ကရင်နီပြည် မဲရုံတွင် ယမန်နေ့က လူနည်း၊ နေရာဒေသ အများအပြား ကြိုတင်မဲကြောင့်ဟုဆို

ဆုံဆည်းရာ ၁၁ ရက် နိုဝင်ဘာလ ၂၀၁၀

မြန်မာစံတော်ချိန်…..ညနေ ၄ နာရီ ၁၀ မိနစ်
———————————————————————–

ညနေ(၄ နာရီ ၁ မိနစ်) ရှမ်းပြည်အတွင်းရှိ နအဖ တပ်ရင်းများ ကရင်နီပြည်တွင်းသို့ စစ်ဆင်ရေး စတင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ နအဖ စစ်တပ်မှ တပ်မ ၅၅ လက်အောက်ခံ ခမရ ၅၁၂၊ ခမရ ၅၁၁နှင့် ခမရ ၅၁၇တို့ ဖြစ်ကြပြီး လွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်အတွင်း ကရင်နီတပ်မတော်များ လှုပ်ရှားနေသည့် ဒေသများ၌ နယ်မြေရှင်းလင်းရေး စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။ (ကိုးကား – ကန္တာရ၀တီတိုင်း(မ်))

နေ့လည်(၁ နာရီ ၁၀ မိနစ်) နေပြည်တော်ကို ကယန်းပြည်သစ်မှ လူငယ်များ ဗုံးဖောက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် နေပြည်တော်နဲ့ နယ်မြေချင်းနီးသည် ကယန်းပြည်သစ် နယ်မြေကို နအဖစစ်တပ်မှ စစ်ကြောင်းသုံးကြောင်းဖြင့် နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

နေ့လည်(၁၂ နာရီ ၁၀ မိနစ်) လတ်တလော ရောက်ရှိလာတဲ့ သတင်းများအရ မဲသဝေါလမ်းတွင် နအဖ စစ်တပ်များနဲ့ ကေအန်ယူ စစ်တပ်များ တိုက်ပွဲများ ဖြစ်နေကြောင်း သိရှိရသည်။

နေ့လည်(၁၂ နာရီ ၅ မိနစ်) ယမန်နေ့က ဖာမွန်မြို့နယ် အနောက်မြောက်ဖက် မဲ့သရွတ်တွင် စခန်းထိုင်ထားသော နအဖ အခြေစိုက်စခန်းတခုဖြစ်တဲ့ ခမရ ၃၄၀ ကို ကေအန်ယူ (ကေအန်အယ်အေ) အထူးတပ်ရင်း ၁၀၂ မှ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်။ ထို့အပြင် ဘီလင်းမြို့အတွင်းမှာရှိတဲ့ ကျွန်းပင်ဝင်း၊ ၀င်းမောင်း မှာရှိတဲ့ နအဖ စစ်တပ်နဲ့ (BDF) နယ်ခြားစောင့်တပ် စခန်းတွေကို ကေအန်ယူ (ကေအန်အယ်အေ) အထူးတပ်ရင်း ၁၀၂ မှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ဆုံဆည်းရာ ၁၁ ရက် နိုဝင်ဘာလ ၂၀၁၀

မြန်မာစံတော်ချိန်…..ညနေ ၄ နာရီ ၁၀ မိနစ်
———————————————————————–

ညနေ(၄ နာရီ ၁ မိနစ်) ရှမ်းပြည်အတွင်းရှိ နအဖ တပ်ရင်းများ ကရင်နီပြည်တွင်းသို့ စစ်ဆင်ရေး စတင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ နအဖ စစ်တပ်မှ တပ်မ ၅၅ လက်အောက်ခံ ခမရ ၅၁၂၊ ခမရ ၅၁၁နှင့် ခမရ ၅၁၇တို့ ဖြစ်ကြပြီး လွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်အတွင်း ကရင်နီတပ်မတော်များ လှုပ်ရှားနေသည့် ဒေသများ၌ နယ်မြေရှင်းလင်းရေး စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။ (ကိုးကား – ကန္တာရ၀တီတိုင်း(မ်))

နေ့လည်(၁ နာရီ ၁၀ မိနစ်) နေပြည်တော်ကို ကယန်းပြည်သစ်မှ လူငယ်များ ဗုံးဖောက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် နေပြည်တော်နဲ့ နယ်မြေချင်းနီးသည် ကယန်းပြည်သစ် နယ်မြေကို နအဖစစ်တပ်မှ စစ်ကြောင်းသုံးကြောင်းဖြင့် နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

နေ့လည်(၁၂ နာရီ ၁၀ မိနစ်) လတ်တလော ရောက်ရှိလာတဲ့ သတင်းများအရ မဲသဝေါလမ်းတွင် နအဖ စစ်တပ်များနဲ့ ကေအန်ယူ စစ်တပ်များ တိုက်ပွဲများ ဖြစ်နေကြောင်း သိရှိရသည်။

နေ့လည်(၁၂ နာရီ ၅ မိနစ်) ယမန်နေ့က ဖာမွန်မြို့နယ် အနောက်မြောက်ဖက် မဲ့သရွတ်တွင် စခန်းထိုင်ထားသော နအဖ အခြေစိုက်စခန်းတခုဖြစ်တဲ့ ခမရ ၃၄၀ ကို ကေအန်ယူ (ကေအန်အယ်အေ) အထူးတပ်ရင်း ၁၀၂ မှ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်။ ထို့အပြင် ဘီလင်းမြို့အတွင်းမှာရှိတဲ့ ကျွန်းပင်ဝင်း၊ ၀င်းမောင်း မှာရှိတဲ့ နအဖ စစ်တပ်နဲ့ (BDF) နယ်ခြားစောင့်တပ် စခန်းတွေကို ကေအန်ယူ (ကေအန်အယ်အေ) အထူးတပ်ရင်း ၁၀၂ မှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ပွန်ချောင်းတံတားတိုက်ခိုက်စဉ်က တပ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပုံ (ဓါတ်ပုံ-ဗိုလ်ကြီးညားရယ်-G1)

ပွန်ချောင်းတံတားတိုက်ခိုက်စဉ်က တပ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပုံ (ဓါတ်ပုံ-ဗိုလ်ကြီးညားရယ်-G1)

http://i52.tinypic.com/34taafk.jpg
Following fierce fighting between Karen rebels and Burmese troops, thousands of Burmese civilians fled across the border into Thailand taking refuge at a shelter for displaced people in Sangkhla Buri, Kanchanaburi province. Video by Somchai Poomlard.
Ref:bangkok post

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး