ဒီအချိန်ရောက်လာမှာကိုစိုးကြောက်မိပါသည်

naywoon niNovember 11, 20101min32526

ဒီအချိန်ရောက်လာမှာကိုစိုးကြောက်မိပါသည်။အခုလိုသီတင်းကျွတ်..တန်းဆောင်မုန်းကိုပေါ့ဗျာဘာလို့လဲသိလား?

သီတင်းကျွတ်ပြီဆိုတာနဲ့…………….

ဝါလသုံးလလုံးအောင့်အီးထားကြတဲ့ဆန္ဒတွေတားမနိုင်ဆီးမရမင်္ဂလာဆောင်ကြတော့မယ်..။အိတ်မပါတဲ့ဖိတ်စာကော။စိတ်မလာတဲ့ဖိတ်စာ

ကောအင်နဲ့အားနဲ့လာတော့မယ်လေ..။ခပ်ဝေးဝေးမှာသွားမင်္ဂလာဆောင်ရင်တော်ရဲ့အိမ်နားလေးမှာလာဆောင်မှာကိုပိုပြီးမလိုလားပါဘူး..။

ကိုယ်မဆောင်ရလို့မနာလိုဖြစ်တာမဟုတ်ပါဘူး။တစ်သက်လုံးမှတစ်ခါပဲဆာင်တာပါဆိုတဲ့အနေနဲ့တစ်ညလုံးအိပ်မရအောင်ပတ်ဝန်းကျင်ကိုစိတ်

အနှောက်အယှက်ပေးတော့မှာမို့ပါ..။အနားမှာသက်ကြီးရွယ်အိုရှိမှန်းမသိ၊သေကောင်ပေါင်းလဲလူမမာရှိမရှီလည်းမကြည့်တော့ဘူး..။

ဖွင့်ပါလိမ့်မယ်အသံကုန်တင်ပြီးတော့..။နယ်မင်္ဂလာဆောင်ဆိုတာမျိုးကအကျင့်ကောင်းတာမဟုတ်ဘူး။တစ်ကယ်ပြောတာ။ရပ်ဝေးကလာတဲ့

ဧည့်သည်ကနှစ်ရက်လောက်ကြိုရောက်နေတာ။ညံကျွတ်နေအောင်ဧည့်ခံတာ။အရက်သောက်တတ်တဲ့သူပါလာရင်ပိုဆိုးရော..

အရက်ဆီကိုစဉ့်အိုးနဲ့စပ်တိုက်နိုင်တဲ့မင်္ဂလာဆောင်မျိုးဆိုရင်ရှောင်ပေရော့ဝေးဝေး.။

ရှိသေးတယ်။မြို့ပေါ်မှာတော့အဲဒိဓလေ့မထွန်းကားလို့..။

ရွာတွေမှာအတော်လေ့တယ်။စည်းတဲ့..။

ဘယ်လိုစည်းလဲဆိုတော့ရွာထဲမှာဘယ်သူမင်္ဂလာဆောင်ဆောင်-2000 .အနဲဆုံးလက်ဖွဲ့ရမယ်ဆိုတဲ့စည်းမျိုးပေါ့..။မိသားတစ်စုလုံးအကျူံးဝင်

တာဆိုတော်သေးတယ်။ခုတော့အဲ့ဒိလိုမဟုတ်ပြန်ဘူး..။ကာလသား/သမီး..လူပျို/အပျိုတွေကလည်းသူတို့စည်းနဲ့သူတို့..။ဒါမှသူတို့မင်္ဂလာ

ဆောင်ရင်ပြန်လာမှာလေ…..။ဒီလိုရည်ရွယ်ချက်တွေနဲ့လိုက်နေကြတဲ့မင်္ဂလာလက်ဖွဲ့တွေမင်္ဂလာဆောင်တစ်ခုတစ်ခုနဲတဲ့ကုန်ကျစရိတ်လား

ရွာဆိုတာကပုံမှန်ဝင်ငွေရှိတာမဟုတ်ဘူး။သီးနှံအဆင်ပြေမှ..။မိုးလေမှန်မှ။ပိုးမွှားကင်းမှ.။ပွဲစားကဈေးကောင်းပေးချိန်ကိုယ့်သီးနှံပေါ်နေမှငွေကြေး

အဆင်ပြေတာမျိုး..။အဲဒိလိုအဆင်ပြေတဲ့သူကရှားပါတယ်။မပြေလည်လို့အတိုးကြီးနဲ့ငွေရှာပြီးနိုင်ငံရပ်ရှားထွက်ရသူတွေအများကြီး..။ထွက်တို်င်း

ကောအဆင်ပြေပါ့မယ်လို့ဘယ်သူအာမခံနိုင်တာမှတ်လို့..။ထားပါသားသမီးနှစ်ယောက်ပဲရှိဦးလက်ဖွဲ့ကတင်သုံးလေးတောင်..ကိုယ်ဆီမှာအဆင်

သင့်မရှိရင်ဘယ်ကရှာမလဲ?ပိုက်ဆံရှာတယ်ဆိုတာကလဲထွက်ကျတဲ့ဟာလိုလမ်းပေါ်ဟိုကြည့်ဒီကြည့်ရှာလို့ရတာမျိုးမဟုတ်တော့ခက်သားလား

