Antioxidant အကြောင်းတစေ့တစောင်း

AKKONovember 11, 20101min741

Antioxidant ဆိုတာဘာလဲ
Oxidation Process ကြောင့်ပုံမှန်ထွက်ရှိလာတဲ့ Free Radical နဲ ့သူ ့ရဲ ့ဆိုးကျိုးသတိ္တ တ်ိတွေကို သုတ်သင်ခြေမှုန်းပေးနိုင်သော ဓါတ်တစ်မျိုးကို ခေါ်ပါတယ်။ သဘာဝအရ နေ ့စဉ်စား သောက်နေတဲ့အသီးအရွက်တွေ အသီးအနှံတွေမှာပါဝင်ပါတယ်။
Antioxidant ဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ဘယ်လောက်အထောက်အကူပြုမလဲ။
လုံလောက်တဲ့ Antioxidant ပမာဏ ပုံမှန်ရရှိမယ်ဆိုရင် တေ့ာလူတွေက အသက်ရှည် ရှည် ကျန်းကျန်းမာမာ နေနိုင်သွားမှာပါ။ ဒါပေမဲ့လက်တွေ ့ဘဝမှာတစ်နေ ့လုံး အသီးအရွက်တွေချည်းပဲ အကြိမ်ပေါင်းများစွာ အဝစားနိုင်ဘို ့ဆိုတာမဖြစ်ပါဘူး။ ဟင်းသီးဟင်းရွက်တွေဟာ လတ်လတ်ဆတ် ဆတ်စားနိုင်မှ အာနိသင်ပြည့်ဝပြီး အခြောက်လှန်းထားတာတို ့ ရေခဲသေတ္တာထဲသိမ်းထားတာတို ့ ဆိုရင် ပါဝင်တဲ့ Antioxidant ဓါတ်ကို ပျက်စီးလျော့နည်းစေပါတယ်။ ခန္ဓာကိုယ်မှ Free Radical များများ ထွက်လေလေ Antioxidant များများလိုအပ်လေဘဲဖြစ်ပါတယ်။ Antioxidant များများဖြည့်စွက်နိုင် လေလေ အသက်ရှည်အနာမဲ့ရေးအတွက် အထောက်အကူပြုလေပါပဲ။
Antioxidant နှစ်မျိုးသုံးမျိုးသာရွေးချယ်သောက်သုံးခြင်းထက် Antioxidant အမျိုးပေါင်းစုံစုံ လင်လင် ပါဝင်အောင်သောက်ဘို ့လိုပါတယ်။ ဒါမှ ခန္ဓာကိုယ်မှ Free Radical တွေကို ကာကွယ်ပေးနိုင်ပါတယ်။ Antioxidant တစ်မျိုးနှင့်တစ်မျိုးကြား ဓါတ်ကူပေးခြင်းဖြင့်လည်း ပိုမိုထိရောက်တဲ့ Synergistic Effect ကိုရရှိနိုင်တယ်။
Antioxidant အမျိုးမျိုးထဲမှာ သဘာဝသီးနှံက အနှစ်ထုတ်လို ့ရတဲ့ Antioxidant အမျိုးအစား ဟာ Vitamin ဓါတ်တွေအပြင် Polyphenols နှင့် Bioflavonoid လို့ ့အစွမ်းထက်တဲ့ Antioxidant တွေ စုံလင်စွာ ပါဝင်တဲ့အတွက် ထူးခြားဆန်ပြားတဲ့အာနိသင်ကို ရရှိစေပါတယ်။
Antioxidant များ ပုံမှန်သုံးစွဲခြင်းဖြင့် ကာကွယ်ပေးနိုင်သော ရောဂါများ
အရေပြားမွဲခြောက်ခြင်း၊ အနာရွတ်ထင်ခြင်း၊ ချုပ်ရိုုုုးဒဏ်ရာများ မကျက်ခြင်း အရေးအကြောင်း များပေါ်ခြင်း တို့အပြင်
နှလုံးသွေးကြောကျဉ်းခြင်း ၊ပိတ်ဆို ့ခြင်း၊ မကောင်းသောအဆီများစု ခြင်း၊Allergy ဓါတ်မတည် မတည့်ခြင်း ၊ပန်းနာရင်ကြပ်ခြင်းတို့ကိုလည်း ကာကွယ်ပေးပါတယ် ။

One comment

  • ဆူး

    November 11, 2010 at 6:44 am

    ငယ်ငယ်တုန်းကတော့.. မုန်လာဥ အနီ ခရမ်းချဉ်သီး အစိမ်းလိုက် ကိုက်စားတာဘဲ..
    အခုတော့ စားချင်တော့ဘူး..

Leave a Reply