ပါးတစ်ခြမ်းရွဲ ့ခြင်း (Facial Palsy) အကြောင်းတစေ့တစောင်း

AKKONovember 11, 20101min1197

ပါးတစ်ခြမ်းရွဲ  ့ခြင်း

Facial Palsy

ပါးတစ်ခြမ်းရွဲ  ့တယ်ဆိုတာမျက်နှာ အကြောသေသွားတာပါ။ ကောင်းတဲ့ဘက်ကို မျက်နှာက ရွေ  ့သွားတာ ၊ ရွေ  ့သွားတဲ့ဘက်က ကောင်းနေတဲ့ဘက်ပါ။ ပါးတစ်ခြမ်းသာရွေ ့သွားတာဆိုရင် အပေါ် လှုပ်ရှားမှု အာရုံကြောပြတ်သွားတာပါ။ အောက်လှုပ်ရှားမှုအာရုံပြတ်သွားရင်တော့ ပါးစပ်တခြမ်းသာ ရွေ  ့သွားတာမက ပါဘူး။ မကောင်းတဲ့ဘက်ဆိုရင် နဖူးတွန် ့လို ့လည်းမရဘူး။ မျက်စိပိတ်လို ့လည်း မရဘူး။ အမြဲပွင့်နေမယ်။ အဲလိုမျက်လုံးတစ်လုံးပွင့်နေတာက်ို ဘဲလ်ဆိုင်းလို ့ခေါ် တယ်။ နှာခေါင်းပါး စပ်နားက အတွန် ့လည်းပျောက်နေလိမ် ့မယ်။

ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ ဦးနှောက်နှင့် အာရုံကြောမှာ အကျိတ်ဖြစ်တာတို ့၊ ဦးနောက် ယောင်တာတို ့ ရေယုံပေါက်စေတဲ့ ဗိုင်းရပ်စ်ပိုးတို ၊့ ဦးခေါင်းခွံ ့အောက်ခြေပိုင်းကျိုးတာတို ၊့ နားရေရှည် ပြည်တည်တာတို ့ နား၊နာှခေါင်း၊လည်ချောင်းခွဲစိတ်မှု ပြုလုပ်ပြီးတဲ့ အခါတို ့၊ ပါးကျိတ်ရောင်တာတို ့ ပါးကျိတ်မှာ အကြိတ်ဖြစ်တာတို ့ လပ်ပရိုစီဖြစ်တာတို ့၊ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ကြွက်သား ထုံကျင်တာတို ့  တို ့ကြောင့်ပဲဖြစ်ပါတယ်။

ဆရာကျွန်တော့ခေါင်းထဲမှာ တောင့်ပြီး ပြန်အန်နေတယ် ဒီနေ ့ဖြစ်တာပါတဲ့ ဆရာက လိုအပ်တာတွေ မေးပြီး စမ်းသပ်ပေးရတာပေါ ့။ ကဲဆရာ့ပရိသတ်တွေထဲကလည်း အလားတူဖြစ်ခဲ့တာ တွေ ရှိခဲ့မှာပေါ့။ ပျောက်သွားတဲ့လူရှိသလို မပျောက်ဘဲ ကျန်နေတဲ့သူတွေလည်းရှိမှာပေါ့ ။ ရင်ဖွင့်ချင်သူများ မရှင်းသေးသူများ ဆရာနဲ ့ ဆွေးနွေးချင်ရင် ဖြစ်စဉ်ကို စုံစုံလင်လင်လေး ထပ်မေး ပေါ့ ။

7 comments

  • ဆူး

    November 11, 2010 at 11:13 am

    ခေါင်းသိပ်လျှော်တတ်တဲ့ အမျိုးသမီးတွေ ပါးရွဲ့လို့ ဆေးခန်းလာပြတာ မြင်ဘူးတယ်။
    ရေချိုးခေါင်းလျော်ပြီး ပန်ကာနဲ့ အခြောက်ခံလို့.. ပါးရွဲ့သွားတဲ့ သူငယ်ချင်း အမေလည်း အကု မြန်ပေလို့.. မမြန်ရင်.. သူလည်း ပါးရွဲ့တာ မကောင်းနိုင်သလို ကိုယ်တခြမ်းသေနိုင်တယ်လို့ ပြောတာ ကြားဖူးပါရဲ့။

  • unclegyi1974

    November 11, 2010 at 2:50 pm

    သူငယ်ချင်းတယောက်လဲတညလုံးထိုင်ပြီး ဂိမ်းဆော့လိုက်
    တာနောက်နေ့ပါးတခြမ်းရွဲ့သွားတာအတော်ကုလိုက်ရ
    တယ် ကိုယ့်ကျမ္မာရေးကိုယ်ဂရုစိုက်မှရမှာပါ

  • Gong Zhu

    November 11, 2010 at 3:35 pm

    အဲ့ဒါလေဖြန်းတာလား …

  • etone

    November 12, 2010 at 2:21 am

    လေဖြတ်ရင်တော့ပါးရွဲ့တာကြားဖူးတာပဲ ။ ရုပ်ပျက်ဆင်းပျက်ကြီးရွဲ့သွားတာတွေလည်း တွေ့ဖူးတယ် ။

  • ဆူး

    November 12, 2010 at 4:05 am

    ပါးတခြမ်းရွဲ့တာတော့ မသိဘူး.. လေဖြတ်တာကတော့ ဦးနှောက်ထဲက သွေးကြောလေးတွေထဲမှာ သွေးအခဲတုံးလေး ပိတ်မိနေလို့ ပုံမှန် မလည်ပတ်နိုင်ဘဲ ထိန်းချုပ်တဲ့ အရာတွေ လင့်ပြုတ်လို့ ဖြစ်တာ.. အဲဒီတော့ သွေးလည်ပတ်မှု ကောင်းအောင် ယောဂကျင့် သို့တည်း မဟုတ် အားကစားလုပ်.. သို့တည်းမဟုတ် တရားအားထုတ်ပါ။

  • moethidasoe

    November 12, 2010 at 6:04 am

    မနေနိုင်လို့ ဝင်ရေးမိပါတယ် ..
    ဦးခေါင်းထဲကနေ ခေါင်းခွံက အပေါက်ကို ဖြတ်ပြီး ဆင်းလာတဲ့ အာရုံကြော တစ်ချောင်း ရှိတယ် ..
    အဲဒီ အာရုံကြောက မျက်နှာ ကြွက်သား၊ မျက်လုံးပတ်လည်က ကြွက်သား၊ နဖူးကြွက်သား စတာတွေရဲ့ လှုပ်ရှားမှုမှာ တာဝန်ယူတယ် ..
    ရုတ်တရက် .. အာရုံကြောကို အအေးမိလို့ (အများအားဖြင့်တော့ အအေးမိတာကြောင့် ဖြစ်တတ်ပါတယ်).. ဒါမှမဟုတ် .. အကြောင်း တစ်ခုခုကြောင့် (အပေါ်ဆုံးမှာရေးထားတဲ့ အကြောင်းတွေကြောင့်) ရောင်တဲ့အခါ အာရုံကြောဟာ ထိုးထွက်လာတဲ့ အပေါက်မှာ ကြပ်ပြီးတော့ နာသွားတယ် .. ပုံမှန်အလုပ်တွေ မလုပ်နိုင်ဘူး ..
    ဒီတော့ အဲဒီအာရုံကြော ထိစပ်တဲ့ ကြွက်သားတွေ အလုပ်မလုပ်နိုင်လို့ မျက်နှာတစ်ခြမ်းရွဲ့တာ .. ပါးစပ် ကောင်းကောင်း ပိတ်လို့ မရတော့ အစာစားရင် ရေသောက်ရင် ပြန်ထွက်တာ .. လေချွန်လို့ မရတာ .. မျက်လုံးပိတ်လို့ မရတာ .. နဖူး အရေပြား အပေါ်ပင့်တင်လို့ မရတာ ဖြစ်လာတယ် ..

    အဲဒီလိုဖြစ်တာ ရက် ကြာသွားရင်တော့ အာရုံကြော သေသွားပြီဖြစ်လို့ ပြန် ကုမရတော့ပါ ..

    ဖြစ်ဖြစ်ခြင်း အာရုံကြော ရောင်တာကို အမြန်သက်သာစေတဲ့ ဆေး ပေးနိုင်ရင် ရက်ပိုင်းအတွင်း သက်သာ ပျောက်ကင်းစေပါတယ် .. ဒါကြောင့် ဖြစ်ဖြစ်ခြင်း ကုဖို့ လိုပါတယ် .. အအေးကြာကြာမခံကြဖို့ .. မျက်နှာတစ်ခြမ်းတည်းကို လေကြာကြာအတိုက်မခံဖို့ (ကားစီးနေရင်းလဲ ဖြစ်တတ်လို့) ..

  • char too lan

    November 12, 2010 at 7:00 am

    မှတ်သားလောက်တာမို့ ကူးယူထားလိုက်တော့မယ် ခွင့်ပြုကြပါနော် 😀

Leave a Reply