မပေါ်သေးတဲ့သီးနှံကိုရွာထဲကချစ်တီးဆီရောင်းလိုက်ရတာပေါ့..။သီးနှံပေါ်ချိန်ပေါ်မူတည်ပြီးဈေးကနှိမ်ခံလိုက်ပေါ့..။(သီးနှံပေါ်ချိန်ကနှစ်လလောက်

လိုသေးတယ်ဆိုရင်လက်ရှိပေါက်ဈေးရဲ့တစ်ဝက်လောက်ပဲရတယ်..။တစ်လလောက်ဆိုရင်တော့သုံးချိုးနှစ်ချိုးလောက်ရပါရဲ့)။သားသမီးများများ

မွေးထားမိတဲ့အိမ်ဆိုဘယ်နှဲ့လုပ်မလဲ။။မင်္ဂလာဆောင်ဝတ်ဖို့အသစ်လေးဘာလေးကလည်းလူငယ်တွေဆိုတော့ဝတ်ချင်ကြသေးတယ်..။

အဲဒိတော့သူများမင်္ဂလာဆောင်တစ်ဆောင်ဆိုရင်ကြွေးတစ်သောင်းကျော်လောက်တင်…။ရွာထဲမှာမင်္ဂလာဆောင်ဘယ်နှစ်ဆောင်လုပ်မယ်ဆိုတာ

ကြားကထဲကဒီနှစ်ကြွေးဘယ်လောက်တင်မယ်ဆိုတာတွက်လို့ရနေပြီ…။ကိုယ့်အလှည့်ကျပြန်ရမှာကဘယ်ဆီနေမှန်မသိဘူးခုတော့သူများလင်ယူ

မယားယူတာတစ်ရွာလုံးကမင်္ဂလာဆောင်ပေးနေရသလိုပဲ..။အဲဒါကြောင့်ဒင်းတို့မင်္ဂလာဆောင်မှာအရက်အဝတိုက်နိုင်တာ။မြို့ပေါ်ကအလှပြင်ခေါ်

တာ။ဓါတ်ပုံတွေရိုက်ကြ။ခုဆိုဗွီဒီယိုတဲ့..။ဘယ်တုန်းကဘယ်သူကဘယ်လောက်ကုန်တာအဲဒီထက်သာအောင်ဆောင်မယ်ဆိုတာမျိုးတွေချည့်ပဲ….။

ငွေလားပူစရာမလိုပါဘူး..။ရွာကဘယ်နှစ်အိမ်ရှိတာ..။စည်းနဲ့တွက်ရင်ဘယ်လောက်..ဆွေမျိုးတွေကပိုပြီးလက်ဖွဲ့ဦးမှာနဲ့ကာလသားစည်းနဲ့

ဆိုဘယ်လောက်တစ်ခါထဲတွက်ပြီးသား..။မြို့ပေါ်မိတ်နဲ့အခြားရွာတွေကဆွေမျိုးအပေါင်းအသင်းပေါရင်လူတစ်ရာကိုငါးဆယ်ပဲလာတစ်ယောက်

ဘယ်လောက်တွက်ပြီးသား..။ဟုတ်တယ်လေ…။ကိုယ့်ပိုက်ဆံနဲ့ကိုယ်မင်္ဂလာဆောင်ကြတာမှမဟုတ်တာ..။မြန်မာလူမျိုးတွေအရှက်မဲ့ပုံများပြော

ပါတယ်..။အရင်တုန်းကတော့ဒီလိုမဟုတ်ပါဘူး..။မင်္ဂလာဆောင်တယ်ဆိုတာနှစ်ဘက်မိဘကိုကန်တော့ယုံလောက်နဲ့ပဲပြီးသွားတတ်တာ..။

ဆွေမျိုးအပေါင်းအသင်းတွေကမင်္ဂလာဦးကာလအဆင်ပြေအောင်လိုအပ်တာလေးတွေဖြည့်စည်းပေးပြီးတတ်နိုင်သလောက်စုပြီးလက်ဖွဲ့လိုက်ကြ

တာမျိုး..။ချစ်စရာကောင်းတဲ့ဒီဓလေ့ကိုဈေးတွက်တွက်ပြီးဖျက်ဆီးပစ်လိုက်ကြပြီ..။ဒီအချိန်ရောက်လာရင်ဆင်းရဲတဲ့တောင်သူတောင်သားတွေ

ရဲ့ညည်းညူသံကြားလာရပြီ..။သူတို့စခဲ့တဲ့လက်ခံခဲ့တဲ့စရိုက်ဆိုးကိုသူတို့မခံစားနိုင်တော့ဘူး။ဘယ်သူကမှပြန်ဖျက်မပစ်နိုင်ကြတော့ဘူး..။

လည်စည်းခံယုံကလွဲပြီး……………..

