်းဖြစ်ပါတယ် ။
လူကြီးများအတွက် စနစ်မှန် သွားတိုက်ခြင်း
အဆင့်၁ -ပြင်ပ မျက်နှာပြင်များ
သွားနှင့်သွားဖုံးထိစပ်နေသော နေရာများတွင် သွားပွတ်တံ၏ သွားတိုက်မျှင်များအား 45ဒီဂရီ စောင်း လျှက် အနေအထားဖြင့် သွားမျက်နှာပြင်အား နှံ ့စပ်စွာဖိတိုက်ပါ သွားနှင့်သွားဖုံးတွင် ကပ်နေသော ချေးများသန့်စင်သွားလိမ့်မည်။
အဆင့်၂ – အတွင်းမျက်နှာပြင်များ
သွားပွတ်တံအား ဒေါင်လိုက်ကိုင်လျှက် သွားပွတ်တံ၏ ထိပ်ဖျားပိုင်းဖြင့် အောက်ရှေ ့သွား အတွင်းပိုင်းမျက်နှာပြင်အားသန် ့စင်ပါ။ နောက်ဖက်သွားများ၏ အတွင်းပိုင်း မျက်နှာ ပြင်များအတွက် မူ အဆင့်၁ တွင် ဖော်ပြထားသော အပြင်မျက်နှာပြင်တိုက်သည့် နည်းကိုအသုံးပြုပါ။
အဆင့်၃ – အံသွားမျက်နှာပြင်များ
အံသွားမျကနှာပြင်များအအား ရှေ ့နောက် ပွတ်တိုက်ခြင်းဖြင့် သန့်ရှင်းနိုင်ပါသည်။
သွားမျက်နှာပြင်များအား သွားတစ်ခါတိုကလျှင် ရ ကြိမ်မှ ၉ ကြိမ်အထိ ပွတ်တိုက်နိုင်သည်။

ကလေးများ အတွက် သွားစနစ်မှန် တိုက်ခြင်း
အဆင့်၁ – ပြင်ပမျက်နှာပြင်များ
ငယ.်ရွယ်သောကလေးများအတွက် လူကြီးများက သူတို ့နောက်မှ ရပ်လျှက် သွားတိုက်ပေး ခြင်းသည် ပိုမိုလွယ်ကူစေပါသည်။ သွားနှင့်သွားဖုံးထိစပ်နေသော နေရာများအား သွားပွတ်တံဖြင့် ဖြေး ညင်းစွာ တိုက်ပေးနိုင်ပါသည်။
အဆင့်၂ -အတွင်းမျက်နှာပြင်များ
ပြင်ပမျက်နှာပြင်များအားတိုက်သည့်နည်းတူ သွားနှင့် သွားဖုံးထိစပ်နေသော နေရာများအား ဖြေးညှင်စွာ တိုက်ေပေးပါ။ အသစ်ထွက်လာသောသွားများနှင့်ယိုင်နဲ ့နေသောသွားများက်ို ဂရုစိုက် တိုက်ပါ။ သွားအားလုံးတိုက်ရန်သတိပြုပါ။
အဆင့်၃ – အံသွားမျက်နှာပြင်များ
အံသွားမျက်နှာပြင်အား ရှေ ့နောက်ပွတ်တိုက်ခြင်းဖြင့် သန့်ရှင်းစေနိုင်ပါသည်။ တိုက်ရန်ခက်ခဲနေ သော နောက် ဆုံးသွားများကို သတိပြုရျ်တိုက်ပါ။

သွားကြားထိုးနည်းစနစ်
အဆင့်၁-
45cm အရှည်ခန့်ကြိုးကိုဖြတ်ပါ ကြိုးအစွန်းနှစ်ဖက်ကို လက်ခလက်ခလယ်နှစ်ဖက်တွင် အသီးသီး ရစ် ပတ်ပါ။ လက်မနှင့် လက်ညှိုးတို ့ဖြင့်ကြိုးအားထိန်းချုပ်ရျ် သွားကြားထိုးပါ။
အဆင့်၂
ကြိုးအား သွားအတွင်းသို ့ သွားဖုံးစပ်အထိ အသာအယာ ဆွဲထည့်ပါ။ ကြိုးကို ပြန်လည် ဆွဲထုတ် ခြင်းဖြင့်သွားကြားအတွင်းရှိ အညစ်အကြေးများအာ း ဖယ်ရှားနိုင်ပါသည်။
အဆင့် ၃
အထက်ပါ အဆင့်၂ အတိုင်း ကြိုး၏ မတူညီသော အပိုင်းများကို အသုံးပြုရျ် သွားတစ်ချောင်းစီ ကို သန် ့စင်နိုင်ပါသည်။

