ဖျားတဲ့ညနေ

naywoon niNovember 11, 20101min813

တိမ်နွယ်မဲယှက်
အမြင်အာရုံပျက်သုန်း
အရှုံးပေးလိုက်ရတော့မလို
တစ်ခဏမှာပဲ
ငါနဲံ့နီးကပ်စွာပေါ်လာခဲ့
သူမရဲ့လဝန်မျက်နှာကြောင့်လေ…..။။
တည်ငြိမ်မှုစွမ်းအားပျက်ယွင်း
ဒီရေအလား
ရင်ခုန်သံတွေတိုးလာခဲ့ပြီ….။။
တူထုနှက်သံ
ရေကျသံကြား
စူးရှရှသူမရဲ့ကိုယ်ပိုင်သံစဉ်တစ်ခုနဲံ့
ငါ့ရင်မှာ……..
စွဲလမ်းမှုပန်းချီကားချပ်တစ်ခု
ရေးဆွဲတားမိပြန်ပေါ့…….။
တစ်ချက်….
တိမ်မျှင်နွယ်မည်း
ရင်ခုန်ဆဲမှာ
လမင်းကိုဖုန်းအုပ်
အလုပ်ရှုပ်နေကြပြန်ပေါ့…….။
နဖူးပေါ်ကဆံစများ
သိမ်းမဖယ်သော်ငြား
ကပိုကရိုသူမရဲ့အလှကြား
ငါဖျားသွားပြီ
ငါဖျားသွားလေပြီ……..။။။

နေဝန်းနီ

3 comments

  • kopauk mandalay

    November 12, 2010 at 2:20 am

    ဖျားရင် ဘိုင်အိုဂျက်ဆစ်သောက်ပါ။

  • ဆူး

    November 12, 2010 at 4:11 am

    အပူကြီးရင် ရေခဲတုံးဖက်အိပ်လိုက်ပါလား..

  • nyeinwailwin

    November 12, 2010 at 4:23 am

    “နဖူးပေါ်ကဆံစများ
    သိမ်းမဖယ်သော်ငြား
    ကပိုကရိုသူမရဲ့အလှကြား
    ငါဖျားသွားပြီ
    ငါဖျားသွားလေပြီ……..။။။ ” ….. ဒီအပိုဒ်လေးကို သဘောအကျဆုံးပဲ …

Leave a Reply