(အဲဒိလိုစည်းဆိုတာထားတာမင်္ဂလာဆောင်တစ်ခုထဲမှာတင်မဟုတ်တော့ပါဘူး..။အသုဘ၊ရှင်ပြုနားသ၊နဲ့အခြားလူမှုရေးပွဲတွေမှာပါရောက်နေပါပြီ)

အဲဒါကြောင့်ဒီအချိန်ရောက်မှာကိုကျွန်တော်ကြောက်နေတာပါ..။

နောက်တစ်ခုရှိသေးတယ်..။ပြောလို့တော့မကောင်းဘူး..။ကိုယ်နဲ့လည်းမဆိုင်ပဲအခမဲ့ငရဲဝင်ယူလိုက်ဦးမယ်..။

ကျွန်တော်တို့မြို့ကတန်ဆောင်တိုင်မှာအပြိုင်အဆိုင်လှူကြတန်းကြ..။ပဒေသပင်တွေသီးကြပေါ့……..။

အဲဒိမှာလည်းသူများတွေနဲ့မတူတဲ့အမြင်ကိုပြောချင်သေးတယ်..။ဘာလဲဆိုတော့အပြိုင်အဆိုင်လှူကြတာကောင်းပါတယ်..။ငွေမတတ်နိုင်တဲ့

သူတွေကပါလိုက်ပြိုင်နေကြတဲ့ကိစ္စပါ..။အဲဒါကိုကျောင်းတွေကနေစပြောရမယ်..။ဒါမှရှင်းသွားမှာ

ကျောင်းတွေမှာထုံးစံတစ်ခုရှိပါတယ်..။တစ်ခန်းကိုပဒေသပင်တစ်ခုထွက်ရပါတယ်..။တစ်တန်းကိုမဟုတ်ဘူးနော်

တစ်ခန်းကိုပါ..။ဥပမာငါးတန်းကတန်းခွဲခြောက်ခန်းရှိရင်ခြောက်ခုထွက်ရတာပါ..။အဲဒါကိုကျောင်းသားတွေကစုပြီးကိုယ့်ပဒေသပင်ကိုယ်လုပ်ရတာ

တတ်နိုင်တဲ့ကျောင်းသားကတော့ကိုယ်တာထည့်ပေါ့..။မတတ်နိုင်တဲ့ကျောင်းသားကဘာလုပ်ရသလဲသိသလား?

မြို့ထဲကိုထွက်ပြီးအလှူခံရတာပါ..။သူ့အတန်းအလိုက်သူထွက်ကြတာပါ..။ထိန်းသိမ်းမဲ့သူမပါပါဘူး..။လူကြီးတွေပိုက်ဆံထည့်ချင်အောင်ကလေး

တွေခင်မျာဂုံနီအတ်ခွံတွေရှာပြီးအရုပ်ဝတ်စုံချုပ်ဝတ်ပြီးအမျိုးမျိုးသောကနည်းမျိုးစုံနဲ့အလှူခံကြရပါတယ်..။(အဲဒိအထဲမှာခင်ဗျားတို့သားသမီးတွေ

ညီ..လေးတွေပါနေရင်ဘယ်လိုခံစားရမလဲ..)

နောက်ကလေးတွေကိုတုပြီးရုံးတွေ..လူမှုရေးအဖွဲ့အစည်းတွေကပါသူတို့ရဲ့ကာစတန်မာတွေပေါ်မှာကထိန်ကြေးကောက်ပါတယ်..။

အလှူခံတာမဟုတ်ဘူးနော်..။တစ်ယောက်ကိုဘယ်လောက်ကောက်တာပါ..။ကလေးတွေကိုတော့မပြောတော့ပါဘူး..။သူတို့ကမသိလို့

သိတဲ့သူကမတားလို့….တားချင်တဲ့သူကလည်းတားဆီးနိုင်တဲ့အာဏာမရှိလို့…….ဒီသတောင့်သားတွေကိုတော့ပြောရလိမ့်မယ်..။

ကောက်လို့ရတဲ့ငွေအကုန်ထည့်လှူရဲ့လားလို့…….ပါ

နောက်ဆုံးတော့ကျွန်တော်ကသာဒီအချိန်ရောက်မှာကြောက်နေတာပါ..။မင်္ဂလာတွေလည်းဆောင်နေကပါပြီ

ကလေးတွေလည်းလမ်းကြိုလမ်းကြားမကျန်ဂုံနီအိတ်ဝတ်စုံနဲ့မမောနိုင်မပမ်းနိုင်ဂျွမ်းတွေထိုးပြီးအလှူခံနေကြပါပြီ

ဟိုအကောင်တွေလည်းအလှူခံကောက်ရငွေတွေရေနေကြပါပြီ..။

နောက်နှစ်တွေလည်းဒီလိုပဲရှိဦးမှာပဲ

ဒီလိုဓလေ့ဆိုးတွေကိုဘယ်သူမှလာပြီးမဖျက်ဆီကြတော့ဘူးလား?

