ရှမ်းနဲ့ ရခိုင်ပါတီများ အနိုင်ရမှု အခြေအနေ

Good IdeaNovember 11, 20101min680

ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက  မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က  မဲဆန္ဒနယ် ၅ရ ခုမှာ အနိုင်ရသွာတယ်လို့ ရန်ကုန်မြို့ရှိ ကျားဖြူပါတီ ရုံးချုပ်က ပါတီဝင် တဦးက ပြောပါတယ်။

ကျားဖြူပါတီဟာ ကျောက်မဲမှာရှိတဲ့ မဲဆန္ဒနယ် အားလုံးအပါအဝင် အခြားမြို့တွေက ပြည်သူ့လွှတ်တော်နဲ့ မြည်နယ်လွှတ်တော်တွေမှာ အများဆုံး အနိုင်ရတယ်လို့ သိရပါတယ်။

ကျားဖြူပါတီဟာ ဒီရွေးကောက်ပွဲမှာ အမတ်လောင်း ၁၅ရ ဦး ဝင်ပြိုင်ထားပြီးတော့ စတုတ္ထမြောက် အမတ်လောင်း အများဆုံးဝင်ပြိုင်တဲ့ပါတီ ဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတိ – RNDP ကတော့ စုစုပေါင်း အမတ်လောင်း ၄၄ ယောက်ဝင်ပြိုင်တာ ၃၅ ယောက် အနိုင်ရခဲတဲ့အတွက် ၇၉. ၅၄ ရာခိုင်နှုန်း အနိုင်ရခဲ့ပါတယ်။

ရခိုင်ပြည်နယ်က စစ်တွေ၊ မင်းပြား၊ ကျောက်ဖြူ၊ ပုဏားကျွန်း၊ မြေပုံ၊ ရသေ့တောင်၊ ပေါက်တော၊ မြောက်ဦးနှင့် ကျောက်တော်စတဲ့ ၉ မြို့နယ်က ရှိသမျှ မဲဆန္ဒနယ်တွေ အကုန်လုံး RNDP  က နိုင်သွားပါတယ်။ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသား လူမျိုးစုလွှတ်တော်မှာတော့ ဦးဇော်အေးမောင်က အနိုင်ရခဲ့ပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်မှာတော့ ရခိုင်ပါတီ RNDP က အများဆုံးအနိုင်ရတဲ့ ပါတီ ဖြစ်သွားပါပြီ။ ဒါပေမယ့် လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ဝင်နေရာယူမယ့်အတွက်ကြောင့် ရခိုင်ပါတီကလူတွေ ပြည်နယ် ဝန်ကြီးလည်း ဖြစ်ဖို့ မရှိသလို လွှတ်တော်ထဲမှာလည်း အတိုက်အခံ ပါတီလောက်သာ လုပ်နိုင်မယ့် အခြေအနေ ရှိပါတယ်။

နောက်ထပ်သိရတဲ့ ရွေးကောက်ပွဲသတင်းတွေကိုလည်း တင်ဆက်ပေးသွားပါဦးမယ်။

အားလုံးကို လေးစားလျှက်…

Good Idea