5 comments

  • Gong Zhu

    November 11, 2010 at 3:52 pm

    ကျေးဇူး များကြီးများကြီး တင်ပါတယ်နော် … သွားကတော်တော်အရေးကြီးတယ်နော် …

  • etone

    November 12, 2010 at 2:20 am

    အီးတုံးဆိုသွားတွေမကောင်းလွန်းလို့ခဏခဏစိတ်ညစ်ရတယ် ။ ငယ်ငယ်ကဆိုရင် သွားဆေးခန်းတစ်ချိန်လုံးသွားရတယ် သွားတွေပိုးစားလွန်းလို့ ။ အခုလည်း သွားတွေက မကောင်းပါဘူး။ သွားနာရင် ကိုက်ရင် အရမ်းစိတ်ဒုက္ခရောက်ရတယ် ။ ဒီနည်းလေးသာကြိုသိခဲ့ ရင် သွားနာတဲ့ဒုက္ခကိုကာကွယ်လို့ရတာပေါ့ ။ ဒီလိုပို့စ်မျိုးလေးတွေတင်ပေးပါ ။ ဗဟုသုတရစေလို့ ကျေးဇူးတင်ပါတယ်။

  • Zaw Tun

    November 12, 2010 at 9:11 am

    ဒါမျိုးဆေးပညာဆိုင်ရာဗဟုသုတလေးကို များများတင်ပေးပါဗျာ။

  • နီလေး

    November 12, 2010 at 10:11 am

    ခုလိုဗဟုသုတရမယ့်စာမျိုုးကိုများများတင်ပေးစေချင်တယ်လေ

  • moethidasoe

    November 12, 2010 at 10:42 am

    ဖြည့်စွက်ပါရစေ .. တတ်လွန်းလို့တော့ မဟုတ်ပါဘူး ..
    MRTV မှာ သွားဆရာဝန်တစ်ဦး ဗျူးထားတာ ကြည့်လိုက်ရတယ် .. ရှေးရိုးအစဉ်အလာအရ စောစောထ သွားတိုက်ဆိုတာကို သိကြတယ် .. အခု သင်ခန်းစာထဲမှာတော့ အိပ်ယာမဝင်မီ သွားတိုက်ပါ ဆိုတာကို လူကြီးပိုင်းတွေက သိပ် မသိကြဘူးတဲ့ ..
    နောက်တစ်ချက်က အစာစားပြီးတိုင်း သွားကြားထိုးတာ အနည်းဆုံးလုပ်ဖို့ သင့်တယ် တဲ့ .. သွားတိုက်နိုင်ရင်တော့ အကောင်းဆုံးပေါ့ တဲ့ .. သို့သော် .. သွားတိုက်ရင် အနည်းဆုံး သုံးမိနစ်က ငါးမိနစ်လောက်အထိ သွားတိုက်ဆေးကို ပါးစပ်ထဲမှာ ရှိနေအောင် သွားတိုက်ချိန် ပေးပါ တဲ့ .. နောက်ပြီး သွားတိုက်ဆေးကို ဖလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးကို သုံးပါတဲ့ ..
    အချိန်မရလို့ သွားတိုက်ချိန် သိပ် မပေးနိုင်ရင်လဲ ..
    သွားတိုက်ပြီးရင် ပါးစပ်ကို ရေအနည်းဆုံးနဲ့ ပလုပ်ကျင်းပါ တဲ့ .. ဒါမှ သွားတိုက်ဆေးရဲ့ အာနိသင် မကုန်ပဲ သွားပေါ်မှာ ကျန်ရစ်နေမှ .. သွား ခိုင်မာစေတဲ့ ဖလူအိုရိုက် ဆိုတဲ့ ဓါတ်ရဲ့ အာနိသင်ကို ရမှာတဲ့ .. စာရှည်သွားတာ ခွင့်လွှတ်ပါ .. အဲဒီဆရာဝန်က ဦးကိုကိုမောင် ထင်ပါတယ် .. သိပ်တော့ မသေချာဘူး ..

Leave a Reply