နိုင်ငံတော်သစ်တစ်ရပ်ကို..ဒီလိုဓလေ့စရိုက်တွေနဲ့တည်ဆောက်ကြမှာလား?ခင်ဗျားကောဘယ်လိုသဘောရသလဲ

(အခုဖေါ်ပြလိုက်တာဒီရာသီလေးမှာတွေ့ရတဲ့အဖျက်လေးတွေပါ..တစ်နှစ်လုံးစောင့်ကြည့်ရင်တစ်နှစ်လုံးပြောစရာလေးတွေရှိနေတာပါ..။)

ကျေးဇူးတင်ပါတယ်။။

26 comments

  • weiwei

    November 11, 2010 at 12:44 pm

    ရုံးတွေမှာဆိုလဲ ခွဲတန်းနဲ့ မင်္ဂလာဆောင်က ဘယ်လောက် .. အသုဘက ဘယ်လောက် မဖြစ်မနေထည့်ရတယ် .. အဲဒီတော့ ဝန်ထမ်းမိသားစုတွေ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းနေရတယ် (အသုဘမဖြစ်အောင်)… မင်္ဂလာဆောင်ကတော့ ဆုတောင်းရင် ဝဋ်လည်မှာဆိုးလို့ ဆုမတောင်းရဲဘူး …

  • The Reds

    November 11, 2010 at 1:48 pm

    ဒီ ဓလေ. တွေ ကို ဖျက် ဆီး ဖို. က ကျွန် တော် တို. ခင်ဗျား တို. ကြိုး စား ဖို. လို တယ် … ပြီး ရင် ကျွန် တော်. တို. ခင်ဗျား တို. ရဲ. ညီ ၊ ညီမ ငယ် တွေ ကို အား ကိုး မ ပဲ ရ တော. မယ် …… ။

  • unclegyi1974

    November 11, 2010 at 2:43 pm

    နေဝန်းနီရေ မောင်ရင်ကစည်းတွေကိုပြောနေတာကိုး
    စည်းထားတာက မထားတာထက်ပိုကောင်းမယ်လို့
    အန်ကယ်ကထင်ပါတယ်
    ကျောင်းတွေမှာကထိန်အတွက်ကောက်ပြီးအကုန်လှူ
    မလှူကသက်ဆိုင်ရာဆရာ ဆရာမတွေသဘော
    ပေါ့ကွယ် ကိုယ့်အရိပ်ကိုယ့်နောက်ပါမှာပါ
    ကိုယ်ကစိတ်ပြတ်ပြီးတော့သာကလေးတွေအတွက်
    လှူပေးလိုက်ပါ ကိုယ့်စေတနာကိုယ့်အကျိုးပေးမယ်
    ဆိုတာအန်ကယ်ကယုံတယ်

  • naywoonni

    November 11, 2010 at 3:06 pm

    စည်းထားတာထက်ကိုစေတနာရှိသလောက်(တတ်နိုင်သလောက်ပဲလက်ဖွဲ့မယ်/လှူမယ်ဆိုရင်)ပဲထည့်ဝင်မယ်ဆိုရင်
    မကောင်းဘူးလားအန်ကယ်ကြီးရဲ့……..
    လူအများတာဝန်မပိုတော့ဘူးပေါ့………ကျောင်းသားလေးတွေကိုအပြစ်လုပ်မပြောပါဘူးအန်ကယ်..။သူတို့လေးတွေကို
    လွှတ်ထားတဲ့မိဘနဲ့ဆရာမတွေကိုပြောချင်တာပါ..။ကလေးတွေအလှူလာခံတဲ့ဗုံသံကိုကြားရရင်ကျွန်တော့စိတ်ထဲတစ်
    မျိုးကြီးဖြစ်လာလို့။။။ဒီပို့စ်ကိုချရေးတာပါ……ဟိုသတောင့်သားတွေကိုသာပြောတာ……..အကုန်သုံးမသုံးဆိုတာ

  • kopauk mandalay

    November 11, 2010 at 3:48 pm

    ကျနော်အမြင်ပြောရရင်တော့ ကို်ယ်လှူချင်ရင် ကိုယ်တတ်နိုင်သလောက်လှူ
    အကောင်းဆုံးပါ။
    ဒါပေမယ့် ကုသို်လ်အတူပါဝင်ရအောင်ဆိုတဲ့ မျက်နှာဖုံးစွတ်ပြီး
    နေရာတကာမှာ ကထိန် အလှူကြေးကို ဆက်ကြေး ၊ကောက်သလိုကောက်တာကတော့ ရပ်တန်းကရပ်သင့်ပါပြီ။
    လှူဒါန်းတယ်ဆိုတာ ကို်ယ်စိတ်ပါမှ စိတ်ပြတ်မှ ကိုယ်ဆန္ဒအလျှောက်လှူရတာ အကောင်းဆုံးပါ။
    မင်္ဂလာဆောင်ကတော့ ရှေးကတည်းက ဘဝကို အခုမှစတင်မယ့် ဇနီးမောင်နှံအတွက် ဝို်င်းဝန်းလို့ ကူညီတယ်လို့မြင်ပါတယ်။
    အကောင်းဆုံးကတော့ ကိုယ်နိုင်သလောက် ဆိုတာ အကောင်းဆုံးပါ။
    “သေရင်ကိုယ်နောက် ဒါလေးဘဲပါမှာ”ဆိုတဲ့ ခပ်တိမ်တိမ်အတွေးနဲ့ နောက်ဘဝစိတ်အေးရအောင် အခုဘဝကတည်းက ဘဏ်မှာငွေစုလက်မှတ်ဝယ်သလို အလှူအတန်းတွေလုပ်တာကိုတွေ့တော့ ရီချင်ပါတယ်။
    တစ်ခါတစ်လေမှာ” မရှိလို့ မလှူ မလှူလို့မရှိ”ဆိုတဲ့ဆောင်ပုဒ်ကိုဘန်ုးပြ
    ကုသို်လ်ရေးဆိုတာနဲ့ကိုင်ပေါက်လို့ ကာယကံရှင်မှာအဆင်ပြေလား မပြေလား မသိဘဲ ဇွတ်ကို ခွဲတမ်းချလို့အလှူခံတာတွေ့ မြင်ရတော့ စိတ်မောပါတယ်။
    ကျနော်ပြောတာ မှန်တယ်မှားတယ်လို့ ဘယ်သူ့ကိုမှ မမေးပါဘူး
    ဒါကတော့ ကျနော်ရင်ထဲမှာရှိတဲ့အတွေးပါ။
    ကျနော်ခံယူထားတာလေးကို ပြောပြတာပါ။

  • bigcat

    November 12, 2010 at 1:22 am

    အမှောင်ထုထဲမှာ ပျောက်နေတဲ့ ကွက်လပ်လေးတခုကို အနီရောင်နေလုံးကြီးက မီးမောင်းထိုးပြလိုက် သလိုပါပဲ။ စကားမစပ် မန်းလေးဂေဇက်အတွက် နှစ်သစ်ကူး အလှူငွေလေးများ ထည့်ဖို့စိတ်ကူးလေး မရှိဘူးလား။ ဆန္ဒရှိတယ်ဆိုရင် မကြာခင် အလှူငွေကောက်ပါ့မယ်။

    • ဆူး

      November 12, 2010 at 4:10 am

      အစီအစဉ် သေချာ ပြောပြရင်တော့ ကောင်းတာပေါ့… နှစ်သစ်ကူး အရက်သောက်ဖို့ ဆိုရင်တော့.. လှူဘူး.. ကိုယ်ဟာကို တောင် သီလ လုံအောင် မနဲ နေရတာ.. သူများ သီလပျက်တဲ့ အလှူမျိုးဆို.. ရှောင်ကျဉ်ပါ၏

  • kopauk mandalay

    November 12, 2010 at 2:20 am

    သဒ္ဒါကြေးဆိုရင်တော့ ရတယ်လေ ။
    ပြောထားပြီးသားနော်

  • cherrywine

    November 12, 2010 at 4:09 am

    ကိုပေါက်ရေ သဒါ္ဒကြေးလို့တော့ ပြောကောတ်ကြတာပါပဲ။ဒါပေမဲ့ 1000 အောက် မနည်းစေနဲ့နော်လို့ထပ်ပြောလိုက်တော့ ဘာပြောရမှန်းတောင် မသိ တော့ပါဘူး။ရုံးမှာဆိုရင် သန့်ရှင်းရေးဝန်ထမ်းရဲ့မိန်းမ ကလေး မွေးတာလဲ သဒ္ဒါကြေးလေး ထည့်ပါအုံး၊ သန့်ရှင်းရေးဝန်ထမ်းမိန်းမကြီး ကိုယ်ဝန်ပျက်ကျ တာလဲ သဒ္ဒါကြေးလေး ထည့်ပါအုံးနဲ့ ဒီကြားထဲ ဂိုဒေါင်ကကောင်လေးတွေစုပြီးအရက်သွားသောက်တာ အပြန်မှာမူးပြီး ကားလမ်းပေါ်တက်အိပ်တာကားတက်ကြိတ်လို့ဆေးရုံရောက်တယ်လေ၊အဲ့ဒါလည်း သဒ္ဒါကြေးလေး ပဲဆိုတော့ … ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဖြစ်နေပြီဗျို့

  • ဆူး

    November 12, 2010 at 4:15 am

    အဝေးသင် တက္ကသိုလ် ပထမနှစ် စာမေးပွဲ ဖြေတုန်းကလည်း တနေ့ကို သဒ္ဒါကြေး ၅၀ဝ ပေးရတယ်။ စာဖတ်ရတာ စိတ်ညစ်လာလို့ နောက်နေ့တွေ စာဖတ်ပြီး ဖြေရတာ မတန်ဘူး ဆိုပြီး စာမဖတ်ဘဲ သွားလိုက်တာဘဲ.. ကိုယ်ပိုင် မရှိလည်း ဘေးက သူငယ်ချင်းက သူပြီါ်ရင် လှမ်းပေးတယ်။ တနေ့ ၅၀ဝ နော်.. အခု ဘယ်ဈေးပေါက်လဲ တော့ သိဘူး

  • naywoonni

    November 12, 2010 at 10:48 am

    bigcat !ခင်ဗျား
    အလှူငွေကဘယ်ကဘယ်လိုပို့ရမှာလဲ
    ဘာတွေလုပ်ကြမလဲ…ပြောကြဦးလေ
    ခုခောတ်ငွေကြေးအတိုင်းအတာအရတော့တစ်ထောင်ထက်လျှော့ထည့်မဲ့သူတော့မရှိလောက်ပါဘူး
    အဲ…ခုနောက်ကျွန်တော်တင်မဲ့ပို့စ်ထဲကလိုတော့မလုပ်နဲ့ပေါ့ဗျာ
    နောက်တာနော်

  • ဆူး

    November 12, 2010 at 10:55 am

    ဦးလေးကြောင်ကြီး ဆီ လှူချင်ရင် အဘခိုင်ဆီက နေတဆင့် ပွိုင့်လှူလိုက်ပေါ့.. လွယ်လွယ်လေး

  • Aunti Moe

    November 12, 2010 at 1:48 pm

    နေဝန်းနီရေ
    တီမိုးတို့ကတော့ ချွေးနည်းစာ… တနှစ်စာရှာလို့ရတာလေးတွေကို ကလေးတွေနဲ့ စည်စည်ကားကား လှူချင်တာတခုတည်းပါနော်။
    တောက ကလေးတွေဆိုပေမဲ့ သဒ္ဓါတရားရှိကြပါတယ်။
    စေတနာရှင်အားလုံးရဲ့ လှူဒါန်းငွေတွေဟာ တနှစ်ကို မနည်းပါ။
    ဥပမာ……….
    နယ်ကျောင်းပေမယ့် ကထိန်တခါခင်းရင် သိန်း၃ဝလောက်ကျပါတယ်။
    အခြေခံကျောင်းတစ်ကျောင်းသိန်း၃၀x ? ကျောင်းx တနှစ်၂ကြိမ်(ဝါဆို၊ ကထိန်) x ? မြို့နယ်x ?ပြည်နယ်တိုင်းဒေသကြီး=ပညာရေးဋ္ဌာနမှ သာသနာ၃ရပ်အတွက် လှူဒါန်းငွေ။

    အဲဒီနေ့မှာ ပညာရေးမှူးတွေ၊ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသားတွေ အားလုံးက
    ံ၉ပါးသီလဆောက်တည်မယ်ဆိုရင် စားသုံးစားရိတ်ကုန်ကျငွေမရှိလို့ လှူဒါန်းငွေတွေ ဆတိုးလာဦးမယ်။
    ဒါတွေအားလုံးကို စာသင်တိုက်တွေအတွက် ဆွမ်းပဒေသာပင် လှူဒါန်းမယ်…………
    ………………………..မယ်။
    ………………………မယ်။
    ………….မယ်။
    ………
    …..ရင်လို့တွေးနေမိတာပါ။

  • naywoonni

    November 12, 2010 at 2:47 pm

    ကျွန်တော်အဓိကပြောချင်တာကမင်္ဂလာဆောင်တွေအကြောင်းပါ………။
    ကျွန်တော်တို့ဆီမှာကလေးတွေအလှူထွက်ခံခိုင်းတာမကြည့်ရက်မကြားရက
    ်လို့ထည့်ရေးဖြစ်မိတာပါ……….ပို့တင်နေတုန်းကိုကလေးတွေအလှူခံနေတဲ့
    ဗုံသံကကြားနေရတုန်းညနေ6နာရီထိုးတော့မယ်မပြန်ကြရသေးဘူး………….
    ထွက်ကြည့်တော့ခြောက်တန်းကျောင်းသားထက်မပိုဘူးအရွယ်တွေက
    အဝေးပြေးကားလမ်းပေါ်မှာလေ…..ကားတွေဆိုင်ကယ်တွေနဲ့မတော်တစ်ဆ
    ထိခိုက်မိရင်ဘယ်လိုလုပ်မလဲ?ကျွန်တော်မှာလည်းဒီလိုမလုပ်ပါနဲ့လို့တား
    ပိုင်ခွင့်မရှိဘူးလေ……..လုပ်ပိုင်ခွင့်ရှိတာကတင်နေတဲ့ပိုစ့်ထဲထည့်ရေးတာပဲ
    လုပ်နိုင်တယ်လေ……။.်မနေ့ကတင်တဲ့ပိုစ့်မှာအဲဒိအကြောင်းပါသွားလို့
    ကျွန်တော်ရေးချင်တာလေးတွေကျန်သွားတယ်..။ဒီနေ့ပြည့်စုံအောင်အားထုတ်
    ပြီးတင်ပေးထားပါတယ်……….။

  • winkyawaung

    November 13, 2010 at 2:16 am

    သဒ္ဒါရင်တော့ လှူကြပေါ့..။ လူမူရေး ဆိုတာကလည်း သာရေး၊ နာရေး အပြန် အလှန် အလှည့်ကျ ထည့်ကြရမှာပဲလေ..။ ရုံးတွေ ကျောင်းတွေက မိုက်ကြေးခွဲတမ်းနဲ့ အလှူခံတွေကလည်း မကင်းတော့ ကောင်းအောင် ပေးလှူနေကြရမှာပဲ..။

  • naywoonni

    November 13, 2010 at 8:23 am

    အဲဒိခွဲတမ်းဆိုတာကအရင်စနစ်ဟောင်းရဲ့အမွေလေ
    ဆက်ခံနေကြတာ…….စနစ်ကိုမကြိုက်ဘူးဆိုတဲ့သူတွေကခွဲတမ်းဆိုတဲ့စကားပိုပြောကြတယ်
    မယုံရင်လိုက်ကြည့်ကြည့်

  • naywoonni

    November 13, 2010 at 3:09 pm

    bigcat ခင်ဗျား
    ကျွန်တောရုပ်ရုင်တွေVDOတွေထဲမှာကြည့်ဖူးတာကတော့(တရုပ်တို့ကိုရီယားတို့ပေါ့)
    ထမင်းကနဲနဲနဲ့ဟင်းအဝစားကြတာပေါ့ဗျာ…ကျွန်တို့မြန်မာတွေကျတော့ဟင်းနဲနဲနဲ့
    ထမင်းအဝစားကြတာဗျ….ဘာလို့လဲ..သိနိုင်မဲ့သူတွေရောက်ဖူးတဲ့သူတွေလိုက်မေး
    ကြည့်တယ်..။ဟုတ်မဟုတ်တော့မသိလူးပေါ့ဗျာသူတို့အပြောပေါ့…
    တို့တိုင်းပြည်ကဆန်ပေါတာကိုကွ..သူတို့ကနိုင်ငံခြားကဝယ်စားရတာထမင်းချည့်အဝ
    စားပစ်ရင်နိုင်ငံခြားကဆန်ပိုဝယ်ရမှာစိုးလို့အတိုင်းအဆနဲ့စားကြတာ……….
    ဒီမှာတော့မဟုတ်ပါဘူး…ပိုပိုမိုမိုချက်စားကြတယ်အဝစားလို့ပိုရင်လည်းပက်ပစ်ဖို့ဝန်
    မလေးကြဘူးသူများဆီကဝယ်စားရတာမဟုတ်လို့တန်ဘိုးမထားကြဘူးလို့ပြောကြ
    တယ်ဗျ…အဲဒါဘယ်လောက်အထိမှန်သလဲပြောပြပါဦး…….
    ပိုက်ဆံကောက်တာမဟုတ်ဖူးဗျို့တစ်အိမ်ဘယ်လောက်ထည့်ရမယ်ဆိုပြီး
    စည်းကမ်းသတ်မှတ်ထားကြတာ…အကြွေးမှတ်လို့လည်းမရဘူးဗျ…မရှိရင်
    အတိုးနဲ့ဖြစ်ဖြစ်…သီးနှံကြိုရောင်းပြီးဖြစ်ဖြစ်ထည့်ဝင်လှူဒါန်းသည်ပေါ့ဗျာ
    မင်္ဂလာဆောင်ဆိုလည်းလက်ဖွဲသည်ပေါ့….။သူလှည့်ထဲမှကိုယ့်အလည့်ပြန်လာမယ်ဆိုတဲ့
    သဘောမျိုးနဲ့လုပ်ကြတာ….ကိုယ်ထည့်ရမယ့်အလှည့်ရောက်ရင်ကိုယ့်တုန်းကသူဘယ်လောက်
    ထည့်ထားသလဲစာရင်းထဲပြန်ကြည့်ပြီးပြန်ထည့်ရတာ…ကိုယ်လှူတုန်းကလာမထားရင်သူ့အလှည့်
    မထည့်ပဲလည်းနေခွင့်ရှိတယ်ဗျ….သူ့စည်းကမ်းနဲ့သူတော့ဟုတ်နေတာပဲ

  • naywoonni

    November 14, 2010 at 4:49 pm

    ကလေးတွေကတော့ဒီကနေ့အထိ…ကထိန်အတွက်ကြိုးစားနေကြတုန်းပဲ
    မင်္ဂလာဆောင်တွေကလည်းခြိမ်ြ့ခိမ့်သဲကျင်းပနေကြတုန်း…………………
    ဘာတွေပဲဖြစ်ဖြစ်နောက်နှစ်ဆယ်ရက်လောက်ဆိုနားသွားကြမှာပါ
    ဘာလို့လဲဆိုတော့မင်္ဂလာဆောင်ကြောက်တဲ့နတ်တော်ရောက်တော့မှာမို့ပါပဲ
    အဲဒိလိုအယူသီးကြလို့သာနော်နို့မို့ဆိုမလွယ်ဘူး…..။ဒီနေ့ကျောင်းတုန်းကဆရာတစ်ယောက်နဲ့တွေ့တော့
    တစ်နှစ်လုံးမှာ6လပဲမင်္ဂလာဆောင်ကောင်းတယ်လို့ပြောလို့သာ…တစ်နှစ်လုံးသာဆောင်ကြရင်တော့လခကျန်မှာ
    မဟုတ်ဘူးတဲ့လေ………..လူမှုရေးကလူလိုနားမလည်ဘူး…ဆန်အိုးထဲဆန်မရှိတာလိုက်မကြည့်ဘူးလို့ပြောသွားလို့
    ရယ်ရမလားစိတ်မောရမလားဖြစ်နေတာ……..

  • chityaaung

    November 15, 2010 at 10:49 am

    ခွဲတမ်းချတာလားအလှူခံတာလား။နားထောင်ကောင်းအောင်အလှူခံတယ်အလှူထည့်ဝင်တယ်ပေါ့ဗျာ……….
    ကျွန်တော်သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ…..လ္ဘက်ရည်ဆိုင်လေးဖွင့်ထားတယ်….အဲဒိတော့ကထိန်အလှူလာခံကြတာပေါ့
    ရိုးရိုးမခံဘူး…။သင်္ကန်းလေးတစ်စုံလောက်ထည့်ပါတဲ့…။ကဲ…ဟိုကဒီကလ္ဘက်ရည်ဆိုင်နဲ့ပတ်သက်တဲ့ဌာနတွေကလာကြ
    တာနဲတာမှမဟုတ်တာ…..ဒီတော့ဒီကောင်ကဘာလုပ်သလဲသိလား?သူ့ဆိုင်နားမှာကျောင်းတစ်ကျောင်ရှိသတဲ့
    ကိုရင်လေးတွေကဈေးထဲကိုသင်္ကန်းသွားသွားသွင်းနေတာတွေတော့ဘယ်လောက်ရလဲမေးပြီးလာသမျှပြန်ဝယ်ထား
    လိုက်သတဲ့လေ……..ပြောကြစမ်းသင်္ကန်းထည့်ပါလို့….ကပြီးထည့်လိုက်ပါသတဲ့..မှတ်ကရောပဲ
    ကျွန်တော်ကမင်းကွာ……..လို့ပြောတော့”ဟ…ငါကရောင်းစားဖို့ပြန်ဝယ်တာမဟုတ်ဘူး….သင်္ကန်းကြိုက်တဲ့သူတွေ
    စိတ်ချမ်းသားအောင်လုပ်လိုက်ရတာပဲ…ဈေးထဲကသွားဝယ်ရရင်လေးငါးခြောက်ထောင်အနဲဆုံး…တစ်စုံဘိုးကခုဆို
    လေးစုံလောက်ရတာ….ငါကကြားထဲကမယူလည်းဈေးထဲရောက်သွားပြီးအမြတ်နဲ့ပြန်ဝယ်ရမဲ့ဟာလေကွာ……..”တဲ့
    လေ……..ခင်ဗျားတို့ကောဘယ်လိုသဘောရလဲ?

  • naywoonni

    November 17, 2010 at 9:51 am

    15-11-2010..နေ့ကကျွန်တော့တင်တဲ့ပိုစ်လေးပျောက်သွားတယ်ဗျီု့
    တွေ့ရင်ပြန်ပေးကြပါ….။
    အငြိမ့်လေးတစ်ခုသဘောကျလို့တင်လိုက်တာလေ…
    အဲဒိအထဲမှာအလှူခံအကြောင်းလေးပါလို့ဗျ…
    ပုဂံဘုရားတွေက..ရုပ်ရှင်တို့ဗွီဒီယိုတို့လာရိုက်ရင်အလှူငွေကိုသိန်းဆယ်နဲ့ချီပြီကောက်တဲ့အကြောင်းပြက်လုံးထုတ်တားတာ
    အနော်ရထာမင်းကြီးကောအဲဒါသိရဲ့လားတဲ့လေ……နောက်တစ်ယောက်ကဘာပြောလိုက်တယ်ထင်လဲ?
    ပေါ်လစီဇာတ်ကားနဲ့တိုးတော့အလှူငွေတစ်ပြားမှမရဘူးတဲ့လေ……………
    ကျွန်တော်တို့ကအလှူငွေကောက်တာကိုအသေးအဖွဲလေးတွေလိုက်ပြောနေတာ
    ခုတော့အငြိမ့်က….ပြက်လုံးထဲရောက်သွားပြန်ပြီ

  • naywoon ni

    November 10, 2013 at 10:18 am

    ဝူး ​ပြောင်​းလဲမယ်​ဆိုတဲ့ပညာ​ရေး က​လေး​တွေ စာသင်​ချိဖျက်​ပြီး အလှူခံထွက်​​နေကြပါ​ရောလား ကထိန်​နီးလာ​တော့ ကထိန်​​ကြေးမထည်​့နိုင်​တဲ့က​လေး​တွေ သနားစရာ

  • ကပ္ပိယ သာဒင်​

    November 10, 2013 at 2:36 pm

    ပ​ဒေသာပင်​​တွေပြိုင်​​နေကြတာက်ိုး
    ဘုရားလက်​ထက်​ကလို သင်္ကန်​း တစ်​ထည်​နဲ့ခင်​းရင်​ဒီလိုအဖြစ်​​တွေမရှိနိုင်​ဘူး

  • sorrow weaver

    November 10, 2013 at 5:44 pm

    ကျော်ပါဘူး..အဲ့ထဲ ..ကျော်မိန်းမယူရင် လက်ဖွဲ့ခြင်းသည်းခံပါလို့…လုပ်မှာ…ချမ်းသာလွန်းလို့တော့မဟုတ်….ကွကိုယ် ခြင်ထောင်ထောင်ချင်တာ လူများကိုအပူမကပ်ဘူး .. အဟိဟိ ..

  • alinsett

    November 10, 2013 at 6:05 pm

    ကျွန်တော်ကတော့
    လက်မဖွဲ့ခြင်းသီးခံပါ လို ့ဖိတ်စာထဲ ထည့်ရေးရင် ကောင်းမလားလို ့

    အဟီးး

Leave a Reply